ရန်ကုန်မြို့လယ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်အား အမျိုးသား(၃)ဦးမှ ဓားဖြင့်ဝင်ထိုးကာ အနုကြမ်းစီးမှုဖြစ်ပွား

 1304

NP News - နိုဝင်ဘာ ၃

ရန်ကုန်မြို့လယ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်ဖြစ်သူအား အမျိုးသား (၃)ဦးမှ ဓားဖြင့်ဝင်ထိုးကာ အနုကြမ်းစီးလုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်) ည ၇ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်၊ (၂၆)လမ်းရှိ သစ္စာအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ အနုကြမ်းစီးအကြမ်းဖက်ခံရသည့် CCTV မှတ်တမ်းဖိုင်တစ်ခုကို ပိုင်ဆိုင်ရှင်နှင့်နီးစပ်သူများက လူမှုကွန်ယက်စာမျက်နှာတွင် ဖြန့်ဝေထားသည်ကို တွေ့ရှိရသည်။

သစ္စာအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်အတွင်း ဆိုင်ပိုင်ရှင်ဖြစ်သူနှင့် အမျိုးသားတစ်ဦးတို့ ရှိနေစဉ်အချိန်၌ ပထမဦးစွာ အမျိုးသားနှစ်ဦး ဝင်ရောက်လာကာ အသင့်ပါလာသည့် ဓားဖြင့် ရန်ပြုတိုက်ခိုက်ကာ လုံးထွေးသတ်ပုတ်မှုများရှိခဲ့သည်ကို CCTV ဖိုင်အရတွေ့ရသည်။

ထို့နောက်တွင် ဆိုင်အပြင်၌ စောင့်ဆိုင်းနေသူတစ်ဦးမှ ထပ်မံဝင်ရောက်လာကာ ဆိုင်ပိုင်ရှင်ဖြစ်သူအား ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသွင်းခဲ့သည်ကို တွေ့ရှိရပြီး အခင်းဖြစ်ပွားရာတစ်ဝိုက်တွင် သွေးများပျံ့နှံနေသည်ကို CCTV ဖိုင်အရတွေ့ရှိရသည်။

၎င်းနောက်ပိုင်းတွင် အနုကြမ်းစီးသူ အမျိုးသား(၃)ဦးက ပိုက်ဆံလိုချင်ကြောင်း၊ ပိုက်ဆံပေးထုတ်ပေးရန် ဓားဖြင့် ထိုးကာခြိမ်းခြောက်ပြောဆိုခဲ့ပြီး ငွေကျပ်သိန်း ၂၅ဝ နှင့် ကားတစ်စီးကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

နီးစပ်သူများထံမှထပ်မံသိရှိရသည့် အချက်အလက်များအရ အနုကြမ်းစီးမှု ကျူး လွန်ခဲ့သူသုံးဦးအနက် တစ်ဦးသည် အဆိုပါဆိုင်၌ ယာဉ်မောင်းအဖြစ်လုပ်ဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

ထိုသို့ အနုကြမ်းစီးလုယက်ခံရမှုကြောင့် ပိုင်ဆိုင်ရှင်ဖြစ်သူနှင့် အမျိုးသားတစ်ဦးတို့သည် ဆေးကုသမှုခံယူနေရကြောင်း နီးစပ်သူများက ဖွင့်ဟပြောဆိုထားသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သော ရက်ပိုင်းအတွင်းကလည်း အသက်(၇ဝ)ကျော်အရွယ်ရှိ အငြိမ်းစားပညာရေးဝန်ထမ်း ဇနီးမောင်နှံ(၂)ဦးမှာလည်း အနုကြမ်းစီးသတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။

ရန်ကုန်မြို့အပါအဝင် အခြားမြို့များတွင်လည်း အနုကြမ်းစီးလုယက်သတ်ဖြတ်သည့်ဖြစ်စဉ်များ ပိုမိုများပြားလာသည်ကို တွေ့ရှိရပြီး နစက၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များအပေါ် မေးခွန်းထုတ်မှုများရှိလာနေသည်ကို တွေ့ရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕လယ္ရွိ အိမ္ေဆာက္ပစၥည္းအေရာင္းဆိုင္ပိုင္ရွင္အား အမ်ိဳးသား(၃)ဦးမွ ဓားျဖင့္ဝင္ထိုးကာ အႏုၾကမ္းစီးမႈျဖစ္ပြား
NP News - ႏိုဝင္ဘာ ၃

