အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှုပြီးစီးပါက လူဦးရေ(၃ ဒသမ ၇)သန်းအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်

 1027

ယွန်း (NP News) - အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြစ်ငယ်မြစ်ပေါ်တွင် အကောင်အထည်ဖော်နေသည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှု (၅၃) ရာခိုင်နှုန်းခန့်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျက အောက်တို ဘာလ(၂၇)ရက်တွင် ပြုလုပ်သော အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ် သည်။

အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအား ရှမ်းပြည်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ တောင်ဘက် မိုင်(၂ဝ)ခန့်အကွာရှိ မြစ်ငယ်မြစ်ပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။

စစ်တပ်ဆင်စွမ်းအား (၂၈ဝ)မဂ္ဂါဝပ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း (၁၄ဝ၉)သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှုမှာ ( ၅၂ ဒသမ ၅၇) ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း ဒုတိယဝန်ကြီးမှ ပြောဆိုခဲ့သည်။

ထို့ပြင် လုပ်ငန်းအတွင်း လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးအပြင် လုံခြုံရေးကိုပါ သတိရှိစွာ လုပ်ဆောင်ကြရန် ဒုတိယဝန်ကြီးမှ အကြံပြုပြောဆိုထားသည်။

အဆိုပါစီမံကိန်းပြီးစီးပါက ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ် အားကွန်ရက်စနစ်မှ တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပြီး လူဦးရေ(၃ ဒသမ ၇)သန်း နှင့် နိုင်ငံ့လူဦးရေ စုစုပေါင်း၏ (၆ ဒသမ ၆)ရာခိုင်နှုန်းအား လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်တွင် ပေါကြွယ်ဝလျက်ရှိပြီး သဘာဝအ လျောက် ပြန်လည်ပြည့်ဖြိုးမြဲဖြစ်သည့် ရေအားရင်းမြစ်မှ နိုင်ငံတော်နှင့်ပြည်သူ များ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးမှ ပြောသည်။

zawgyi version
အထက္ရဲ႐ြာေရအားလွ်ပ္စစ္စီမံကိန္း တည္ေဆာက္မႈၿပီးစီးပါက လူဦးေရ(၃ ဒသမ ၇)သန္းအား လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေပးႏိုင္မည္
ယြန္း (NP News) - ေအာက္တိုဘာ ၃၁

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ျမစ္ငယ္ျမစ္ေပၚတြင္ အေကာင္အထည္ေဖာ္ေနသည့္ အထက္ရဲ႐ြာေရအားလွ်ပ္စစ္စီမံကိန္း တည္ေဆာက္မႈ (၅၃) ရာခိုင္ႏႈန္းခန႔္ၿပီးစီးေနၿပီ ျဖစ္ေၾကာင္း သိရသည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ဒုတိယဝန္ႀကီးေဒါက္တာေအာင္ေဇယ်က ေအာက္တို ဘာလ(၂၇)ရက္တြင္ ျပဳလုပ္ေသာ အစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္ သည္။

အထက္ရဲ႐ြာေရအားလွ်ပ္စစ္စီမံကိန္းအား ရွမ္းျပည္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕၊ ေတာင္ဘက္ မိုင္(၂ဝ)ခန႔္အကြာရွိ ျမစ္ငယ္ျမစ္ေပၚတြင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

စစ္တပ္ဆင္စြမ္းအား (၂၈ဝ)မဂၢါဝပ္ျဖင့္ ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး ႏွစ္စဥ္ပ်မ္းမွ် လွ်ပ္စစ္ဓာတ္အားကီလိုဝပ္ နာရီသန္းေပါင္း (၁၄ဝ၉)သန္း ထုတ္လုပ္ေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ အထက္ရဲ႐ြာေရအားလွ်ပ္စစ္စီမံကိန္း တည္ေဆာက္မႈမွာ ( ၅၂ ဒသမ ၅၇) ရာခိုင္ႏႈန္းၿပီးစီးၿပီျဖစ္၍ သတ္မွတ္ကာလအတြင္း ၿပီးစီးေအာင္အရွိန္အဟုန္ျဖင့္ ဆက္လက္ေဆာင္႐ြက္သြားရန္လိုေၾကာင္း ဒုတိယဝန္ႀကီးမွ ေျပာဆိုခဲ့သည္။

ထို႔ျပင္ လုပ္ငန္းအတြင္း လိုအပ္ခ်က္မ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ တင္ျပေဆာင္႐ြက္ရန္ႏွင့္ လုပ္ငန္းခြင္ အႏၲရာယ္ ကင္းရွင္းေရးအျပင္ လုံၿခဳံေရးကိုပါ သတိရွိစြာ လုပ္ေဆာင္ၾကရန္ ဒုတိယဝန္ႀကီးမွ အႀကံျပဳေျပာဆိုထားသည္။

အဆိုပါစီမံကိန္းၿပီးစီးပါက ထြက္ရွိလာမည့္ လွ်ပ္စစ္ဓာတ္အားကို ႏိုင္ငံေတာ္ဓာတ္ အားကြန္ရက္စနစ္မွ တစ္ႏိုင္ငံလုံးသို႔ ျဖန႔္ျဖဴးေပးႏိုင္မည္ျဖစ္ၿပီး လူဦးေရ(၃ ဒသမ ၇)သန္း ႏွင့္ ႏိုင္ငံ့လူဦးေရ စုစုေပါင္း၏ (၆ ဒသမ ၆)ရာခိုင္ႏႈန္းအား လွ်ပ္စစ္ဓာတ္အားတိုးတက္ျဖန႔္ျဖဴးေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ဝန္ႀကီးဌာနအေနျဖင့္ ႏိုင္ငံေတာ္တြင္ ေပါႂကြယ္ဝလ်က္ရွိၿပီး သဘာဝအ ေလ်ာက္ ျပန္လည္ျပည့္ၿဖိဳးၿမဲျဖစ္သည့္ ေရအားရင္းျမစ္မွ ႏိုင္ငံေတာ္ႏွင့္ျပည္သူ မ်ား၏ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္ေရးကို ဆက္လက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဒုတိယဝန္ႀကီးမွ ေျပာသည္။

Related news

© 2021. All rights reserved.