အမေရိကန် သမ္မတ နဲ့ ဒုသမ္မတတို့ လာမယ့်လအတွင်း အာဆီယံဒေသနိုင်ငံများကို သွားရောက်မယ်

 676

ဂျန်ဇက် (NP News) - အောက်တိုဘာ ၃ဝ
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ လာမယ့်နိုဝင်ဘာလအတွင်း အာရှတိုက် နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား နဲ့ အီဂျစ်နိုင်ငံတွေကို ချစ်ကြည်ရေးခရီးသွားရောက်မှာ ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိချိန်အတွင်း အာဆီယံ-အမေရိကန်ထိပ်သီးအစည်းအဝေးနဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်ကြောင်းသိရပါတယ်။

အမေရိကန်အစိုးရအဖွဲ့က သမ္မတ ဂျိုးဘိုင်ဒန်ဟာ ထိပ်သီးအစည်းအဝေးနှစ်ခုတက်ရောက်ဖို့ ကမ္ဘောဒီးယားနိုင်ငံကို နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ရက်တို့မှာ သွားရောက်မှာဖြစ်ကြောင်းသိရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားရာ အကြိမ် ၄ဝ မြောက် နဲ့ ၄၁ ကြိမ်မြောက်ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေး နဲ့ ဆက်စပ်အစည်းဝေးများကို အိမ်ရှင်အဖြစ် နိုဝင်ဘာ လ ၈ရက်ကနေ ၁၃ရက်အထိကျင်းပမှာဖြစ်ကြောင်းသိရပါတယ်။

ဂျိုးဘိုင်ဒန်ဟာ ကမ္ဘောဒီးယားနိုင်ငံကို မလာရောက်ခင် နိုဝင်ဘာလ ၁၁ရက်မှာကျင်းပမယ့် COP27 United Nations အစည်းအဝေးကိုတက်ရောက်ဖို့ အီဂျစ်နိုင်ငံကို အရင်သွားရောက်မှာဖြစ်ကြောင်း အမေရိကန်အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဂျိုးဘိုင်ဒန်ဟာ အီဂျစ်နဲ့ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် ဂျီ ၂ဝ စီးပွားရေး ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို ထပ်မံသွားရောက်မှာဖြစ်ကြောင်းသိရပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ အင်ဒိုနီးရှား နိုင်ငံမှာ နိုဝင်ဘာလ ၁၃ရက်ကနေ ၁၆ရက်အထိ နေထိုင်သွားမှာဖြစ်ကြောင်းသိရပါတယ်။

ဒါ့ပြင် အမေ ရိကန်ဒုတိယသမ္မတ ကာမာလာ ဟာရစ်ဟာလည်း လာမယ့်လအတွင်းအာရှတိုက်နိုင်ငံများကို ချစ်ကြည်ရေးခရီးလာရောက်မှာဖြစ်ပြီး အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းအဝေးကို တက်ရောက်ဖို့ ထိုင်းနိုင်ငံကို နိုဝင်ဘာလ ၁၈ရက်နဲ့ ၁၉ရက်တို့မှာ လာရောက်မှာဖြစ်ကြောင်းသိရပါတယ်။ အမေရိကန်ဒုတိယသမ္မတ ဟာရစ်ဟာ ထိုင်းနိုင်ငံကို သွားရောက်ပြီးနောက် ဖိလစ်ပိုင် နိုင်ငံကို ဆက်လက်ခရီးထွက်ခွာပြီး ဖိလစ်ပိုင်အစိုးရအဖွဲ့ခေါင်းဆောင်များ၊ အရပ် ဘက်ဆိုင်ရာအဖွဲ့စည်းများနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်းသိရပါတယ်။

Zawgyi Version
အေမရိကန္ သမၼတ နဲ႔ ဒုသမၼတတို႔ လာမယ့္လအတြင္း အာဆီယံေဒသႏိုင္ငံမ်ားကို သြားေရာက္မယ္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၃ဝ
အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ လာမယ့္ႏိုဝင္ဘာလအတြင္း အာရွတိုက္ ႏိုင္ငံေတြျဖစ္တဲ့ ကေမာၻဒီးယား၊ အင္ဒိုနီးရွား နဲ႔ အီဂ်စ္ႏိုင္ငံေတြကို ခ်စ္ၾကည္ေရးခရီးသြားေရာက္မွာ ျဖစ္ၿပီး ကေမာၻဒီးယားႏိုင္ငံကို ေရာက္ရွိခ်ိန္အတြင္း အာဆီယံ-အေမရိကန္ထိပ္သီးအစည္းအေဝးနဲ႔ အေရွ႕အာရွထိပ္သီးအစည္းအေဝးကို တက္ေရာက္မွာျဖစ္ေၾကာင္းသိရပါတယ္။

