ယခုဘဏ္ဍာနှစ်အတွင်း အိမ်သုံးဆိုလာစနစ်နှင့် အသေးစားဓာတ်အားစနစ်တို့မှ အိမ်ခြေပေါင်း(၅ဝဝဝဝ)နီးပါးကို လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ပေးသွားမည်

 516

ယွန်း (NP News) - အောက်တိုဘာ ၂၃

ယခုဘဏ္ဍာနှစ်(၂ဝ၂၂- ၂ဝ၂၃ ဘဏ္ဍာနှစ်)တွင် အိမ်သုံးဆိုလာစနစ်နှင့် အသေးစားဓာတ်အားစနစ်တို့မှ အိမ်ခြေပေါင်း(၅ဝဝဝဝ) နီးပါးကို လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးက အောက်တိုဘာလ(၂၁)ရက်က ကျင်းပသော အစည်းအဝေးတွင် အထက်ပါကဲ့သို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် အိမ်သုံးဆိုလာစနစ်နှင့် အသေးစားဓာတ်အားစနစ်တို့ဖြင့် မဟာဓာတ်အားလိုင်းပြင်ပဧရိယာ၏ (၃၅ ဒသမ ၆)ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားပေးနိုင်ခဲ့ပြီး စွမ်းအင်ကဏ္ဍစီမံခန့်ခွဲမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(ESMAP)၏ လေ့လာချက်စစ်တမ်းများအရ စွမ်းအင်ရရှိမှု အဆင့်(၁)မှ (၅)အထိကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်တွင်လည်း အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း (၁ဝ၄ဝ)ရွာ၊ အိမ်ခြေပေါင်း(၄၈၇၅၁)အိမ်ကိုလည်း ကောင်း၊ အသေးစားဓာတ်အားစနစ် စီမံကိန်းလုပ်ငန်း(၃)ခုမှ ကျေးရွာ(၈)ရွာ၊ အိမ်ခြေပေါင်း(၁၂၁၅)အိမ်အား လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးမှဆိုသည်။

၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာနှစ်မှ ၂ဝ၂၁- ၂ဝ၂၂ ဘဏ္ဍာနှစ်အထိ (၆)နှစ်တာကာလအတွင်း အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာ ပေါင်း (၉၁၆၃)ရွာ၊ အိမ်ခြေပေါင်း (၄၁၈၃၆၃)အိမ်အား လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အသေးစားဓာတ်အားစနစ်၏ စီမံကိန်းလုပ်ငန်းပေါင်း (၁၂၆)ခု၊ ကျေးရွာပေါင်း(၁၆၂)ရွာ၊ အိမ်ခြေပေါင်း (၃၈၉၁၃) အိမ်အား လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးခဲ့ပြီး စုစုပေါင်းကျေးရွာ(၉၃၂၅)ရွာနှင့် အိမ်ခြေပေါင်း (၄၅၇၂၇၆)အိမ်အား မီးပေးနိုင်ခဲ့ပြီး လူဦးရေ (၂ ဒသမ ၃)သန်းခန့်ကို အကျိုးပြုပေးနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနမှ သိရသည်။

စာသင်ကျောင်း၊ ဆေးပေးခန်းများ၊ ဘာသာရေးအဆောက်အဦတို့အတွက် အများသုံးဆိုလာစနစ် (၁၆ဝ၈၈)ခု၊ လမ်းမီးတိုင် ပေါင်း (၅၃၉၂၂) တိုင်နှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းပေါင်း (၁၃၃၈)ခုအတွက်လည်း လျှပ်စစ်ဓာတ်အားရရှိရေး အတွက်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ဒုတိယဝန်ကြီးဦးမြင့်စိုးမှ ဆိုသည်။

ထို့ပြင် နစကအနေဖြင့်လည်း မူဝါဒများနှင့် မဟာဗျူဟာများ ချမှတ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ အသုံးပြု၍ မဟာ ဓာတ်အားလိုင်းပြင်ပစနစ် ကျေးလက်မီးလင်းရေး ကာလတို၊ ကာလရှည်စီမံချက်များ ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးက ပြောသည်။

Zawgyi Version
ယခုဘ႑ာႏွစ္အတြင္း အိမ္သုံးဆိုလာစနစ္ႏွင့္ အေသးစားဓာတ္အားစနစ္တို႔မွ အိမ္ေျခေပါင္း(၅ဝဝဝဝ)နီးပါးကို လွ်ပ္စစ္မီးရရွိရန္ ေဆာင္႐ြက္ေပးသြားမည္

