မြောက်ဥက္ကလာ၌ ရာအိမ်မှူးတစ်ဦး ရုံးသို့သွားစဉ်အချိန် လမ်းလျှောက်လာသူက သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

 1226

NP News - အောက်တိုဘာ ၂၆

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၌ ရာအိမ်မှူးတစ်ဦးရုံးသို့ သွားစဉ်အချိန် လမ်းလျှောက်လာသူက သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၆ ရက်)တွင် မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ၊ (ဌ)ရပ်ကွက်၊ စကားဝါလမ်းနှင့်သဇင်လမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း အခင်းဖြစ်ပွားရာနေရာအနီးရှိ သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

ရာအိမ်မှူးဖြစ်သူ ဦးစိုးစိုးသည် ဆိုင်ကယ်ဖြင့် ဝေဘာဂီလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်စဉ်အချိန်တွင် စကားဝါလမ်းနှင့် သဇင်လမ်းထောင့်အရောက်တွင် လမ်းလျှောက်လာသူက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောသည်။

ထိုသို့ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးဖြစ်သူ ဦးစိုးစိုးမှာ လည်ပင်းနှင့် ရင်ဘတ်တို့ ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေရှိကာ လက်ရှိတွင် ဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း သိရသည်။

zawgyi version
ေျမာက္ဥကၠလာ၌ ရာအိမ္မႉးတစ္ဦး ႐ုံးသို႔သြားစဥ္အခ်ိန္ လမ္းေလွ်ာက္လာသူက ေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္ပြား
NP News - ေအာက္တိုဘာ ၂၆

ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၌ ရာအိမ္မႉးတစ္ဦး႐ုံးသို႔ သြားစဥ္အခ်ိန္ လမ္းေလွ်ာက္လာသူက ေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ေအာက္တိုဘာလ ၆ ရက္)တြင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေဝဘာဂီ၊ (ဌ)ရပ္ကြက္၊ စကားဝါလမ္းႏွင့္သဇင္လမ္းေထာင့္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း အခင္းျဖစ္ပြားရာေနရာအနီးရွိ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

ရာအိမ္မႉးျဖစ္သူ ဦးစိုးစိုးသည္ ဆိုင္ကယ္ျဖင့္ ေဝဘာဂီလမ္းရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးသို႔ သြားေရာက္စဥ္အခ်ိန္တြင္ စကားဝါလမ္းႏွင့္ သဇင္လမ္းေထာင့္အေရာက္တြင္ လမ္းေလွ်ာက္လာသူက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆက္ လက္ေျပာသည္။

ထိုသို႔ပစ္ခတ္ခံရမႈေၾကာင့္ ရာအိမ္မႉးျဖစ္သူ ဦးစိုးစိုးမွာ လည္ပင္းႏွင့္ ရင္ဘတ္တို႔ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိခဲ့ၿပီး အသက္အႏၲရာယ္စိုးရိမ္ရသည့္အေျခအေနရွိကာ လက္ရွိတြင္ ေဆး႐ုံသို႔ ပို႔ေဆာင္ကုသေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.