မုဒုံမြို့၌ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း စတင်နိုင်ရေးအတွက် မြေယာလျော်ကြေးများပေးရန် ပြည်ထောင်စုထံမှ ငွေကျပ်(၁၉)ဘီလျံ တောင်းခံထား

1099

မျိုးကြီး (NP News) - နိုဝင်ဘာ ၁
မွန်ပြည်နယ်၊ မုဒုံမြို့၌ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း စတင်နိုင်ရေးအတွက် မြေယာလျော်ကြေးများပေးရန် ပြည်ထောင်စုဘတ်ဂျက်မှ ငွေကျပ် (၁၉)ဘီလျံ တောင်းခံထားကြောင်း သတင်းရရှိသည်။
အဆိုပါအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကို နစကအစိုးရမှ ဦးဆောင်ကာ အကောင် အထည်ဖော် သွားရန်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပြောခွင့်ရ၊ သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းက NP News ကို ပြောသည်။
“လေဆိပ်ကတော့ လုပ်မှာပါဗျ။ ပြည်တွင်းကပဲ လုပ်မှာပါ။ ဒီအစိုးရကပဲ လုပ်မှာပေါ့။ အဲဒီလိုကြားပါတယ်။ ကျန်တာကတော့ လိုအပ်ချက်အရ တင်ဒါခေါ်တာ၊ ဘာညာတော့ရှိမှာပေါ့” ဟု ဝန်ကြီးဦးအောင်ကြည်သိန်းက ပြောသည်။
နစကအနေဖြင့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကော့ပရံ ကျေးရွာအနီးတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ ဖြည့်စွက်ဘတ်ဂျက်(RE)မှာ ၁၉ ဘီလျံကျော် တောင်းထားတယ်။ ပြည်ထောင်စုဘတ်ဂျက်မှာ တောင်းထားတယ်။ ဒါလေဆိပ်တစ်ခုတည်းအတွက်ပေါ့။ အဲဒါရတာနဲ့ လျော်ကြေးတွေ ပေးပြီးသွားရင် လုပ်ငန်းစလို့ရပြီ ” ဟု ဝန်ကြီးဦးအောင်ကြည်သိန်းက ဆက်လက်ပြောသည်။
၎င်းအပြည်ပြည်ဆိုင်ရာလေဆိပ် ပင်မလေယာဉ်ကွင်း ဧရိယာအတွက် မြေဧက ၃၄၄၇ ဒသမ ၄၂ ဧက အသုံးပြုဆောင်ရွက်သွားရန် လတ်တလောတွင် လျားထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သောရက်ပိုင်းအတွင်း မွန်ပြည်နယ်ခရီးစဉ်၌ နိုင်ငံတကာအဆင့်မီအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းအသစ်တို့ကို မွန်ပြည်နယ် အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
“အခုကတော့ လေယာဉ်ကွင်းက မြေယာလျော်ကြေးပေးပြီးရင်တော့ အကောင်အထည် စဖော်လို့ရပြီ။ ဒီလာမယ့် RE ဘတ်ဂျက်ထဲမှာ ပါလာရင်တော့ ကျွန်တော်တို့ လျော်ကြေးပေးမယ်” ဟု ဝန်ကြီးဦးအောင်ကြည်သိန်းက ဆက်လက်ပြောသည်။

