(၁၃)နှစ်အရွယ် မိန်းကလေးအပါအဝင် မြန်မာမိန်းကလေး(၃)ဦးအား တရုတ်အမျိုးသားထံ ပို့ဆောင်ရောင်းချခဲ့သူအား အလုပ်ကြမ်းနှင့်ထောင်ဒဏ်ချမှတ်

 1236

NP News - အောက်တိုဘာ ၂၁

(၁၃)နှစ်အရွယ် မိန်းကလေးအပါအဝင် မြန်မာမိန်းကလေး(၃)ဦးအား တရုတ်အမျိုးသားထံ ပို့ဆောင်ရောင်းချခဲ့သူအား အလုပ်ကြမ်းနှင့်ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ ပြီးခဲ့သည့် အောက်တိုဘာ(၂ဝ)ရက်နေ့ ညပိုင်းတွင် အထက်ပါကဲ့သို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သော ဦးလှမြိုင်နှင့် ၎င်း၏ဇနီး ဒေါ်မိညက်တို့က တစ်မြို့ တည်းနေထိုင်သူ အသက်(၁၃)နှစ်အရွယ် မိန်းကလေးအပါအဝင် အသက်(၁၅)နှစ်မိန်းကလေးနှင့် အသက်(၂၄)နှစ်အရွယ် မိန်းကလေးတို့အား လိမ်ညာစည်းရုံးခဲ့ခြင်းဖြစ်ကြောင်း နစကမှ ဆိုသည်။

၎င်းတို့အား မူဆယ်ကားကြီးဝင်းအနီးရှိ အလုပ်ရုံတစ်ခုတွင် အဝတ်ခေါက်လုပ်ငန်း၌ တစ်လလျှင် ကျပ်နှစ်သိန်းရမည်ဟု ပြောဆိုစည်းရုံးကာ တရုတ်အမျိုးသားထံ ပို့ဆောင်ရောင်းစား၍ ငွေကြေးအကျိုးအမြတ်များ ရယူခဲ့ခြင်းဖြစ်ကြောင်း နစကမှ သိရသည်။

ထို့ကြောင့် ကျောင်းကုန်းမြို့မရဲစခန်း (ပ) ၄၅၈/၂ဝ၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့်အမှုရေးဖွင့်၍ ပုသိမ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဖေဖော်ဝါရီ(၁၄)ရက်နေ့တွင် ဒေါ်မိညက်အား အလုပ်နှင့် ထောင်ဒဏ်(၁ဝ) နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

သို့သော် ဒေါ်မိညက်၏ခင်ပွန်းဖြစ်သူ ဦးလှမြိုင်အား ကျင့်၂၅၈(၁)အရ အမှုမှတရားသေလွှတ်ခဲ့မှုအပေါ် အယူခံတက် ရောက်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်မှ ရာဇဝတ်အယူခံအမှုအမှတ် ၆ဝ/၂ဝ၂၂ ဖြင့်လက်ခံစစ်ဆေးခဲ့ကြောင်း နစကမှ ဆိုသည်။

ထို့နောက် ဦးလှမြိုင်အား အောက်တိုဘာ(၁၄)ရက်နေ့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ (၂၄)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁၀)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version;
(၁၃)ႏွစ္အ႐ြယ္ မိန္းကေလးအပါအဝင္ ျမန္မာမိန္းကေလး(၃)ဦးအား တ႐ုတ္အမ်ိဳးသားထံ ပို႔ေဆာင္ေရာင္းခ်ခဲ့သူအား အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ခ်မွတ္
NP News - ေအာက္တိုဘာ ၂၁

