အိန္ဒိယအစိုးရက အစိုးရဝန်ကြီးဌာနများမှာ လူပေါင်း (၁)သန်းခန့်ကို အလုပ်ခန့်ထားမယ့်အစီအစဉ် စတင်လုပ်ဆောင်နေ

 554

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၃

အိန္ဒိယဝန်ကြီးချုပ်မိုဒီက အိန္ဒိယအစိုးရလုပ်ငန်းများမှာပါဝင်လုပ်ကိုင်ဖို့ လာမယ့် တစ်နှစ်ခွဲအတွင်း အလုပ်ကိုင်အခွင့်လမ်းပေါင်း (၁)သန်း ဖန်တီးပေးသွားမှာဖြစ်ကြောင်းပြီးခဲ့တဲ့ ဇွန်လက ကြေညာခဲ့ရာ လက်ရှိအချိန်မှာ အဆိုပါ အစီအစဉ်ကို အကောင်ထည်ဖော်ဖို့ စတင်လုပ်ကိုင်နေကြောင်းသိရပါတယ်။

အိန္ဒိယအစိုးရဟာ အိန္ဒိယဝန်ကြီးဌာနပေါင်း (၃၈)ခုမှာ ဝန်ထမ်းအသစ် ၇၅ဝဝဝ ထပ်မံခန့်အပ်ဖို့ ထုတ်ပေးဖွယ်ရှိနေကြောင်း အိန္ဒိယဝန်ကြီးချုပ်ရုံးကသတင်းထုန်ပြန်ထားပါတယ်။ အိန္ဒိယဝန်ကြီးချုပ်ဟာ အောက်တိုဘာလ ၂၂ရက်က ကျင်းပတဲ့ အိန္ဒိယ အလုပ်ကိုင်အခွင့်လမ်းပြပွဲမှာ ရုပ်သံဖိုင်က တဆင့်မိန့်ခွန်းပြောဆိုမှာဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ်ရုံးက " အိန္ဒိယ ဝန်ကြီးချုပ်ဟာ အလုပ်ကိုင်အခွင့်လမ်းတွေ ဖန်တီးပေးမယ်ဆိုတဲ့ကတိတွေကို အကောင်ထည်ဖော်ဖို့အရေးပါတဲ့ခြေလှမ်းတွေ စတင်လုပ်ကိုင်နေတယ်။ အစိုးရဟာဝန်ကြီးဌာနတွေမှာ လစ်လပ်နေတဲ့ နေရာတွေမှာအစားထိုးခန့်အပ်တာတွေလုပ်ဖို့ စီစဉ်နေတယ်" လို့ပြောပါတယ်။

အိန္ဒိယအစိုးရက အစိုးရဝန်ကြီးဌာနတွေမှာ အလုပ်အကိုင်များခန့်ထားရာမှာ အုပ်စုသုံးခုခွဲထားပြီး အုပ်စု Aနဲ့ Bမှာ ဘွဲ့ရသူများအတွက်ဖြစ်ပြီး အုပ်စု C က ဘွဲ့မရသူများအတွက်ဖြစ်ကြောင်းသိရပါတယ်။ အိန္ဒိယ မြို့ပြတွေမှာ နေထိုင်တဲ့ အသက် ၁၅ နှစ်နဲ့ ၂၉နှစ်ကြားအရွယ်ရှိလူငယ်များရဲ့အလုပ်လက်မဲ့နှုန်းဟာ ပြီးခဲ့တဲ့လများအတွင်း ၂ဝ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယပြည်ထဲရေးဝန်ကြီးက " ခေတ်သစ်အိန္ဒိယ နိုင်ငံဟာ လူငယ်တွေရဲ့ခွန်အားစွမ်းအားတွေ အပေါ်မှာအခြေခံတယ်။ အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ လာမယ့် တစ်နှစ်ခွဲအတွင်းမှာ အစိုးရဝန်ကြီးဌာနတွေနဲ့ အစိုးရဌာနတွေမှာဝန်ထမ်းပေါင်း တစ်သန်းခန့်ထပ်မံခန့်အပ်ဖို့ စီစဉ်ထားတယ်။ အဲဒီအစီစဉ်က လူငယ်တွေကို မျှော်လင့်ချက်အသစ်တွေ၊ ယုံကြည်မှုများ ပိုမိုဖြစ်လာစေတယ်" လို့ပြောပါတယ်။

Zawgyi Version
အိႏၵိယအစိုးရက အစိုးရဝန္ႀကီးဌာနမ်ားမွာ လူေပါင္း (၁)သန္းခန႔္ကို အလုပ္ခန႔္ထားမယ့္အစီအစဥ္ စတင္လုပ္ေဆာင္ေန
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၃

အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီက အိႏၵိယအစိုးရလုပ္ငန္းမ်ားမွာပါဝင္လုပ္ကိုင္ဖို႔ လာမယ့္ တစ္ႏွစ္ခြဲအတြင္း အလုပ္ကိုင္အခြင့္လမ္းေပါင္း (၁)သန္း ဖန္တီးေပးသြားမွာျဖစ္ေၾကာင္းၿပီးခဲ့တဲ့ ဇြန္လက ေၾကညာခဲ့ရာ လက္ရွိအခ်ိန္မွာ အဆိုပါ အစီအစဥ္ကို အေကာင္ထည္ေဖာ္ဖို႔ စတင္လုပ္ကိုင္ေနေၾကာင္းသိရပါတယ္။

အိႏၵိယအစိုးရဟာ အိႏၵိယဝန္ႀကီးဌာနေပါင္း (၃၈)ခုမွာ ဝန္ထမ္းအသစ္ ၇၅ဝဝဝ ထပ္မံခန႔္အပ္ဖို႔ ထုတ္ေပးဖြယ္ရွိေနေၾကာင္း အိႏၵိယဝန္ႀကီးခ်ဳပ္႐ုံးကသတင္းထုန္ျပန္ထားပါတယ္။ အိႏၵိယဝန္ႀကီးခ်ဳပ္ဟာ ေအာက္တိုဘာလ ၂၂ရက္က က်င္းပတဲ့ အိႏၵိယ အလုပ္ကိုင္အခြင့္လမ္းျပပြဲမွာ ႐ုပ္သံဖိုင္က တဆင့္မိန႔္ခြန္းေျပာဆိုမွာျဖစ္ပါတယ္။
အိႏၵိယဝန္ႀကီးခ်ဳပ္႐ုံးက " အိႏၵိယ ဝန္ႀကီးခ်ဳပ္ဟာ အလုပ္ကိုင္အခြင့္လမ္းေတြ ဖန္တီးေပးမယ္ဆိုတဲ့ကတိေတြကို အေကာင္ထည္ေဖာ္ဖို႔အေရးပါတဲ့ေျခလွမ္းေတြ စတင္လုပ္ကိုင္ေနတယ္။ အစိုးရဟာဝန္ႀကီးဌာနေတြမွာ လစ္လပ္ေနတဲ့ ေနရာေတြမွာအစားထိုးခန႔္အပ္တာေတြလုပ္ဖို႔ စီစဥ္ေနတယ္" လို႔ေျပာပါတယ္။

အိႏၵိယအစိုးရက အစိုးရဝန္ႀကီးဌာနေတြမွာ အလုပ္အကိုင္မ်ားခန႔္ထားရာမွာ အုပ္စုသုံးခုခြဲထားၿပီး အုပ္စု Aနဲ႔ Bမွာ ဘြဲ႕ရသူမ်ားအတြက္ျဖစ္ၿပီး အုပ္စု C က ဘြဲ႕မရသူမ်ားအတြက္ျဖစ္ေၾကာင္းသိရပါတယ္။ အိႏၵိယ ၿမိဳ႕ျပေတြမွာ ေနထိုင္တဲ့ အသက္ ၁၅ ႏွစ္နဲ႔ ၂၉ႏွစ္ၾကားအ႐ြယ္ရွိလူငယ္မ်ားရဲ႕အလုပ္လက္မဲ့ႏႈန္းဟာ ၿပီးခဲ့တဲ့လမ်ားအတြင္း ၂ဝ ရာခိုင္ႏႈန္းျမင့္တက္လာခဲ့ေၾကာင္း သိရပါတယ္။

အိႏၵိယျပည္ထဲေရးဝန္ႀကီးက " ေခတ္သစ္အိႏၵိယ ႏိုင္ငံဟာ လူငယ္ေတြရဲ႕ခြန္အားစြမ္းအားေတြ အေပၚမွာအေျခခံတယ္။ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီဟာ လာမယ့္ တစ္ႏွစ္ခြဲအတြင္းမွာ အစိုးရဝန္ႀကီးဌာနေတြနဲ႔ အစိုးရဌာနေတြမွာဝန္ထမ္းေပါင္း တစ္သန္းခန႔္ထပ္မံခန႔္အပ္ဖို႔ စီစဥ္ထားတယ္။ အဲဒီအစီစဥ္က လူငယ္ေတြကို ေမွ်ာ္လင့္ခ်က္အသစ္ေတြ၊ ယုံၾကည္မႈမ်ား ပိုမိုျဖစ္လာေစတယ္" လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.