မန္တလေးမြို့၌ နေ့ခင်းအချိန် ဖုန်းဆိုင်တစ်ခုအတွင်း လူ(၉)ဦးမှဝင်ရောက်အနုကြမ်းစီးမှုဖြစ်ပွားခဲ့ပြီး ငွေကျပ်သိန်း(၇ဝဝ)တန်ဖိုးရှိ ဖုန်းများလုယက်ခံရ

 4584

NP News - အောက်တိုဘာ ၂၅

မန္တလေးမြို့၌ နေ့ခင်းပိုင်းအချိန် ဖုန်းဆိုင်တစ်ခုအတွင်း လူ(၉)ဦးမှ ဝင်ရောက်အနု ကြမ်းစီးမှုဖြစ်ပွားခဲ့ရာ ငွေကျပ်သိန်း (၇ဝဝ)တန်ဖိုးရှိ ဖုန်းအလုံးပေါင်းများစွာ လု ယက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၂၅ ရက်)၊ နေ့လည် ၂ နာရီအချိန်ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဂုံးအနောက်ဘက်ခြင်း၊ ဘုရားကြီးတောင်ဘက်မုခ်ရှိ အောင်ဇေမိုဘိုင်းဖုန်း Second အရောင်းဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အောင်ဇေမိုဘိုင်းဖုန်းဆိုင်အား အမျိုးသား(၉)ဦးက ဓားများကိုင်ဆောင်လာပြီး ဆိုင်အတွင်းဝင်ရောက်ကာ အနုကြမ်းစီးလုယက်သွားခြင်းဖြစ်ကြောင်း အဆိုပါဆိုင်နှင့်နီးစပ်သူတစ်ဦးက ပြောဆိုထားသည်။

“ခုလေးတင်ပဲ ကျွန်တော့်တူဆိုင်မှ အနုကြမ်းဝင်စီးသွားပါတယ်။ ဖုန်းအလုံးရေ 100 ကျော် သိန်းပေါင်း 700 ကျော်ဝန်းကျင်ရှိပါတယ်။ ရောင်းမှားဝယ်မှားမဖြစ်ဖို့ ကူညီပေးကြပါ” ဟု ၎င်းက လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားကာ အကူအညီတောင်းခံထားသည်။

ထိုသို့ အနုကြမ်းစီးခံရမှုကြောင့် ဖုန်းအလုံးရေ(၁ဝဝ)ကျော်ပါသွားပြီး ကာလတန်ဖိုးအားဖြင့် ငွေကျပ် သိန်း(၇ဝဝ)ကျော်တန်ဖိုးရှိကြောင်း သိရသည်။

ယခု ၂ဝ၂၂ ခုနှစ်အတွင်း မန္တလေးမြို့၌ အနုကြမ်းစီးမှု၊ ဓါးပြတိုက်မှု၊ လူသတ်ကာ လုယက်မှုအများအပြားဖြစ်ပွားခဲ့သည်ကို ဖြစ်စဉ်များအရ တွေ့ရှိရသည်။

zawgyi version
မႏၲေလးၿမိဳ႕၌ ေန႔ခင္းအခ်ိန္ ဖုန္းဆိုင္တစ္ခုအတြင္း လူ(၉)ဦးမွဝင္ေရာက္အႏုၾကမ္းစီးမႈျဖစ္ပြားခဲ့ၿပီး ေငြက်ပ္သိန္း(၇ဝဝ)တန္ဖိုးရွိ ဖုန္းမ်ားလုယက္ခံရ
NP News - ေအာက္တိုဘာ ၂၅

မႏၲေလးၿမိဳ႕၌ ေန႔ခင္းပိုင္းအခ်ိန္ ဖုန္းဆိုင္တစ္ခုအတြင္း လူ(၉)ဦးမွ ဝင္ေရာက္အႏု ၾကမ္းစီးမႈျဖစ္ပြားခဲ့ရာ ေငြက်ပ္သိန္း (၇ဝဝ)တန္ဖိုးရွိ ဖုန္းအလုံးေပါင္းမ်ားစြာ လု ယက္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ေအာက္တိုဘာလ ၂၅ ရက္)၊ ေန႔လည္ ၂ နာရီအခ်ိန္ခန႔္တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ဦးပြားဂုံးအေနာက္ဘက္ျခင္း၊ ဘုရားႀကီးေတာင္ဘက္မုခ္ရွိ ေအာင္ေဇမိုဘိုင္းဖုန္း Second အေရာင္းဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ေအာင္ေဇမိုဘိုင္းဖုန္းဆိုင္အား အမ်ိဳးသား(၉)ဦးက ဓားမ်ားကိုင္ေဆာင္လာၿပီး ဆိုင္အတြင္းဝင္ေရာက္ကာ အႏုၾကမ္းစီးလုယက္သြားျခင္းျဖစ္ေၾကာင္း အဆိုပါဆိုင္ႏွင့္နီးစပ္သူတစ္ဦးက ေျပာဆိုထားသည္။

“ခုေလးတင္ပဲ ကြၽန္ေတာ့္တူဆိုင္မွ အႏုၾကမ္းဝင္စီးသြားပါတယ္။ ဖုန္းအလုံးေရ 100 ေက်ာ္ သိန္းေပါင္း 700 ေက်ာ္ဝန္းက်င္ရွိပါတယ္။ ေရာင္းမွားဝယ္မွားမျဖစ္ဖို႔ ကူညီေပးၾကပါ” ဟု ၎က လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားကာ အကူအညီေတာင္းခံထားသည္။

ထိုသို႔ အႏုၾကမ္းစီးခံရမႈေၾကာင့္ ဖုန္းအလုံးေရ(၁ဝဝ)ေက်ာ္ပါသြားၿပီး ကာလတန္ဖိုးအားျဖင့္ ေငြက်ပ္ သိန္း(၇ဝဝ)ေက်ာ္တန္ဖိုးရွိေၾကာင္း သိရသည္။

ယခု ၂ဝ၂၂ ခုႏွစ္အတြင္း မႏၲေလးၿမိဳ႕၌ အႏုၾကမ္းစီးမႈ၊ ဓါးျပတိုက္မႈ၊ လူသတ္ကာ လုယက္မႈအမ်ားအျပားျဖစ္ပြားခဲ့သည္ကို ျဖစ္စဥ္မ်ားအရ ေတြ႕ရွိရသည္။

© 2021. All rights reserved.