ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရကာ အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ သေဆုံး
1381
NP News - အောက်တိုဘာ ၂၄
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ (၂၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ် ခတ်ခံခဲ့ရကာ အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာအနီးရှိ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၂၄ ရက်)၊ နေ့လည် ၂ နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ လှော်ကား-ဝါးတစ်ရာလမ်းရှိ (၂၇)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အမျိုးသား(၂)ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အုပ်ချုပ်ရေးမှူးရုံး အပစ်ခံရတာ ဟုတ်တယ်။ အုပ်ကြီးကတော့ မသေဘူး။ ခြေ ထောက်မှာတော့ အနည်းငယ်ရသွားတယ်။ ဒါပေမယ့် ဇနီးဖြစ်သူကတော့ ဆုံးသွားတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ခန်း၌ ထိုင်နေသည့် အုပ် ချုပ်ရေးမှူး ဦးမျိုးမင်းသန်းနှင့် ဇနီးဖြစ်သူ ဒေါ်မာလာမွန်တို့မှာ သေနတ်ဒဏ်ရာများရရှိခဲ့ပြီး ဒေါ်မာလာမွန်ဆိုသည်မှာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း အထက်ပါသ တင်းအရင်းအမြစ်က ဆက်လက်ပြောသည်။
zawgyi version
ေ႐ႊျပည္သာၿမိဳ႕နယ္အတြင္းရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး ပစ္ခတ္ခံရကာ အုပ္ခ်ဳပ္ေရးမႉး၏ ဇနီးျဖစ္သူ ေသဆုံး
NP News - ေအာက္တိုဘာ ၂၄
ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္အတြင္းရွိ (၂၇)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး ပစ္ ခတ္ခံခဲ့ရကာ အုပ္ခ်ဳပ္ေရးမႉး၏ ဇနီးျဖစ္သူ ေသဆုံးခဲ့ေၾကာင္း အခင္းျဖစ္ပြားရာေနရာအနီးရွိ သတင္းအရင္းအျမစ္တစ္ဦးက ေျပာသည္။
ျဖစ္စဥ္မွာ ယေန႔ (ေအာက္တိုဘာလ ၂၄ ရက္)၊ ေန႔လည္ ၂ နာရီအခ်ိန္ခန႔္တြင္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ေလွာ္ကား-ဝါးတစ္ရာလမ္းရွိ (၂၇)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးအား အမ်ိဳးသား(၂)ဦးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အုပ္ခ်ဳပ္ေရးမႉး႐ုံး အပစ္ခံရတာ ဟုတ္တယ္။ အုပ္ႀကီးကေတာ့ မေသဘူး။ ေျခ ေထာက္မွာေတာ့ အနည္းငယ္ရသြားတယ္။ ဒါေပမယ့္ ဇနီးျဖစ္သူကေတာ့ ဆုံးသြားတယ္” ဟု အထက္ပါသတင္းအရင္းအျမစ္က ေျပာသည္။
ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးေရွ႕ခန္း၌ ထိုင္ေနသည့္ အုပ္ ခ်ဳပ္ေရးမႉး ဦးမ်ိဳးမင္းသန္းႏွင့္ ဇနီးျဖစ္သူ ေဒၚမာလာမြန္တို႔မွာ ေသနတ္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ေဒၚမာလာမြန္ဆိုသည္မွာ ေနရာတြင္ပင္ ေသဆုံးခဲ့ေၾကာင္း အထက္ပါသ တင္းအရင္းအျမစ္က ဆက္လက္ေျပာသည္။