ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို၏ (၆၉)နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပ

 598

photo: Yangon Zoo

NP News - အောက်တိုဘာ ၂၉

ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို၏ (၆၉)နှစ်ပြည့် မွေးနေ့ပွဲကို ယနေ့ (အောက်တို ဘာလ ၂၉ ရက်) နံနက်ပိုင်းတွင် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်၌ ကျင်းပခဲ့သည်။

(၆၉)နှစ်ပြည့်မွေးနေ့ပွဲတွင် ဆင်မကြီးမိုမိုက တိရိစ္ဆာန်ဥယျာဉ်အတွင်းရှိ ဆင်အ ပေါင်းအပါများနှင့်အတူ သစ်သီးကိတ်ခွဲခြင်း ကျင်းပခဲ့ကြောင်း သိရသည်။

ထို့ပြင် မွေးနေ့ပွဲအထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာအကအလှ၊ ရုပ်သေးအလှပြ၊ မျက်လှည့်ပြကွက်များဖြင့်လည်း ဧည့်ခံဖျော်ဖြေပွဲများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဆင်မကြီးမိုမို၏ (၆၉)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲအဖြစ် မနက်ဖြန် (အောက် တိုဘာလ ၃ဝ ရက်)၊ နေ့လည် ၁ နာရီအချိန်တွင်လည်း အဆိုတော်အိမ့်ချစ်၊ ဂျူနီယာချစ်ကောင်းတို့အပြင် အခြားသောတေးသံရှင်များက ဧည်ခံဖျော်ဖြေပွဲများ ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆင်မကြီးမိုမိုကို ကယားပြည်နယ်အတွင်း စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး (၇)နှစ်အရွယ်အချိန်တွင် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
ျပည္သူ႔အခ်စ္ေတာ္ ဆင္မႀကီးမိုမို၏ (၆၉)ႏွစ္ျပည့္ ေမြးေန႔ပြဲ က်င္းပ
NP News - ေအာက္တိုဘာ ၂၉

ျပည္သူ႔အခ်စ္ေတာ္ ဆင္မႀကီးမိုမို၏ (၆၉)ႏွစ္ျပည့္ ေမြးေန႔ပြဲကို ယေန႔ (ေအာက္တို ဘာလ ၂၉ ရက္) နံနက္ပိုင္းတြင္ ရန္ကုန္တိရိစာၦန္ဥယ်ာဥ္၌ က်င္းပခဲ့သည္။

(၆၉)ႏွစ္ျပည့္ေမြးေန႔ပြဲတြင္ ဆင္မႀကီးမိုမိုက တိရိစာၦန္ဥယ်ာဥ္အတြင္းရွိ ဆင္အ ေပါင္းအပါမ်ားႏွင့္အတူ သစ္သီးကိတ္ခြဲျခင္း က်င္းပခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေမြးေန႔ပြဲအထိမ္းအမွတ္အျဖစ္ ျမန္မာ့႐ိုးရာအကအလွ၊ ႐ုပ္ေသးအလွျပ၊ မ်က္လွည့္ျပကြက္မ်ားျဖင့္လည္း ဧည့္ခံေဖ်ာ္ေျဖပြဲမ်ားကို ျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။

ဆင္မႀကီးမိုမို၏ (၆၉)ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္ပြဲအျဖစ္ မနက္ျဖန္ (ေအာက္ တိုဘာလ ၃ဝ ရက္)၊ ေန႔လည္ ၁ နာရီအခ်ိန္တြင္လည္း အဆိုေတာ္အိမ့္ခ်စ္၊ ဂ်ဴနီယာခ်စ္ေကာင္းတို႔အျပင္ အျခားေသာေတးသံရွင္မ်ားက ဧည္ခံေဖ်ာ္ေျဖပြဲမ်ား ျပဳ လုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဆင္မႀကီးမိုမိုကို ကယားျပည္နယ္အတြင္း စတင္ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး (၇)ႏွစ္အ႐ြယ္အခ်ိန္တြင္ ရန္ကုန္တိရိစာၦန္ဥယ်ာဥ္သို႔ ေရာက္ရွိလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.