"တူနှစ်ကိုယ် ချစ်ခရီးစဉ်ထွက်ဖို့ အကောင်းဆုံး ကမ္ဘာ့နေရာတွေ" (ထူးခြားသုတဆောင်းပါး)

 719

ဝတီ (NP News) - အောက်တိုဘာ ၂၃

စုံတွဲတွေ၊ ဇနီးမောင်နှံတွေကို ချစ်သက်ရှည်စေတဲ့ အကြောင်းတရားတွေထဲမှာ ခရီး အတူထွက်ပေးတာလည်း ပါပါတယ်။

ကိုယ် ချစ်ရသူနဲ့ ခရီးအတူထွက်တာဟာ ဘဝမှာ မမေ့နိုင်စရာအဖိုးတန် အမှတ်တရလည်း ဖြစ်သွားဦးမှာပါ။ ဒါကြောင့် သံယောဇဉ်တွေ၊ အချစ်တွေ ခိုင်မြဲနေစေဖို့ ခရီး အတူထွက်သင့်ပါတယ်။ ဒါပေမဲ့ နှစ်ကိုယ်တူ ချစ်ခရီးစဉ်အဖြစ် ဘယ်နိုင်ငံရပ်ခြားကို သွားရမလဲ မသိဘူး ဖြစ်နေရင်တော့ ဒီစာလေးကို အဆုံးထိ ဖတ်လိုက်ပါ။

zawgyi version
"တူႏွစ္ကိုယ္ ခ်စ္ခရီးစဥ္ထြက္ဖို႔ အေကာင္းဆုံး ကမာၻ႔ေနရာေတြ" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ေအာက္တိုဘာ ၂၃

စုံတြဲေတြ၊ ဇနီးေမာင္ႏွံေတြကို ခ်စ္သက္ရွည္ေစတဲ့ အေၾကာင္းတရားေတြထဲမွာ ခရီး အတူထြက္ေပးတာလည္း ပါပါတယ္။

ကိုယ္ ခ်စ္ရသူနဲ႔ ခရီးအတူထြက္တာဟာ ဘဝမွာ မေမ့ႏိုင္စရာအဖိုးတန္ အမွတ္တရလည္း ျဖစ္သြားဦးမွာပါ။ ဒါေၾကာင့္ သံေယာဇဥ္ေတြ၊ အခ်စ္ေတြ ခိုင္ၿမဲေနေစဖို႔ ခရီး အတူထြက္သင့္ပါတယ္။ ဒါေပမဲ့ ႏွစ္ကိုယ္တူ ခ်စ္ခရီးစဥ္အျဖစ္ ဘယ္ႏိုင္ငံရပ္ျခားကို သြားရမလဲ မသိဘူး ျဖစ္ေနရင္ေတာ့ ဒီစာေလးကို အဆုံးထိ ဖတ္လိုက္ပါ။

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ (Paris, France)

ပဲရစ်ကတော့ အချစ်မြို့တော်လို့ ကမ္ဘာကျော်နေတဲ့ နေရာဆိုတော့ အထွေအထူးညွှန်း နေစရာတောင် မလိုတော့ပါဘူး။ ဒီနေရာက တကယ့်ကို နှစ်ကိုယ်တည်း ချိန်းတွေ့လို့ကောင်းတဲ့နေရာလေ။ ကမ္ဘာကျော် အီဖယ်လ်တာဝါကြီးပေါ်မှာ ချိန်းတွေ့ပြီး ညစာ စားလိုက်ရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ ဒါ့ပြင် ပဲရစ်မှာ တခြား လျှောက်ကြည့်စရာတွေ၊ လျှောက်လေ့လာစရာတွေ အများကြီးပဲတဲ့လေ။

zawgyi version
ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕ (Paris, France)