ရန္ကုန္ၿမိဳ႕လယ္ရွိ အိမ္ေဆာက္ပစၥည္းအေရာင္းဆိုင္ပိုင္ရွင္ျဖစ္သူအား အမ်ိဳးသား (၃)ဦးမွ ဓားျဖင့္ဝင္ထိုးကာ အႏုၾကမ္းစီးလုယက္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ႏိုဝင္ဘာလ ၂ ရက္) ည ၇ နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္း၊ ပန္းဘဲတန္းၿမိဳ႕နယ္၊ (၂၆)လမ္းရွိ သစၥာအိမ္ေဆာက္ပစၥည္းအေရာင္းဆိုင္တြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ထိုသို႔ အႏုၾကမ္းစီးအၾကမ္းဖက္ခံရသည့္ CCTV မွတ္တမ္းဖိုင္တစ္ခုကို ပိုင္ဆိုင္ရွင္ႏွင့္နီးစပ္သူမ်ားက လူမႈကြန္ယက္စာမ်က္ႏွာတြင္ ျဖန႔္ေဝထားသည္ကို ေတြ႕ရွိရသည္။

သစၥာအိမ္ေဆာက္ပစၥည္းအေရာင္းဆိုင္အတြင္း ဆိုင္ပိုင္ရွင္ျဖစ္သူႏွင့္ အမ်ိဳးသားတစ္ဦးတို႔ ရွိေနစဥ္အခ်ိန္၌ ပထမဦးစြာ အမ်ိဳးသားႏွစ္ဦး ဝင္ေရာက္လာကာ အသင့္ပါလာသည့္ ဓားျဖင့္ ရန္ျပဳတိုက္ခိုက္ကာ လုံးေထြးသတ္ပုတ္မႈမ်ားရွိခဲ့သည္ကို CCTV ဖိုင္အရေတြ႕ရသည္။

ထို႔ေနာက္တြင္ ဆိုင္အျပင္၌ ေစာင့္ဆိုင္းေနသူတစ္ဦးမွ ထပ္မံဝင္ေရာက္လာကာ ဆိုင္ပိုင္ရွင္ျဖစ္သူအား ဓားျဖင့္ အခ်က္ေပါင္းမ်ားစြာ ထိုးသြင္းခဲ့သည္ကို ေတြ႕ရွိရၿပီး အခင္းျဖစ္ပြားရာတစ္ဝိုက္တြင္ ေသြးမ်ားပ်ံ႕ႏွံေနသည္ကို CCTV ဖိုင္အရေတြ႕ရွိရသည္။

၎ေနာက္ပိုင္းတြင္ အႏုၾကမ္းစီးသူ အမ်ိဳးသား(၃)ဦးက ပိုက္ဆံလိုခ်င္ေၾကာင္း၊ ပိုက္ဆံေပးထုတ္ေပးရန္ ဓားျဖင့္ ထိုးကာၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီး ေငြက်ပ္သိန္း ၂၅ဝ ႏွင့္ ကားတစ္စီးကို လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။

နီးစပ္သူမ်ားထံမွထပ္မံသိရွိရသည့္ အခ်က္အလက္မ်ားအရ အႏုၾကမ္းစီးမႈ က်ဴး လြန္ခဲ့သူသုံးဦးအနက္ တစ္ဦးသည္ အဆိုပါဆိုင္၌ ယာဥ္ေမာင္းအျဖစ္လုပ္ေဆာင္ခဲ့ဖူးသူျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ အႏုၾကမ္းစီးလုယက္ခံရမႈေၾကာင့္ ပိုင္ဆိုင္ရွင္ျဖစ္သူႏွင့္ အမ်ိဳးသားတစ္ဦးတို႔သည္ ေဆးကုသမႈခံယူေနရေၾကာင္း နီးစပ္သူမ်ားက ဖြင့္ဟေျပာဆိုထားသည္။

ရန္ကုန္ၿမိဳ႕တြင္ ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းကလည္း အသက္(၇ဝ)ေက်ာ္အ႐ြယ္ရွိ အၿငိမ္းစားပညာေရးဝန္ထမ္း ဇနီးေမာင္ႏွံ(၂)ဦးမွာလည္း အႏုၾကမ္းစီးသတ္ျဖတ္ခံခဲ့ရသည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့သည္ကို ေတြ႕ရွိရသည္။

ရန္ကုန္ၿမိဳ႕အပါအဝင္ အျခားၿမိဳ႕မ်ားတြင္လည္း အႏုၾကမ္းစီးလုယက္သတ္ျဖတ္သည့္ျဖစ္စဥ္မ်ား ပိုမိုမ်ားျပားလာသည္ကို ေတြ႕ရွိရၿပီး နစက၏ တရားဥပေဒစိုးမိုးေရးလုပ္ငန္းစဥ္မ်ားအေပၚ ေမးခြန္းထုတ္မႈမ်ားရွိလာေနသည္ကို ေတြ႕ရသည္။

Related news

© 2021. All rights reserved.