ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းလုပ်ငန်းအား မကြာမီ ပြန်လည်လုပ်ကိုင်နိုင်မည်ဟုဆို

 1561

ယွန်း (NP News) - အောက်တိုဘာ ၁၈

ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းလုပ်ငန်းအား မကြာမီအချိန်တွင် ပြန်လည်လုပ်ကိုင်နိုင်မည်ဟု ယုံကြည်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်ကဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်သူ ဦးမြတ်ကိုက အောက် တိုဘာလ(၁၇)ရက်တွင် ကျင်းပသော အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောဆိုထားခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းအတွက် ထားဝယ်စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် အောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ် ဦးမြတ်ကိုက ဆိုထားသည်။

၎င်းရေနက်ဆိပ်ကမ်းစီမံကိန်းကို (၂ဝဝ၅)ခုနှစ်တွင် ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက အကောင်အထည်ဖော်ရန် လေ့လာမှုပြုခဲ့ပြီး (၂ဝဝ၈)ခုနှစ်၊ ဇွန်လ(၁၂)ရက်တွင် ထိုင်းနိုင်ငံ Italian-Thai Development ကုမ္ပဏီနှင့် မြန်မာအစိုးရတို့ကြားတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ထားဝယ် အထူးစီးပွားရေးဇုန်ကို ၂ဝဝ၈ ခုနှစ်ကတည်းက အကောင် အထည် ဖော်ခဲ့သော်လည်း သိသာထင်ရှားသည့် တိုးတက်မှုများမရှိခဲ့သည်ကိုတွေ့ရကြောင်း အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မကြာသေးမီက ပြောကြားထားသည်။

လက်ရှိအချိန်တွင် အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် လုပ်ငန်းဆောင်ရွက်မှု အဆုံးသတ်လိုက်ပြီဖြစ်သည့်အတွက် ရင်းနှီးတည်ဆောက်သူ အ သစ်ထပ်မံ ဖိတ်ခေါ်နိုင်ရေး နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ထားဝယ် အထူးစီးပွားရေးဇုန်သည် ဟက်တာ ၂ဝဝဝဝ အကျယ်အဝန်းရှိပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ပြီးစီးပါက အရှေ့တောင်အာရှတွင် အကြီးဆုံး စီးပွားရေးဇုန် ဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။

အထူးစီးပွားရေးဇုန်တွင် ထားဝယ် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီသို့ သွယ်တန်းဖောက်လုပ်မည့် ၁ဝ၅ မိုင်အရှည်ရှိ ၈ လမ်းသွား စူပါဟိုင်းဝေးကားလမ်း၊ ရထားလမ်း၊ ဓာတ်အားလိုင်းများ၊ ရေနံ၊ သဘာဝပိုက်လိုင်းများ ပါဝင်ပြီး နယ်ခြားဝင်ထွက်ဇုန်တို့ ပါဝင်ရန်စီစဉ်ထားခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်း MSMEs လုပ်ငန်းများရှိပါက ဒေသတွင်းပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ၊ စားဝတ်နေရေးများအ ဆင်ပြေလာမည်ဖြစ်သော်လည်း လက်ရှိတွင် တိုင်းဒေသကြီးအတွင်း အသေစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းများ အားနည်းနေကြောင်းလည်း ဝန်ကြီးချုပ်က ဆိုသည်။

zawgyi version
ထားဝယ္အထူးစီးပြားေရးဇုန္ ေရနက္ဆိပ္ကမ္းလုပ္ငန္းအား မၾကာမီ ျပန္လည္လုပ္ကိုင္ႏိုင္မည္ဟုဆို
ယြန္း (NP News) - ေအာက္တိုဘာ ၁၈

ထားဝယ္အထူးစီးပြားေရးဇုန္ ေရနက္ဆိပ္ကမ္းလုပ္ငန္းအား မၾကာမီအခ်ိန္တြင္ ျပန္လည္လုပ္ကိုင္ႏိုင္မည္ဟု ယုံၾကည္ေၾကာင္း တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ကဆိုသည္။

တနသၤာရီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ျဖစ္သူ ဦးျမတ္ကိုက ေအာက္ တိုဘာလ(၁၇)ရက္တြင္ က်င္းပေသာ အစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာဆိုထားျခင္း ျဖစ္သည္။