ပဲရစ္ကေတာ့ အခ်စ္ၿမိဳ႕ေတာ္လို႔ ကမာၻေက်ာ္ေနတဲ့ ေနရာဆိုေတာ့ အေထြအထူးၫႊန္း ေနစရာေတာင္ မလိုေတာ့ပါဘူး။ ဒီေနရာက တကယ့္ကို ႏွစ္ကိုယ္တည္း ခ်ိန္းေတြ႕လို႔ေကာင္းတဲ့ေနရာေလ။ ကမာၻေက်ာ္ အီဖယ္လ္တာဝါႀကီးေပၚမွာ ခ်ိန္းေတြ႕ၿပီး ညစာ စားလိုက္ရရင္ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္မလဲ။ ဒါ့ျပင္ ပဲရစ္မွာ တျခား ေလွ်ာက္ၾကည့္စရာေတြ၊ ေလွ်ာက္ေလ့လာစရာေတြ အမ်ားႀကီးပဲတဲ့ေလ။

ဘာလီ ၊ အင်ဒိုနီးရှား (Bali, Indonesia)

ဥရောပဘက်ကို မလှည့်ချင်သေးဘူး၊ အာရှထဲက ကမ္ဘာကျော်နေရာတွေကိုပဲ သွားချင်တယ်ဆိုရင်တော့ အင်ဒိုနီးရှားနိုင်ငံက ဘာလီကျွန်းလောက် စုံတွဲတွေအတွက် ကောင်းတာ ရှိမှာမဟုတ်တော့ပါဘူး။ အဲဒီနေရာဟာ ကမ်းခြေတွေ၊ တောင်တွေနဲ့ဆိုတော့ တကယ့်လောကနိဗ္ဗာန်လေး အတိုင်းပါပဲတဲ့လေ။ အဲဒီမှာ ကိုယ်ချစ်ရသူနဲ့အတူရေလှိုင်းစီးလို့ရတယ်၊ ရေငုပ်လို့ရတယ်၊ ရှော့ပင် ထွက်ချင်ရင်လည်းရတယ်၊ ရှုခင်းတွေ လျှောက်ကြည့်ချင်ရင်လည်း ရပါတယ်။

zawgyi version
ဘာလီ ၊ အင္ဒိုနီးရွား (Bali, Indonesia)

ဥေရာပဘက္ကို မလွည့္ခ်င္ေသးဘူး၊ အာရွထဲက ကမာၻေက်ာ္ေနရာေတြကိုပဲ သြားခ်င္တယ္ဆိုရင္ေတာ့ အင္ဒိုနီးရွားႏိုင္ငံက ဘာလီကြၽန္းေလာက္ စုံတြဲေတြအတြက္ ေကာင္းတာ ရွိမွာမဟုတ္ေတာ့ပါဘူး။ အဲဒီေနရာဟာ ကမ္းေျခေတြ၊ ေတာင္ေတြနဲ႔ဆိုေတာ့ တကယ့္ေလာကနိဗၺာန္ေလး အတိုင္းပါပဲတဲ့ေလ။ အဲဒီမွာ ကိုယ္ခ်စ္ရသူနဲ႔အတူေရလႈိင္းစီးလို႔ရတယ္၊ ေရငုပ္လို႔ရတယ္၊ ေရွာ့ပင္ ထြက္ခ်င္ရင္လည္းရတယ္၊ ရႈခင္းေတြ ေလွ်ာက္ၾကည့္ခ်င္ရင္လည္း ရပါတယ္။

ဗင်းနစ်၊ အီတလီ (Venice, Italy)

ဗင်းနစ်ကလည်း ပဲရစ်တို့၊ ဘာလီတို့လိုပဲ အထွေအထူး ညွှန်းစရာမလိုလောက်အောင် နာ မည်ကြီးပြီးသားပါ။ အထူးသဖြင့် ညဘက်မှာမီးတွေ ထိန်ထိန်ညီးညီးနဲ့ဆို ဒီမြို့လေးအလှက ပိုလို့တောင် ထင်ပေါ်နေပါသေးသတဲ့။ အဲဒီမှာ ကိုယ့်ဘဝလက်တွဲဖော်နဲ့အတူ လှေလျှောက်စီးပြီးအတွေ့အကြုံသစ်တွေ ယူလို့ရသလို ကော်ဖီဆိုင်လှလှလေးမှာ ထိုင်ပြီးတော့လည်း ရှုခင်းအသစ်အဆန်းတွေကို ငေးကြည့်လိုက်၊ ချစ်သူ့မျက်နှာကိုငေးကြည့်လိုက် လုပ်လို့ရပါသေးတယ်။ ဗင်းနစ်က ကမ္ဘာကျော်နေရာဆိုတော့ တည်းခိုစရိတ်တွေ ခေါင်ခိုက်နေမှာပဲဆိုပေမယ့်ဈေး ခပ်ပေါပေါ တည်းခိုဆောင်တွေလည်း ရှိပါသတဲ့။

zawgyi version
ဗင္းနစ္၊ အီတလီ (Venice, Italy)