အေမရိကန္အစိုးရအဖြဲ႕က သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ ထိပ္သီးအစည္းအေဝးႏွစ္ခုတက္ေရာက္ဖို႔ ကေမာၻဒီးယားႏိုင္ငံကို ႏိုဝင္ဘာလ ၁၂ ရက္နဲ႔ ၁၃ရက္တို႔မွာ သြားေရာက္မွာျဖစ္ေၾကာင္းသိရပါတယ္။

ကေမာၻဒီးယားႏိုင္ငံဟာ အာဆီယံအလွည့္က် ဥကၠ႒ တာဝန္ယူထားရာ အႀကိမ္ ၄ဝ ေျမာက္ နဲ႔ ၄၁ ႀကိမ္ေျမာက္က်င္းပမယ့္ အာဆီယံထိပ္သီးအစည္းအေဝး နဲ႔ ဆက္စပ္အစည္းေဝးမ်ားကို အိမ္ရွင္အျဖစ္ ႏိုဝင္ဘာ လ ၈ရက္ကေန ၁၃ရက္အထိက်င္းပမွာျဖစ္ေၾကာင္းသိရပါတယ္။

ဂ်ိဳးဘိုင္ဒန္ဟာ ကေမာၻဒီးယားႏိုင္ငံကို မလာေရာက္ခင္ ႏိုဝင္ဘာလ ၁၁ရက္မွာက်င္းပမယ့္ COP27 United Nations အစည္းအေဝးကိုတက္ေရာက္ဖို႔ အီဂ်စ္ႏိုင္ငံကို အရင္သြားေရာက္မွာျဖစ္ေၾကာင္း အေမရိကန္အိမ္ျဖဴေတာ္က သတင္းထုတ္ျပန္ထားပါတယ္။

ဂ်ိဳးဘိုင္ဒန္ဟာ အီဂ်စ္နဲ႔ ကေမာၻဒီးယားႏိုင္ငံကို သြားေရာက္ခဲ့ၿပီးေနာက္ ဂ်ီ ၂ဝ စီးပြားေရး ထိပ္သီးအစည္းအေဝးကိုတက္ေရာက္ဖို႔ အင္ဒိုနီးရွားႏိုင္ငံကို ထပ္မံသြားေရာက္မွာျဖစ္ေၾကာင္းသိရပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ ဂ်ီ ၂ဝ ထိပ္သီးအစည္းအေဝးကိုတက္ေရာက္ဖို႔ အင္ဒိုနီးရွား ႏိုင္ငံမွာ ႏိုဝင္ဘာလ ၁၃ရက္ကေန ၁၆ရက္အထိ ေနထိုင္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။

ဒါ့ျပင္ အေမ ရိကန္ဒုတိယသမၼတ ကာမာလာ ဟာရစ္ဟာလည္း လာမယ့္လအတြင္းအာရွတိုက္ႏိုင္ငံမ်ားကို ခ်စ္ၾကည္ေရးခရီးလာေရာက္မွာျဖစ္ၿပီး အာရွ-ပစိဖိတ္ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္ေရး အဖြဲ႕အစည္းအေဝးကို တက္ေရာက္ဖို႔ ထိုင္းႏိုင္ငံကို ႏိုဝင္ဘာလ ၁၈ရက္နဲ႔ ၁၉ရက္တို႔မွာ လာေရာက္မွာျဖစ္ေၾကာင္းသိရပါတယ္။ အေမရိကန္ဒုတိယသမၼတ ဟာရစ္ဟာ ထိုင္းႏိုင္ငံကို သြားေရာက္ၿပီးေနာက္ ဖိလစ္ပိုင္ ႏိုင္ငံကို ဆက္လက္ခရီးထြက္ခြာၿပီး ဖိလစ္ပိုင္အစိုးရအဖြဲ႕ေခါင္းေဆာင္မ်ား၊ အရပ္ ဘက္ဆိုင္ရာအဖြဲ႕စည္းမ်ားနဲ႔ ေတြ႕ဆုံေဆြးေႏြးမွာျဖစ္ေၾကာင္းသိရပါတယ္။

Picture

ေမာင္ဝင္း ျမန္မာ

30/10/2022 11:11

ငပွကြီး အရှေတောင်အာရှကိုဘာမွှေအုံးမှာလည်း လေယာဉ်ပျက်ကျနေအုံးမည် ငပွကြီးလာရင် ပြသာနာရှိတယ်

Picture

U Myint Thein

30/10/2022 16:15

အင်း။အရှေတောင်အာရှနိုင်ငံတွေိကမ္ဘာ့ ္ဘာ့ ပိစ္ဆာဘီလူးကြီးလာတော့မည်။ ကြိုတင်ပြင်ဆင်ကြလော့။ဒင်းတို့ကြောင့် လုသားတွေ အကြီးအကျယ် ပျက်ဆီးကြရပေလိမ့်ပည်။ မိစ္ဆာဘီလူး အလိုမရှိ ဆန့်ကျင်ကြ။လောဘမီး ဒေါသပီးတွေ လောင်ကြရလတန့်။ ပျက်စီးကြရလတန့်။

Related news

© 2021. All rights reserved.