တနသၤာရီတိုင္းအတြက္ ထားဝယ္စီးပြားေရးဇုန္ ေရနက္ဆိပ္ကမ္းလုပ္ငန္းကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕ အေနျဖင့္ ေအာင္ျမင္ေအာင္ လုပ္ကိုင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဝန္ႀကီးခ်ဳပ္ ဦးျမတ္ကိုက ဆိုထားသည္။

၎ေရနက္ဆိပ္ကမ္းစီမံကိန္းကို (၂ဝဝ၅)ခုႏွစ္တြင္ ထိုင္းႏိုင္ငံမွ ကြၽမ္းက်င္ပညာရွင္မ်ားက အေကာင္အထည္ေဖာ္ရန္ ေလ့လာမႈျပဳခဲ့ၿပီး (၂ဝဝ၈)ခုႏွစ္၊ ဇြန္လ(၁၂)ရက္တြင္ ထိုင္းႏိုင္ငံ Italian-Thai Development ကုမၸဏီႏွင့္ ျမန္မာအစိုးရတို႔ၾကားတြင္ နားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္သည္။

ထားဝယ္ အထူးစီးပြားေရးဇုန္ကို ၂ဝဝ၈ ခုႏွစ္ကတည္းက အေကာင္ အထည္ ေဖာ္ခဲ့ေသာ္လည္း သိသာထင္ရွားသည့္ တိုးတက္မႈမ်ားမရွိခဲ့သည္ကိုေတြ႕ရေၾကာင္း အထူးစီးပြားေရးဇုန္ဆိုင္ရာ ဗဟိုအဖြဲ႕ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက မၾကာေသးမီက ေျပာၾကားထားသည္။

လက္ရွိအခ်ိန္တြင္ အီတာလ်ံ-ထိုင္း ကုမၸဏီႏွင့္ လုပ္ငန္းေဆာင္႐ြက္မႈ အဆုံးသတ္လိုက္ၿပီျဖစ္သည့္အတြက္ ရင္းႏွီးတည္ေဆာက္သူ အ သစ္ထပ္မံ ဖိတ္ေခၚႏိုင္ေရး ႏိုင္ငံတကာ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

အဆိုပါ ထားဝယ္ အထူးစီးပြားေရးဇုန္သည္ ဟက္တာ ၂ဝဝဝဝ အက်ယ္အဝန္းရွိၿပီး စီမံကိန္းလုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ၿပီးစီးပါက အေရွ႕ေတာင္အာရွတြင္ အႀကီးဆုံး စီးပြားေရးဇုန္ ျဖစ္လာမည္ျဖစ္ေၾကာင္းသိရသည္။

အထူးစီးပြားေရးဇုန္တြင္ ထားဝယ္ ေရနက္ဆိပ္ကမ္း၊ စက္မႈဇုန္နယ္ေျမႏွင့္ ထိုင္းႏိုင္ငံ ကန္ခ်နပူရီသို႔ သြယ္တန္းေဖာက္လုပ္မည့္ ၁ဝ၅ မိုင္အရွည္ရွိ ၈ လမ္းသြား စူပါဟိုင္းေဝးကားလမ္း၊ ရထားလမ္း၊ ဓာတ္အားလိုင္းမ်ား၊ ေရနံ၊ သဘာဝပိုက္လိုင္းမ်ား ပါဝင္ၿပီး နယ္ျခားဝင္ထြက္ဇုန္တို႔ ပါဝင္ရန္စီစဥ္ထားခဲ့ေၾကာင္း သိရသည္။

တနသၤာရီတိုင္းအတြင္း MSMEs လုပ္ငန္းမ်ားရွိပါက ေဒသတြင္းျပည္သူမ်ား၏ အလုပ္အကိုင္ အခြင့္အလမ္းမ်ား၊ စားဝတ္ေနေရးမ်ားအ ဆင္ေျပလာမည္ျဖစ္ေသာ္လည္း လက္ရွိတြင္ တိုင္းေဒသႀကီးအတြင္း အေသစား၊ အလတ္စား စက္မႈလက္မႈ လုပ္ငန္းမ်ား အားနည္းေနေၾကာင္းလည္း ဝန္ႀကီးခ်ဳပ္က ဆိုသည္။

Picture

zarni Soe

18/10/2022 17:55

လုပ်သင့်တာကြာပါပြီဗျာ

Related news

© 2021. All rights reserved.