ဗင္းနစ္ကလည္း ပဲရစ္တို႔၊ ဘာလီတို႔လိုပဲ အေထြအထူး ၫႊန္းစရာမလိုေလာက္ေအာင္ နာ မည္ႀကီးၿပီးသားပါ။ အထူးသျဖင့္ ညဘက္မွာမီးေတြ ထိန္ထိန္ညီးညီးနဲ႔ဆို ဒီၿမိဳ႕ေလးအလွက ပိုလို႔ေတာင္ ထင္ေပၚေနပါေသးသတဲ့။ အဲဒီမွာ ကိုယ့္ဘဝလက္တြဲေဖာ္နဲ႔အတူ ေလွေလွ်ာက္စီးၿပီးအေတြ႕အႀကဳံသစ္ေတြ ယူလို႔ရသလို ေကာ္ဖီဆိုင္လွလွေလးမွာ ထိုင္ၿပီးေတာ့လည္း ရႈခင္းအသစ္အဆန္းေတြကို ေငးၾကည့္လိုက္၊ ခ်စ္သူ႔မ်က္ႏွာကိုေငးၾကည့္လိုက္ လုပ္လို႔ရပါေသးတယ္။ ဗင္းနစ္က ကမာၻေက်ာ္ေနရာဆိုေတာ့ တည္းခိုစရိတ္ေတြ ေခါင္ခိုက္ေနမွာပဲဆိုေပမယ့္ေဈး ခပ္ေပါေပါ တည္းခိုေဆာင္ေတြလည္း ရွိပါသတဲ့။

အင်တာလိတ်ကန်၊ ဆွစ်ဇာလန် (Interlaken, Switzerland)

ဆွစ်ဇာလန်နိုင်ငံက ရှုခင်းတွေ ဘယ်လောက်အထိ လှသလဲဆိုတာကိုတော့ လူတိုင်းလိုလို တီဗီဖန်သားပြင်ပေါ်မှာ၊ ဖုန်းဖန်သားပြင်ပေါ်မှာမြင်ဖူးကြမှာပါပဲ။ သိပ်လှတဲ့ ဆွစ်ဇာလန်က နေရာတွေထဲမှာမှ အင်တာလိတ်ကန်ဆိုတဲ့ မြို့လေးကတော့ နှစ်ကိုယ်တူ ချစ်ခရီးစဉ်ထွက်ချင်သူတွေအတွက် အသင့်တော်ဆုံးပါ။ ဒီမြို့လေးက ရေကန်ကြီးတစ်ခုနားမှာ တည် ရှိတဲ့ မြို့လေးပါ။ ပြီးတော့ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၅ဝဝ မှာတည်ရှိပြီး ဘားနက်စ်အက်ပ်စ်တောင်တန်းကသူ့ကို ပတ်လည်ဝိုင်းထားပါတယ်။ ဒါကြောင့် တမျှော်တခေါ်ကြီးစိမ်းစိုလှပနေတဲ့ ဒီနေရာမှာ နှစ်ယောက်အတူ ခရီးကြမ်း ထွက်တာမျိုး၊မြင်းစီး ထွက်တာမျိုး လုပ်လို့ရပါတယ်။ ဒါမှမဟုတ် မြင်းလှည်းလေးငြိမ့်ငြိမ့်ညောင်းညောင်း စီးပြီး ရေကန်ဆီ သွားလည်လို့လည်း ရတာပေါ့။

zawgyi version
အင္တာလိတ္ကန္၊ ဆြစ္ဇာလန္ (Interlaken, Switzerland)