ယြန္း (NP News) - ေအာက္တိုဘာ ၂၃

ယခုဘ႑ာႏွစ္(၂ဝ၂၂- ၂ဝ၂၃ ဘ႑ာႏွစ္)တြင္ အိမ္သုံးဆိုလာစနစ္ႏွင့္ အေသးစားဓာတ္အားစနစ္တို႔မွ အိမ္ေျခေပါင္း(၅ဝဝဝဝ) နီးပါးကို လွ်ပ္စစ္မီးရရွိရန္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးျမင့္စိုးက ေအာက္တိုဘာလ(၂၁)ရက္က က်င္းပေသာ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ အသိေပးေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဝန္ႀကီးဌာနအေနျဖင့္ အိမ္သုံးဆိုလာစနစ္ႏွင့္ အေသးစားဓာတ္အားစနစ္တို႔ျဖင့္ မဟာဓာတ္အားလိုင္းျပင္ပဧရိယာ၏ (၃၅ ဒသမ ၆)ရာခိုင္ႏႈန္းကို လွ်ပ္စစ္ဓာတ္အားေပးႏိုင္ခဲ့ၿပီး စြမ္းအင္က႑စီမံခန႔္ခြဲမႈဆိုင္ရာ အကူအညီေပးေရးအဖြဲ႕(ESMAP)၏ ေလ့လာခ်က္စစ္တမ္းမ်ားအရ စြမ္းအင္ရရွိမႈ အဆင့္(၁)မွ (၅)အထိကို ျဖည့္ဆည္းေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ယခုဘ႑ာႏွစ္တြင္လည္း အိမ္သုံးဆိုလာစနစ္ျဖင့္ ေက်း႐ြာေပါင္း (၁ဝ၄ဝ)႐ြာ၊ အိမ္ေျခေပါင္း(၄၈၇၅၁)အိမ္ကိုလည္း ေကာင္း၊ အေသးစားဓာတ္အားစနစ္ စီမံကိန္းလုပ္ငန္း(၃)ခုမွ ေက်း႐ြာ(၈)႐ြာ၊ အိမ္ေျခေပါင္း(၁၂၁၅)အိမ္အား လွ်ပ္စစ္မီး ရရွိေအာင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဒုတိယဝန္ႀကီးမွဆိုသည္။

၂ဝ၁၆- ၂ဝ၁၇ ဘ႑ာႏွစ္မွ ၂ဝ၂၁- ၂ဝ၂၂ ဘ႑ာႏွစ္အထိ (၆)ႏွစ္တာကာလအတြင္း အိမ္သုံးဆိုလာစနစ္ျဖင့္ ေက်း႐ြာ ေပါင္း (၉၁၆၃)႐ြာ၊ အိမ္ေျခေပါင္း (၄၁၈၃၆၃)အိမ္အား လွ်ပ္စစ္မီးရရွိေအာင္ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အေသးစားဓာတ္အားစနစ္၏ စီမံကိန္းလုပ္ငန္းေပါင္း (၁၂၆)ခု၊ ေက်း႐ြာေပါင္း(၁၆၂)႐ြာ၊ အိမ္ေျခေပါင္း (၃၈၉၁၃) အိမ္အား လွ်ပ္စစ္မီးရရွိေအာင္ ေဆာင္႐ြက္ေပးခဲ့ၿပီး စုစုေပါင္းေက်း႐ြာ(၉၃၂၅)႐ြာႏွင့္ အိမ္ေျခေပါင္း (၄၅၇၂၇၆)အိမ္အား မီးေပးႏိုင္ခဲ့ၿပီး လူဦးေရ (၂ ဒသမ ၃)သန္းခန႔္ကို အက်ိဳးျပဳေပးႏိုင္ခဲ့ေၾကာင္း ဝန္ႀကီးဌာနမွ သိရသည္။

စာသင္ေက်ာင္း၊ ေဆးေပးခန္းမ်ား၊ ဘာသာေရးအေဆာက္အဦတို႔အတြက္ အမ်ားသုံးဆိုလာစနစ္ (၁၆ဝ၈၈)ခု၊ လမ္းမီးတိုင္ ေပါင္း (၅၃၉၂၂) တိုင္ႏွင့္ အေသးစားစက္မႈလက္မႈ လုပ္ငန္းေပါင္း (၁၃၃၈)ခုအတြက္လည္း လွ်ပ္စစ္ဓာတ္အားရရွိေရး အတြက္ေဆာင္႐ြက္ေပးႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ဒုတိယဝန္ႀကီးဦးျမင့္စိုးမွ ဆိုသည္။

ထို႔ျပင္ နစကအေနျဖင့္လည္း မူဝါဒမ်ားႏွင့္ မဟာဗ်ဴဟာမ်ား ခ်မွတ္ၿပီး ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္မ်ား အသုံးျပဳ၍ မဟာ ဓာတ္အားလိုင္းျပင္ပစနစ္ ေက်းလက္မီးလင္းေရး ကာလတို၊ ကာလရွည္စီမံခ်က္မ်ား ေရးဆြဲကာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးျမင့္စိုးက ေျပာသည္။

Related news

© 2021. All rights reserved.