(၁၃)ႏွစ္အ႐ြယ္ မိန္းကေလးအပါအဝင္ ျမန္မာမိန္းကေလး(၃)ဦးအား တ႐ုတ္အမ်ိဳးသားထံ ပို႔ေဆာင္ေရာင္းခ်ခဲ့သူအား အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ၿပီးခဲ့သည့္ ေအာက္တိုဘာ(၂ဝ)ရက္ေန႔ ညပိုင္းတြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ဧရာဝတီတိုင္း၊ ေက်ာင္းကုန္းၿမိဳ႕၊ အမွတ္(၂)ရပ္ကြက္တြင္ ေနထိုင္ေသာ ဦးလွၿမိဳင္ႏွင့္ ၎၏ဇနီး ေဒၚမိညက္တို႔က တစ္ၿမိဳ႕ တည္းေနထိုင္သူ အသက္(၁၃)ႏွစ္အ႐ြယ္ မိန္းကေလးအပါအဝင္ အသက္(၁၅)ႏွစ္မိန္းကေလးႏွင့္ အသက္(၂၄)ႏွစ္အ႐ြယ္ မိန္းကေလးတို႔အား လိမ္ညာစည္း႐ုံးခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ ဆိုသည္။

၎တို႔အား မူဆယ္ကားႀကီးဝင္းအနီးရွိ အလုပ္႐ုံတစ္ခုတြင္ အဝတ္ေခါက္လုပ္ငန္း၌ တစ္လလွ်င္ က်ပ္ႏွစ္သိန္းရမည္ဟု ေျပာဆိုစည္း႐ုံးကာ တ႐ုတ္အမ်ိဳးသားထံ ပို႔ေဆာင္ေရာင္းစား၍ ေငြေၾကးအက်ိဳးအျမတ္မ်ား ရယူခဲ့ျခင္းျဖစ္ေၾကာင္း နစကမွ သိရသည္။

ထို႔ေၾကာင့္ ေက်ာင္းကုန္းၿမိဳ႕မရဲစခန္း (ပ) ၄၅၈/၂ဝ၁၉၊ လူကုန္ကူးမႈတားဆီးကာကြယ္ေရးဥပေဒပုဒ္မ ၂၄/၃၂ ျဖင့္အမႈေရးဖြင့္၍ ပုသိမ္ခ႐ိုင္တရား႐ုံးသို႔ တရားစြဲတင္ပို႔ခဲ့ရာ ေဖေဖာ္ဝါရီ(၁၄)ရက္ေန႔တြင္ ေဒၚမိညက္အား အလုပ္ႏွင့္ ေထာင္ဒဏ္(၁ဝ) ႏွစ္ ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ ေဒၚမိညက္၏ခင္ပြန္းျဖစ္သူ ဦးလွၿမိဳင္အား က်င့္၂၅၈(၁)အရ အမႈမွတရားေသလႊတ္ခဲ့မႈအေပၚ အယူခံတက္ ေရာက္ခဲ့ရာ တိုင္းေဒသႀကီးလႊတ္ေတာ္မွ ရာဇဝတ္အယူခံအမႈအမွတ္ ၆ဝ/၂ဝ၂၂ ျဖင့္လက္ခံစစ္ေဆးခဲ့ေၾကာင္း နစကမွ ဆိုသည္။

ထို႔ေနာက္ ဦးလွၿမိဳင္အား ေအာက္တိုဘာ(၁၄)ရက္ေန႔တြင္ လူကုန္ကူးမႈတားဆီးကာကြယ္ေရး ဥပေဒပုဒ္မ (၂၄)အရ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္(၁၀)ႏွစ္ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Picture

L Mone

21/10/2022 13:28

မှတ်ပုံတင် ကအစ မဖော်ပြတတ်တဲ့ မြန်မာပြည်ရဲ့ မှူ့ခင်းများဟာ ကိုယ့်သေတွင်း ကိုယ်တူးတဲ့ လဝက တွေပါပဲ

Picture

L Mone

21/10/2022 13:30

မှတ်ပုံတင်နဲ့ လိပ်စာမရေးသေးသ၍တော့ ခံကြရအုံးမည်ပေါ့

Related news

© 2021. All rights reserved.