ဆြစ္ဇာလန္ႏိုင္ငံက ရႈခင္းေတြ ဘယ္ေလာက္အထိ လွသလဲဆိုတာကိုေတာ့ လူတိုင္းလိုလို တီဗီဖန္သားျပင္ေပၚမွာ၊ ဖုန္းဖန္သားျပင္ေပၚမွာျမင္ဖူးၾကမွာပါပဲ။ သိပ္လွတဲ့ ဆြစ္ဇာလန္က ေနရာေတြထဲမွာမွ အင္တာလိတ္ကန္ဆိုတဲ့ ၿမိဳ႕ေလးကေတာ့ ႏွစ္ကိုယ္တူ ခ်စ္ခရီးစဥ္ထြက္ခ်င္သူေတြအတြက္ အသင့္ေတာ္ဆုံးပါ။ ဒီၿမိဳ႕ေလးက ေရကန္ႀကီးတစ္ခုနားမွာ တည္ ရွိတဲ့ ၿမိဳ႕ေလးပါ။ ၿပီးေတာ့ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပ ၆၅ဝဝ မွာတည္ရွိၿပီး ဘားနက္စ္အက္ပ္စ္ေတာင္တန္းကသူ႔ကို ပတ္လည္ဝိုင္းထားပါတယ္။ ဒါေၾကာင့္ တေမွ်ာ္တေခၚႀကီးစိမ္းစိုလွပေနတဲ့ ဒီေနရာမွာ ႏွစ္ေယာက္အတူ ခရီးၾကမ္း ထြက္တာမ်ိဳး၊ျမင္းစီး ထြက္တာမ်ိဳး လုပ္လို႔ရပါတယ္။ ဒါမွမဟုတ္ ျမင္းလွည္းေလးၿငိမ့္ၿငိမ့္ေညာင္းေညာင္း စီးၿပီး ေရကန္ဆီ သြားလည္လို႔လည္း ရတာေပါ့။

ဆေးရှဲလ်စ် ကျွန်းစု (Seychelles)

ဒီနေရာလေးကလည်း တကယ့်ကို လောကနိဗ္ဗာန်ဘုံလေးပါပဲ။ ဆေးရှဲလ်စ် ဆိုတာကတော့ အိန္ဒိယ သမုဒ္ဒရာမှာ တည်ရှိပြီး ကျွန်းပေါင်း ၁၁၅ ခုနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းစုပါ။ နှစ်ကိုယ်တူ ချစ်ခရီးစဉ်အတွက် အကောင်းဆုံး ကမ္ဘာ့နေရာတွေထဲမှာ ဒီနေရာ ခဏခဏ ပါလေ့ရှိပါတယ်။ ကျွန်းဆိုတဲ့အတိုင်း သူ့ကမ်းခြေတွေက သိပ်ကိုလှပါတယ်။ ဟိုတယ်တွေ၊ လုံးချင်းဘန်ဂလိုလေးတွေကလည်း သိပ်ဈေးကြီးပြီး အစားအသောက် တွေကလည်း သိပ်ကောင်း၊ ဝန်ဆောင်မှုလည်း အင်မတန် ကောင်းပါတယ်။

zawgyi version
ေဆးရွဲလ္စ္ ကြၽန္းစု (Seychelles)

ဒီေနရာေလးကလည္း တကယ့္ကို ေလာကနိဗၺာန္ဘုံေလးပါပဲ။ ေဆးရွဲလ္စ္ ဆိုတာကေတာ့ အိႏၵိယ သမုဒၵရာမွာ တည္ရွိၿပီး ကြၽန္းေပါင္း ၁၁၅ ခုနဲ႔ ဖြဲ႕စည္းထားတဲ့ ကြၽန္းစုပါ။ ႏွစ္ကိုယ္တူ ခ်စ္ခရီးစဥ္အတြက္ အေကာင္းဆုံး ကမာၻ႔ေနရာေတြထဲမွာ ဒီေနရာ ခဏခဏ ပါေလ့ရွိပါတယ္။ ကြၽန္းဆိုတဲ့အတိုင္း သူ႔ကမ္းေျခေတြက သိပ္ကိုလွပါတယ္။ ဟိုတယ္ေတြ၊ လုံးခ်င္းဘန္ဂလိုေလးေတြကလည္း သိပ္ေဈးႀကီးၿပီး အစားအေသာက္ ေတြကလည္း သိပ္ေကာင္း၊ ဝန္ေဆာင္မႈလည္း အင္မတန္ ေကာင္းပါတယ္။