Zawgyi Version;
မုဒုံၿမိဳ႕၌ အျပည္ျပည္ဆိုင္ရာေလဆိပ္စီမံကိန္း စတင္ႏိုင္ေရးအတြက္ ေျမယာေလ်ာ္ေၾကးမ်ားေပးရန္ ျပည္ေထာင္ စုထံမွ ေငြက်ပ္(၁၉)ဘီလ်ံ ေတာင္းခံထား
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၁
မြန္ျပည္နယ္၊ မုဒုံၿမိဳ႕၌ အျပည္ျပည္ဆိုင္ရာေလဆိပ္စီမံကိန္း စတင္ႏိုင္ေရးအတြက္ ေျမယာေလ်ာ္ေၾကးမ်ားေပးရန္ ျပည္ေထာင္စုဘတ္ဂ်က္မွ ေငြက်ပ္ (၁၉)ဘီလ်ံ ေတာင္းခံထားေၾကာင္း သတင္းရရွိသည္။
အဆိုပါအျပည္ျပည္ဆိုင္ရာေလဆိပ္စီမံကိန္းကို နစကအစိုးရမွ ဦးေဆာင္ကာ အေကာင္ အထည္ေဖာ္ သြားရန္ရွိေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕၏ ေျပာခြင့္ရ၊ သယံဇာတေရးရာဝန္ႀကီး ဦးေအာင္ၾကည္သိန္းက NP News ကို ေျပာသည္။
“ေလဆိပ္ကေတာ့ လုပ္မွာပါဗ်။ ျပည္တြင္းကပဲ လုပ္မွာပါ။ ဒီအစိုးရကပဲ လုပ္မွာေပါ့။ အဲဒီလိုၾကားပါတယ္။ က်န္တာကေတာ့ လိုအပ္ခ်က္အရ တင္ဒါေခၚတာ၊ ဘာညာေတာ့ရွိမွာေပါ့” ဟု ဝန္ႀကီးဦးေအာင္ၾကည္သိန္းက ေျပာသည္။
နစကအေနျဖင့္ ႏိုင္ငံတကာအဆင့္မီ အျပည္ျပည္ဆိုင္ရာေလဆိပ္ကို မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္ရွိ ေကာ့ပရံ ေက်း႐ြာအနီးတြင္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ ျဖည့္စြက္ဘတ္ဂ်က္(RE)မွာ ၁၉ ဘီလ်ံေက်ာ္ ေတာင္းထားတယ္။ ျပည္ေထာင္စုဘတ္ဂ်က္မွာ ေတာင္းထားတယ္။ ဒါေလဆိပ္တစ္ခုတည္းအတြက္ေပါ့။ အဲဒါရတာနဲ႔ ေလ်ာ္ေၾကးေတြ ေပးၿပီးသြားရင္ လုပ္ငန္းစလို႔ရၿပီ ” ဟု ဝန္ႀကီးဦးေအာင္ၾကည္သိန္းက ဆက္လက္ေျပာသည္။
၎အျပည္ျပည္ဆိုင္ရာေလဆိပ္ ပင္မေလယာဥ္ကြင္း ဧရိယာအတြက္ ေျမဧက ၃၄၄၇ ဒသမ ၄၂ ဧက အသုံးျပဳေဆာင္႐ြက္သြားရန္ လတ္တေလာတြင္ လ်ားထားေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕ထံမွ သိရသည္။
နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ၿပီးခဲ့ေသာရက္ပိုင္းအတြင္း မြန္ျပည္နယ္ခရီးစဥ္၌ ႏိုင္ငံတကာအဆင့္မီအျပည္ျပည္ဆိုင္ရာဆိပ္ကမ္းႏွင့္ အျပည္ျပည္ဆိုင္ရာေလယာဥ္ကြင္းအသစ္တို႔ကို မြန္ျပည္နယ္ အတြင္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသည္။
“အခုကေတာ့ ေလယာဥ္ကြင္းက ေျမယာေလ်ာ္ေၾကးေပးၿပီးရင္ေတာ့ အေကာင္အထည္ စေဖာ္လို႔ရၿပီ။ ဒီလာမယ့္ RE ဘတ္ဂ်က္ထဲမွာ ပါလာရင္ေတာ့ ကြၽန္ေတာ္တို႔ ေလ်ာ္ေၾကးေပးမယ္” ဟု ဝန္ႀကီးဦးေအာင္ၾကည္သိန္းက ဆက္လက္ေျပာသည္။