Fresenius Medical Care (FMC) လုပ်သားစရိတ် မြင့်တက်လာခြင်းကြောင့် လုပ်ငန်းပြန်လည်ထူထောင်ရေး အရာမထင်နိုင်

 621

ရောင်နီ (NP News) - နိုဝင်ဘာ ၁

အမေရိကန်-ဂျာမန် ကျောက်ကပ်သန့်စင်ရေး၊ ဆေးဝါးကုမ္ပဏီ Fresenius Medical Care (FMC) ဟာ လုပ်သားစရိတ်မြင့်တက်လာခြင်းနဲ့ မျှော်လင့်ထားတာထက် ပိုနှေးကွေးတဲ့ မြောက်အမေရိက စီးပွားရေးပြန်လည်ထူထောင်နိုင်စွမ်းတို့ကြောင့် ၂ဝ၂၂ ခုနှစ်အတွက် ၄င်းရဲ့ အသားတင်ဝင်ငွေ ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။

FMC ကုမ္ပဏီဟာ ယခုနှစ် တတိယသုံးလပတ်အတွင်း အသားတင်ဝင်ငွေ ယူရိုသန်း ၂၃ဝ (ဒေါ်လာ ၂၂၉.၁၅ သန်း) သို့ ၁၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး သုံးလပတ်အတွင်း လုပ်ငန်းလည်ပတ်မှုဝင်ငွေမှာ ယူရို ၄၇၂ သန်းမှ ၇ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။

"မျှော်လင့်ထားသလိုပဲ၊ ငွေကြေးဖောင်းပွမှုတွေ ဆက်ရှိနေတာကြောင့် ကျွန်ုပ်တို့ရဲ့ဝင်ငွေအပေါ် ချိန်ဆနေပါတယ်" လို့ FMC ဘဏ္ဍာရေးအကြီးအကဲ ဟဲလန်ဂီဇာက ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

ကုမ္ပဏီဟာ ဝန်ထမ်းရှားပါးမှု၊ လည်ပတ်မှု ကုန်ကျစရိတ်မြင့်မားမှုများနဲ့ ကြုံတွေ့နေရပြီး သို့ပေမယ့်လည်း ၎င်းရဲ့မြောက်အမေရိက စီးပွားရေးဟာ ၂ဝ၂၃ ခုနှစ်မှာတော့ ပိုမိုကောင်းမွန်လာမည်လို့ မျှော်လင့်ကြောင်း ၎င်းကဆိုပါတယ်၊

COVID-19 ကြောင့် ကပ်ရောဂါစတင်ကတည်းက ၄င်းရဲ့လူနာပေါင်း ၂၄၆ဝဝ ခန့် သေဆုံးခဲ့ကြောင်း ၎င်းကဆိုပါတယ်။ ၂ဝ၂၂ ရဲ့ တတိယသုံးလပတ်မှာတော့ ၄င်းရဲ့ဝင်ငွေဟာ ယူရို ၅.၁ ဘီလျံထိ ၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အစုရှယ်ယာတစ်ခုလျှင် အခြေခံဝင်ငွေ (EPS) ဟာ ၁၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

Fresenius Medical Care ဟာ ၄င်းတို့ကွန်ရက်မှတစ်ဆင့် နိုင်ငံတကာ ကျောက်ကပ်ဆေးကြောခြင်း ဝန်ဆောင်မှုများကို ပံ့ပိုးပေးတဲ့ အမေရိကန်-ဂျာမန် ကျန်းမာရေးစောင့်ရှောက်မှု ကုမ္ပဏီကြီးတစ်ခုပဲဖြစ်ပါတယ်။

Zawgyi Version;
Fresenius Medical Care (FMC) လုပ္သားစရိတ္ ျမင့္တက္လာျခင္းေၾကာင့္ လုပ္ငန္း ျပန္လည္ထူေထာင္ေရး အရာမထင္ႏိုင္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁

အေမရိကန္-ဂ်ာမန္ ေက်ာက္ကပ္သန္႔စင္ေရး၊ ေဆးဝါးကုမၸဏီ Fresenius Medical Care (FMC) ဟာ လုပ္သားစရိတ္ျမင့္တက္လာျခင္းနဲ႔ ေမွ်ာ္လင့္ထားတာထက္ ပိုေႏွးေကြးတဲ့ ေျမာက္အေမရိက စီးပြားေရးျပန္လည္ထူေထာင္ႏိုင္စြမ္းတို႔ေၾကာင့္ ၂ဝ၂၂ ခုႏွစ္အတြက္ ၄င္းရဲ႕ အသားတင္ဝင္ေငြ က်ဆင္းမယ္လို႔ ခန္႔မွန္းထားပါတယ္။

FMC ကုမၸဏီဟာ ယခုႏွစ္ တတိယသုံးလပတ္အတြင္း အသားတင္ဝင္ေငြ ယူ႐ိုသန္း ၂၃ဝ (ေဒၚလာ ၂၂၉.၁၅ သန္း) သို႔ ၁၆ ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့ၿပီး သုံးလပတ္အတြင္း လုပ္ငန္းလည္ပတ္မႈဝင္ေငြမွာ ယူ႐ို ၄၇၂ သန္းမွ ၇ ရာခိုင္ႏႈန္းထိ က်ဆင္းသြားတယ္လို႔ သိရပါတယ္။

"ေမွ်ာ္လင့္ထားသလိုပဲ၊ ေငြေၾကးေဖာင္းပြမႈေတြ ဆက္ရွိေနတာေၾကာင့္ ကြၽႏ္ုပ္တို႔ရဲ႕ဝင္ေငြအေပၚ ခ်ိန္ဆေနပါတယ္" လို႔ FMC ဘ႑ာေရးအႀကီးအကဲ ဟဲလန္ဂီဇာက ထုတ္ျပန္ခ်က္မွာ ေျပာၾကားခဲ့ပါတယ္။

ကုမၸဏီဟာ ဝန္ထမ္းရွားပါးမႈ၊ လည္ပတ္မႈ ကုန္က်စရိတ္ျမင့္မားမႈမ်ားနဲ႔ ႀကဳံေတြ႕ေနရၿပီး သို႔ေပမယ့္လည္း ၎ရဲ႕ေျမာက္အေမရိက စီးပြားေရးဟာ ၂ဝ၂၃ ခုႏွစ္မွာေတာ့ ပိုမိုေကာင္းမြန္လာမည္လို႔ ေမွ်ာ္လင့္ေၾကာင္း ၎ကဆိုပါတယ္၊

COVID-19 ေၾကာင့္ ကပ္ေရာဂါစတင္ကတည္းက ၄င္းရဲ႕လူနာေပါင္း ၂၄၆ဝဝ ခန႔္ ေသဆုံးခဲ့ေၾကာင္း ၎ကဆိုပါတယ္။ ၂ဝ၂၂ ရဲ႕ တတိယသုံးလပတ္မွာေတာ့ ၄င္းရဲ႕ဝင္ေငြဟာ ယူ႐ို ၅.၁ ဘီလ်ံထိ ၁၅ ရာခိုင္ႏႈန္းျမင့္တက္ခဲ့ၿပီး အစုရွယ္ယာတစ္ခုလွ်င္ အေျခခံဝင္ေငြ (EPS) ဟာ ၁၆ ရာခိုင္ႏႈန္းသို႔ က်ဆင္းသြားခဲ့တယ္လို႔ သိရပါတယ္။

Fresenius Medical Care ဟာ ၄င္းတို႔ကြန္ရက္မွတစ္ဆင့္ ႏိုင္ငံတကာ ေက်ာက္ကပ္ေဆးေၾကာျခင္း ဝန္ေဆာင္မႈမ်ားကို ပံ့ပိုးေပးတဲ့ အေမရိကန္-ဂ်ာမန္ က်န္းမာေရးေစာင့္ေရွာက္မႈ ကုမၸဏီႀကီးတစ္ခုပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.