မော်လ်ဒိုက်ဗ်စ် (Maldives)

နှစ်ကိုယ်တူ ချစ်ခရီးစဉ် ထွက်ဖို့ ကမ္ဘာ့အကောင်းဆုံး နေရာစာရင်းထဲမှာ မော်လ်ဒိုက်ဗ်စ်မှ မပါရင် မပြည့်စုံနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်မှာ ငွေကြေး အင်မတန် အဆင်ပြေတယ်ဆိုရင်တစ်သက်မှာ တစ်ခါတော့ မော်လ်ဒိုက်ဗ်စ်ကို အရောက်သွားသင့်ပါတယ်။ ဒီအတွေ့အကြုံဟာ တစ်သက်တာ မမေ့နိုင်စရာ ချစ်ခရီးစဉ် အတွေ့အကြုံဖြစ်သွားမှာ အသေအချာပါပဲ။ မော်လ်ဒိုက်ဗ်စ်ကို သွားလည်မယ်ဆိုရင်တော့ ဧပြီလကနေ အောက်တိုဘာလကြားထဲ သွားတာ အကောင်းဆုံးပါတဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်ဟာ ရေငုပ်ဆင်းတာ၊ ရေငုပ်ပြီး ရေအောက် သတ္တဝါ အလှအပတွေကို ကြည့်တာတွေအတွက် ရေအောက် မြင်ကွင်းအကောင်းဆုံး အချိန်မို့လို့ပါတဲ့။ မော်လ်ဒိုက်ဗ်စ်ဟာ ကြင်စဦး ဇနီးမောင်နှံတွေ ဟန်းနီးမွန်းထွက်ဖို့အကောင်းဆုံး နေရာအဖြစ် နာမည်ကြီးသလို အိမ်ထောင်သက် ကြာနေပြီဖြစ်တဲ့ ဇနီးမောင်နှံတွေ ညားခါစတုန်းကလိုပဲ ပြန်ပြီး ခံစားသွားရစေမယ့် နေရာလည်း ဖြစ်ပါတယ်။

zawgyi version
ေမာ္လ္ဒိုက္ဗ္စ္ (Maldives)

ႏွစ္ကိုယ္တူ ခ်စ္ခရီးစဥ္ ထြက္ဖို႔ ကမာၻ႔အေကာင္းဆုံး ေနရာစာရင္းထဲမွာ ေမာ္လ္ဒိုက္ဗ္စ္မွ မပါရင္ မျပည့္စုံႏိုင္ပါဘူး။ ဒါေၾကာင့္ ကိုယ့္မွာ ေငြေၾကး အင္မတန္ အဆင္ေျပတယ္ဆိုရင္တစ္သက္မွာ တစ္ခါေတာ့ ေမာ္လ္ဒိုက္ဗ္စ္ကို အေရာက္သြားသင့္ပါတယ္။ ဒီအေတြ႕အႀကဳံဟာ တစ္သက္တာ မေမ့ႏိုင္စရာ ခ်စ္ခရီးစဥ္ အေတြ႕အႀကဳံျဖစ္သြားမွာ အေသအခ်ာပါပဲ။ ေမာ္လ္ဒိုက္ဗ္စ္ကို သြားလည္မယ္ဆိုရင္ေတာ့ ဧၿပီလကေန ေအာက္တိုဘာလၾကားထဲ သြားတာ အေကာင္းဆုံးပါတဲ့။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီအခ်ိန္ဟာ ေရငုပ္ဆင္းတာ၊ ေရငုပ္ၿပီး ေရေအာက္ သတၱဝါ အလွအပေတြကို ၾကည့္တာေတြအတြက္ ေရေအာက္ ျမင္ကြင္းအေကာင္းဆုံး အခ်ိန္မို႔လို႔ပါတဲ့။ ေမာ္လ္ဒိုက္ဗ္စ္ဟာ ၾကင္စဦး ဇနီးေမာင္ႏွံေတြ ဟန္းနီးမြန္းထြက္ဖို႔အေကာင္းဆုံး ေနရာအျဖစ္ နာမည္ႀကီးသလို အိမ္ေထာင္သက္ ၾကာေနၿပီျဖစ္တဲ့ ဇနီးေမာင္ႏွံေတြ ညားခါစတုန္းကလိုပဲ ျပန္ၿပီး ခံစားသြားရေစမယ့္ ေနရာလည္း ျဖစ္ပါတယ္။

