မြန်မာနဲ့ ထိုင်းနယ်စပ်မှာ "Happy NN" လို့ အမည်ပေးထားတဲ့ စိတ်ကြွဆေးအမျိုးအစားအသစ်ပျံ့နှံ့နေတဲ့အပေါ် ထိုင်းအာဏာပိုင်များ စိုးရိမ်မှုမြင့်တက်နေ

 870

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂ဝ

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတားဆီးထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB) ဟာ ထိုင်းနဲ့ မြန်မာနယ်စပ်ဒေသမှာ "Happy NN" လို့အမည်ပေးထားတဲ့ စိတ်ကြွမူးယစ်ဆေးအမျိုးအစားအသစ် ပျံ့နှံ့ခြင်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်နေတာကြောင့် နယ်စပ်ဒေမှာ စိတ်ကြွမူးယစ်ဆေးအသစ်နဲ့ပတ်သက်ပြီး တပ်လှန့်ထားရကြောင်း ထိုင်းဘန်ကောက်ပိုစ့်သတင်းက ဖော်ပြထားပါတယ်။

အဆိုပါ "Happy NN" အမည်ရှိ စိတ်ကြွမူးယစ်ဆေးဟာ ထိုင်းနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံ တာချီလိတ်ဒေသမှာ ကျယ်ပြန့်စွာပျံ့နှံလျက်ရှိနေတယ်လို့ သိရပါတယ်။

ထိုင်း(ONCB) အဖွဲ့ အထွေထွေအတွင်းရေးမှူး ဝီချိုင်း ချိုင်မွန်ခွန်ဟာ အဆိုပါ "Happy NN" စိတ်ကြွဆေးပြားမှာ ပါဝင်တဲ့ဓါတုပစ္စည်းများကို လေ့လာသုံးသပ်နိုင်ဖို့ "Happy NN" စိတ်ကြွ ဆေးနမူနာပုံစံကို ရရှိအောင် မြန်မာနိုင်ငံ မူးယစ်ဌာနတာဝန်ရှိသူများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိနေတယ်လို့ သိရပါတယ်။

မြန်မာ မူးယစ်ဌာနဟာ အဆိုပါ "Happy NN" အမည်ရှိ စိတ်ကြွဆေးအမျိုးအစားအသစ်နဲ့ပတ်သက်ပြီး သတင်းမျှဝေမှုပိုင်းအားနည်းချက်များရှိနေတဲ့အတွက် "Happy NN" လို့အမည်ပေးထားတဲ့စိတ်ကြွဆေးနဲ့ပတ်သက်ပြီး နမူနာကို နှစ်နိုင်ငံကြားအပြန်အလှန်သဘော တူညီမှုအရ တောင်းခံခြင်းဖြစ်ကြောင်း ထိုင်းဘန်ကောက်ပိုစ့်သတင်းက ဆိုပါတယ်။

"Happy NN" အမည်ရှိ စိတ်ကြွဆေးအမျိုးအစားအသစ်တစ်ထုတ်ကို ထိုင်းဘတ် ၃ဝဝဝ နဲ့ ၆ဝဝဝ ကြား ပေါက်စျေးရှိနေကြောင်း "Happy NN" စိတ်ကြွဆေးဟာ အဖြူရောင်စိတ်ကြွ ဆေးဖြစ်ပြီး ရေ၊ ကော်ဖီ ၊ လက်ဘက်ရည်တို့နဲ့ ရောနှောသောက်သုံးနိုင်တယ်လို့ သိရပါတယ်။

"Happy NN" လို့ အမည်ပေးထားတဲ့ စိတ်ကြွးဆေးအမျိုးအစားအသစ်ဟာ ထိုင်းနိုင်ငံမှာ လူကြိုက်များမှုများမြင့်တက်နေတဲ့ "Happy Water" အမည်ရှိ စိတ်ကြွဆေးနဲ့အလားတူပြီး "Happy Water" ကို အသုံးပြုမယ်ဆိုပါက အရည်နဲ့ရောနှောအသုံးပြုနိုင်တယ်လို့ သိရပါတယ်။

ထိုင်းအာဏာပိုင်များဟာ "Happy NN" နဲ့ "Happy Water" အမည်ရှိ စိတ်ကြွဆေးများကို နှိုင်းယှဉ်နိုင်ဖို့ လက်ရှိအချိန်မှာ"Happy NN" စိတ်ကြွဆေးအသစ်နဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်များဘက်က စစ်ဆေးစမ်းသပ်မှုအဖြေကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

"Happy Water" အမည်ရှိ စိတ်ကြွဆေးတစ်ထုတ်ဟာ ထိုင်းဘတ် ၂၅ဝဝ နဲ့ ၃ဝဝဝ ကြား ပေါက်စျေးရှိနေပြီး အဲဒီစိတ်ကြွဆေးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ထိုင်းနိုင်ငံရှိ လောင်းကစားရုံများနဲ့ ဖျော်ဖြေရေးစင်တာများမှာ ပထမဆုံးတွေ့ရှိ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ျမန္မာနဲ႔ ထိုင္းနယ္စပ္မွာ "Happy NN" လို႔ အမည္ေပးထားတဲ့ စိတ္ႂကြေဆးအမ်ိဳးအစားအသစ္ပ်ံ႕ႏွံ႔ေနတဲ့အေပၚ ထိုင္းအာဏာပိုင္မ်ား စိုးရိမ္မႈျမင့္တက္ေန
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂ဝ

ထိုင္းႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးထိန္းခ်ဳပ္ေရးဘုတ္အဖြဲ႕ (ONCB) ဟာ ထိုင္းနဲ႔ ျမန္မာနယ္စပ္ေဒသမွာ "Happy NN" လို႔အမည္ေပးထားတဲ့ စိတ္ႂကြမူးယစ္ေဆးအမ်ိဳးအစားအသစ္ ပ်ံ႕ႏွံ႔ျခင္းနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈျမင့္တက္ေနတာေၾကာင့္ နယ္စပ္ေဒမွာ စိတ္ႂကြမူးယစ္ေဆးအသစ္နဲ႔ပတ္သက္ၿပီး တပ္လွန႔္ထားရေၾကာင္း ထိုင္းဘန္ေကာက္ပိုစ့္သတင္းက ေဖာ္ျပထားပါတယ္။

အဆိုပါ "Happy NN" အမည္ရွိ စိတ္ႂကြမူးယစ္ေဆးဟာ ထိုင္းနဲ႔နယ္စပ္ခ်င္းထိစပ္ေနတဲ့ ျမန္မာႏိုင္ငံ တာခ်ီလိတ္ေဒသမွာ က်ယ္ျပန႔္စြာပ်ံ႕ႏွံလ်က္ရွိေနတယ္လို႔ သိရပါတယ္။

ထိုင္း(ONCB) အဖြဲ႕ အေထြေထြအတြင္းေရးမႉး ဝီခ်ိဳင္း ခ်ိဳင္မြန္ခြန္ဟာ အဆိုပါ "Happy NN" စိတ္ႂကြေဆးျပားမွာ ပါဝင္တဲ့ဓါတုပစၥည္းမ်ားကို ေလ့လာသုံးသပ္ႏိုင္ဖို႔ "Happy NN" စိတ္ႂကြ ေဆးနမူနာပုံစံကို ရရွိေအာင္ ျမန္မာႏိုင္ငံ မူးယစ္ဌာနတာဝန္ရွိသူမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေနတယ္လို႔ သိရပါတယ္။

ျမန္မာ မူးယစ္ဌာနဟာ အဆိုပါ "Happy NN" အမည္ရွိ စိတ္ႂကြေဆးအမ်ိဳးအစားအသစ္နဲ႔ပတ္သက္ၿပီး သတင္းမွ်ေဝမႈပိုင္းအားနည္းခ်က္မ်ားရွိေနတဲ့အတြက္ "Happy NN" လို႔အမည္ေပးထားတဲ့စိတ္ႂကြေဆးနဲ႔ပတ္သက္ၿပီး နမူနာကို ႏွစ္ႏိုင္ငံၾကားအျပန္အလွန္သေဘာ တူညီမႈအရ ေတာင္းခံျခင္းျဖစ္ေၾကာင္း ထိုင္းဘန္ေကာက္ပိုစ့္သတင္းက ဆိုပါတယ္။

"Happy NN" အမည္ရွိ စိတ္ႂကြေဆးအမ်ိဳးအစားအသစ္တစ္ထုတ္ကို ထိုင္းဘတ္ ၃ဝဝဝ နဲ႔ ၆ဝဝဝ ၾကား ေပါက္ေစ်းရွိေနေၾကာင္း "Happy NN" စိတ္ႂကြေဆးဟာ အျဖဴေရာင္စိတ္ႂကြ ေဆးျဖစ္ၿပီး ေရ၊ ေကာ္ဖီ ၊ လက္ဘက္ရည္တို႔နဲ႔ ေရာေႏွာေသာက္သုံးႏိုင္တယ္လို႔ သိရပါတယ္။

"Happy NN" လို႔ အမည္ေပးထားတဲ့ စိတ္ႂကြးေဆးအမ်ိဳးအစားအသစ္ဟာ ထိုင္းႏိုင္ငံမွာ လူႀကိဳက္မ်ားမႈမ်ားျမင့္တက္ေနတဲ့ "Happy Water" အမည္ရွိ စိတ္ႂကြေဆးနဲ႔အလားတူၿပီး "Happy Water" ကို အသုံးျပဳမယ္ဆိုပါက အရည္နဲ႔ေရာေႏွာအသုံးျပဳႏိုင္တယ္လို႔ သိရပါတယ္။

ထိုင္းအာဏာပိုင္မ်ားဟာ "Happy NN" နဲ႔ "Happy Water" အမည္ရွိ စိတ္ႂကြေဆးမ်ားကို ႏႈိင္းယွဥ္ႏိုင္ဖို႔ လက္ရွိအခ်ိန္မွာ"Happy NN" စိတ္ႂကြေဆးအသစ္နဲ႔ပတ္သက္ၿပီး ျမန္မာအာဏာပိုင္မ်ားဘက္က စစ္ေဆးစမ္းသပ္မႈအေျဖကို ေစာင့္ဆိုင္းေနတယ္လို႔ သိရပါတယ္။

"Happy Water" အမည္ရွိ စိတ္ႂကြေဆးတစ္ထုတ္ဟာ ထိုင္းဘတ္ ၂၅ဝဝ နဲ႔ ၃ဝဝဝ ၾကား ေပါက္ေစ်းရွိေနၿပီး အဲဒီစိတ္ႂကြေဆးကို ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလက ထိုင္းႏိုင္ငံရွိ ေလာင္းကစား႐ုံမ်ားနဲ႔ ေဖ်ာ္ေျဖေရးစင္တာမ်ားမွာ ပထမဆုံးေတြ႕ရွိ ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.