ဆူဒန်နိုင်ငံ ဘလူးနိုင်းပြည်နယ်မှာ အသစ်ပြန်လည်ဖြစ်ပွားနေတဲ့ လူမျိုးရေးပဋိပက္ခများအတွင်း အနည်းဆုံး လူ ၁၃ ဦး သေဆုံး

 285

ရောင်နီ (NP News) – အောက်တိုဘာ ၁၈

ဆူဒန်နိုင်ငံတောင်ပိုင်း ဘလူးနိုင်းပြည်နယ်မှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခကြောင့် လူ ၁၃ ဦးထက်မနည်း သေဆုံးပြီး ၂၄ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

ဝတ်ဒ်အဲလ်မာဟီ ဒေသရှိ Dam Town 6 အနီးမှာ အောက်တိုဘာလ ၁၃ ရက်၊ ကြသပတေးနေ့က မြေယာ အငြင်းပွားမှုတစ်ခုအတွင်း ဟာမာ့ဂ်ျလူမျိုး ၂ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာညှိနှိုင်းရေးရုံးမှ အောက်တိုဘာလ ၁၇ ရက်၊ တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါသတ်ဖြတ်မှုများဟာ လေးရက်ကြာ ကြာမြင့်ခဲ့ပြီး တမ်မြို့ဒေသရှိ ဟွာဆာမျိုးနွယ်စုနဲ့ အခြားသော မျိုးနွယ်စု များကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရပါတယ်။
အစီရင်ခံချက်များအရ ခန့်မှန်းခြေ လူပေါင်း ၁၂ဝဝ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး Dam Town 6 ရှိ စာသင်ကျောင်းများနဲ့ ဒုက္ခသည်စခန်းများမှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

တင်းမာမှုအခြေအနေကြောင့် မြို့တွင်းရှိ ဈေးများနဲ့ အစိုးရရုံးများ ပိတ်ထားရပြီး ဒေသခံများရဲ့ နေ့စဉ်လိုအပ်ချက် ပစ္စည်းတွေ ဝယ်ယူဖို့အတွက်လည်း လက်လှမ်းမမီနိုင် ဖြစ်နေပါတယ်။ လက်စားချေတိုက်ခိုက်မှုတွေကြောင့် နောက်ထပ်မငြိမ်မသက်မှုတွေ ဖြစ်လာနိုင်တာကြောင့် ဝတ်ဒ်အဲလ်မာဟီ မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေချထားပြီး ပြည်နယ်အာဏာပိုင်တွေက ဒေသအတွင်း သွားလာလှုပ်ရှားမှုတွေကို တားမြစ်ထားတယ်လို့ ကုလသမဂ္ဂအေဂျင်စီ က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင်လမှစ ဟူဆာနဲ့ ဟာမာ့ဂ်ျ မျိုးနွယ်စုများကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အောက်တိုဘာလ ၆ ရက်နေ့အထိ တိုက်ပွဲများအတွင်း လူ ၁၄၉ ဦး သေဆုံးခဲ့ပါတယ်။ ယင်းအချိန်မှစ အနည်းဆုံး လူ ၁၂၄ ဦး ဒဏ်ရာရခဲ့ပြီး လူပေါင်း ၆၄၈ဝဝ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

မျိုးနွယ်စုနှစ်စုမှ ခေါင်းဆောင်များဟာ သြဂုတ်လအစောပိုင်းက တိုက်ပွဲများရပ်တန့်ရန် သဘောတူညီချက်တစ်ရပ် မှာ လက်မှတ်ရေးထိုးခဲ့ကြပေမယ့်လည်း အာရူဆာရစ် နဲ့ ဝတ်ဒ်အဲလ်မာဟီဒေသများမှာ စက်တင်ဘာလမှစ တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ဘလူးနိုင်းပြည်နယ်မှာ တိုက်ပွဲအရှိန်အဟုန်သစ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်မှု တွေအပေါ် အစိုးရရဲ့တုံ့ပြန်မှုကင်းမဲ့မှုကို ဆန့်ကျင်ကန့်ကွက်ဖို့ အခြားပြည်နယ်များမှာ လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတဲ့ ပြင်းထန်တဲ့ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
Zawgyi Version;
ဆူဒန္ႏိုင္ငံ ဘလူးႏိုင္းျပည္နယ္မွာ အသစ္ျပန္လည္ျဖစ္ပြားေနတဲ့ လူမ်ိဳးေရးပဋိပကၡမ်ားအတြင္း အနည္းဆုံး လူ ၁၃ ဦး ေသဆုံး
ေရာင္နီ (NP News) – ေအာက္တိုဘာ ၁၈

ဆူဒန္ႏိုင္ငံေတာင္ပိုင္း ဘလူးႏိုင္းျပည္နယ္မွာ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ျဖစ္ပြားခဲ့တဲ့ လူမ်ိဳးေရးပဋိပကၡေၾကာင့္ လူ ၁၃ ဦးထက္မနည္း ေသဆုံးၿပီး ၂၄ ဦးေက်ာ္ ဒဏ္ရာရရွိခဲ့ေၾကာင္း ကုလသမဂၢက ေျပာၾကားခဲ့ပါတယ္။