အမ်မယ်လ်ဖီကမ်းရိုးတန်း၊ အီတလီ။ (Amalfi Coast, Italy)

အမ်မယ်လ်ဖီ ကမ်းရိုးတန်းကတော့ အီတလီတောင်ပိုင်းမှာတည်ရှိပါတယ်။ အဲဒီကမ်းရိုး တန်းမှာ ရင်သပ်ရှုမောစရာ ကမ်းခြေတွေအပြင် တောင်စောင်းထက်မှာ အဆောက်အဦး လှလှလေးတွေလည်း ရှိပါတယ်။ တောင်စောင်းတွေပေါ်က အဆောက်အဦးတွေဟာ တချို့ကလူနေအိမ်တွေ၊ တချို့က ကော်ဖီဆိုင်လှလှလေးတွေပေါ့။ အဲဒီကော်ဖီဆိုင်တွေ ကနေ လှမ်းမျှော်ကြည့်လိုက်ရင် မြေထဲပင်လယ်ကို မြင်ရမှာပါ။ ဒါကြောင့် ကိုယ့်ဘဝ လက်တွဲဖော်နဲ့အတူတူ ရေကူး၊ သင်္ဘောစီး၊ ကော်ဖီဆိုင် ထိုင်လို့ရတာပေါ့။ တူနှစ်ကိုယ် ချစ်ခရီးစဉ်ထွက်ဖို့ အကောင်းဆုံး ကမ္ဘာ့နေရာတွေထဲမှာ ဒီနေရာလည်း ခဏခဏ ပါပါတယ်။

zawgyi version
အမ္မယ္လ္ဖီကမ္း႐ိုးတန္း၊ အီတလီ။ (Amalfi Coast, Italy)

အမ္မယ္လ္ဖီ ကမ္း႐ိုးတန္းကေတာ့ အီတလီေတာင္ပိုင္းမွာတည္ရွိပါတယ္။ အဲဒီကမ္း႐ိုး တန္းမွာ ရင္သပ္ရႈေမာစရာ ကမ္းေျခေတြအျပင္ ေတာင္ေစာင္းထက္မွာ အေဆာက္အဦး လွလွေလးေတြလည္း ရွိပါတယ္။ ေတာင္ေစာင္းေတြေပၚက အေဆာက္အဦးေတြဟာ တခ်ိဳ႕ကလူေနအိမ္ေတြ၊ တခ်ိဳ႕က ေကာ္ဖီဆိုင္လွလွေလးေတြေပါ့။ အဲဒီေကာ္ဖီဆိုင္ေတြ ကေန လွမ္းေမွ်ာ္ၾကည့္လိုက္ရင္ ေျမထဲပင္လယ္ကို ျမင္ရမွာပါ။ ဒါေၾကာင့္ ကိုယ့္ဘဝ လက္တြဲေဖာ္နဲ႔အတူတူ ေရကူး၊ သေဘၤာစီး၊ ေကာ္ဖီဆိုင္ ထိုင္လို႔ရတာေပါ့။ တူႏွစ္ကိုယ္ ခ်စ္ခရီးစဥ္ထြက္ဖို႔ အေကာင္းဆုံး ကမာၻ႔ေနရာေတြထဲမွာ ဒီေနရာလည္း ခဏခဏ ပါပါတယ္။

Related news

© 2021. All rights reserved.