ရန်ကုန်-မော်လမြိုင်ကားလမ်း၌ ခရီးသည်တင်ကား ပစ်ခတ်တိုက်ခိုက်ခံရကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

1420
NP News - အောက်တိုဘာ ၂၅
ရန်ကုန်- မော်လမြိုင် ကားလမ်းပေါ်တွင် ခရီးသည်တင်ကား တစ်စီး ပစ်ခတ်တိုက် ခိုက်ခံရပြီး ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ(၂၄)ရက်၊ ည(၈)နာရီခွဲအချိန်ခန့်တွင် ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ ကျိုက်ထိုမြို့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ရာနေရာအနီးရှိ သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။
ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် “ရွှေဝယ်မင်း” ခရီးသည်တင်ကားအား ကျိုက်ထိုမြို့အနီးအရောက်တွင် အကြမ်းဖက်သမားများက လမ်း၏ တစ်ဖက်ခြမ်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါသတင်းအရင်းအမြစ်မှ NP News ကိုပြောသည်။
ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အဆိုပါခရီးသည်တင်ကားပေါ်ရှိ ခုံနံပါတ်(၁၁)တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်အခြေအနေဖြင့် ဆေးကုသနိုင်ရန် သုဝဏ္ဏဝတီမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္း၌ ခရီးသည္တင္ကား ပစ္ခတ္တိုက္ခိုက္ခံရကာ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိ
NP News - ေအာက္တိုဘာ ၂၅
ရန္ကုန္- ေမာ္လၿမိဳင္ ကားလမ္းေပၚတြင္ ခရီးသည္တင္ကား တစ္စီး ပစ္ခတ္တိုက္ ခိုက္ခံရၿပီး ကားေပၚတြင္ လိုက္ပါလာသည့္ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ေအာက္တိုဘာလ(၂၄)ရက္၊ ည(၈)နာရီခြဲအခ်ိန္ခန႔္တြင္ ရန္ကုန္-ေမာ္လၿမိဳင္ ကားလမ္းေပၚရွိ က်ိဳက္ထိုၿမိဳ႕အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ရာေနရာအနီးရွိ သတင္းအရင္းအျမစ္တစ္ဦးထံမွ သိရသည္။
ရန္ကုန္ဘက္မွ ေမာ္လၿမိဳင္ဘက္သို႔ ေမာင္းႏွင္လာသည့္ “ေ႐ႊဝယ္မင္း” ခရီးသည္တင္ကားအား က်ိဳက္ထိုၿမိဳ႕အနီးအေရာက္တြင္ အၾကမ္းဖက္သမားမ်ားက လမ္း၏ တစ္ဖက္ျခမ္းမွ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း အဆိုပါသတင္းအရင္းအျမစ္မွ NP News ကိုေျပာသည္။
ပစ္ခတ္တိုက္ခိုက္ခံရမႈေၾကာင့္ အဆိုပါခရီးသည္တင္ကားေပၚရွိ ခုံနံပါတ္(၁၁)တြင္ လိုက္ပါလာသည့္ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး အေရးေပၚအေျခအေနျဖင့္ ေဆးကုသႏိုင္ရန္ သုဝဏၰဝတီၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။