ဝတ္ဒ္အဲလ္မာဟီ ေဒသရွိ Dam Town 6 အနီးမွာ ေအာက္တိုဘာလ ၁၃ ရက္၊ ၾကသပေတးေန႔က ေျမယာ အျငင္းပြားမႈတစ္ခုအတြင္း ဟာမာ့ဂ္်လူမ်ိဳး ၂ ဦး ေသဆုံးခဲ့ေၾကာင္း ကုလသမဂၢလူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာညႇိႏႈိင္းေရး႐ုံးမွ ေအာက္တိုဘာလ ၁၇ ရက္၊ တနလၤာေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါသတ္ျဖတ္မႈမ်ားဟာ ေလးရက္ၾကာ ၾကာျမင့္ခဲ့ၿပီး တမ္ၿမိဳ႕ေဒသရွိ ဟြာဆာမ်ိဳးႏြယ္စုနဲ႔ အျခားေသာ မ်ိဳးႏြယ္စု မ်ားၾကား ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ေၾကာင္း အဆိုပါထုတ္ျပန္ခ်က္အရ သိရပါတယ္။
အစီရင္ခံခ်က္မ်ားအရ ခန႔္မွန္းေျခ လူေပါင္း ၁၂ဝဝ ခန႔္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရၿပီး Dam Town 6 ရွိ စာသင္ေက်ာင္းမ်ားနဲ႔ ဒုကၡသည္စခန္းမ်ားမွာ ခိုလႈံေနၾကရတယ္လို႔ သိရပါတယ္။

တင္းမာမႈအေျခအေနေၾကာင့္ ၿမိဳ႕တြင္းရွိ ေဈးမ်ားနဲ႔ အစိုးရ႐ုံးမ်ား ပိတ္ထားရၿပီး ေဒသခံမ်ားရဲ႕ ေန႔စဥ္လိုအပ္ခ်က္ ပစၥည္းေတြ ဝယ္ယူဖို႔အတြက္လည္း လက္လွမ္းမမီႏိုင္ ျဖစ္ေနပါတယ္။ လက္စားေခ်တိုက္ခိုက္မႈေတြေၾကာင့္ ေနာက္ထပ္မၿငိမ္မသက္မႈေတြ ျဖစ္လာႏိုင္တာေၾကာင့္ ဝတ္ဒ္အဲလ္မာဟီ မွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြခ်ထားၿပီး ျပည္နယ္အာဏာပိုင္ေတြက ေဒသအတြင္း သြားလာလႈပ္ရွားမႈေတြကို တားျမစ္ထားတယ္လို႔ ကုလသမဂၢေအဂ်င္စီ က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဇူလိုင္လမွစ ဟူဆာနဲ႔ ဟာမာ့ဂ္် မ်ိဳးႏြယ္စုမ်ားၾကား တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ၿပီး ေအာက္တိုဘာလ ၆ ရက္ေန႔အထိ တိုက္ပြဲမ်ားအတြင္း လူ ၁၄၉ ဦး ေသဆုံးခဲ့ပါတယ္။ ယင္းအခ်ိန္မွစ အနည္းဆုံး လူ ၁၂၄ ဦး ဒဏ္ရာရခဲ့ၿပီး လူေပါင္း ၆၄၈ဝဝ ခန႔္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရတယ္လို႔ သိရပါတယ္။

မ်ိဳးႏြယ္စုႏွစ္စုမွ ေခါင္းေဆာင္မ်ားဟာ ၾသဂုတ္လအေစာပိုင္းက တိုက္ပြဲမ်ားရပ္တန႔္ရန္ သေဘာတူညီခ်က္တစ္ရပ္ မွာ လက္မွတ္ေရးထိုးခဲ့ၾကေပမယ့္လည္း အာ႐ူဆာရစ္ နဲ႔ ဝတ္ဒ္အဲလ္မာဟီေဒသမ်ားမွာ စက္တင္ဘာလမွစ တိုက္ပြဲ မ်ား ျပန္လည္ျဖစ္ပြားခဲ့ပါတယ္။ ဘလူးႏိုင္းျပည္နယ္မွာ တိုက္ပြဲအရွိန္အဟုန္သစ္ေၾကာင့္ ႐ုန္းရင္းဆန္ခတ္ျဖစ္မႈ ေတြအေပၚ အစိုးရရဲ႕တုံ႔ျပန္မႈကင္းမဲ့မႈကို ဆန႔္က်င္ကန႔္ကြက္ဖို႔ အျခားျပည္နယ္မ်ားမွာ လူေထာင္ေပါင္းမ်ားစြာ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကတဲ့ ျပင္းထန္တဲ့ဆႏၵျပပြဲေတြ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.