နစကကို အာဏာဆက်ထိန်းနိုင်အောင် တရုတ်၊ အိန္ဒိယ နဲ့ ရုရှားတို့ ပံ့ပိုးကူညီပေးနေဟုဆို

 2233

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၃

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လူအခွင့်အရေးချိုးဖောက်မှုများရှိခဲ့ပေမယ့် တရုတ်၊ အိန္ဒိယ နဲ့ ရုရှားတို့ဟာ နစကကို အာဏာဆက်ထိန်းနိုင်အောင် ကူညီထောက်ပံ့ပေးလျက်ရှိနေကြောင်း ASEAN Parliamentarians for Human Rights (APHR) က ဆိုပါတယ်။

(APHR) အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ နစကဟာ အာဆီယံခေါင်းဆောင်များနဲ့ရရှိထားတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက် သဘောတူညီမှုငါးချက်ကို အကောင်အထည်ဖော်မှု သိသာတိုးတက်မှုမရှိချိန်မှာ တရုတ်နဲ့ ရုရှားတို့က နစကကို ကူညီထောက်ပံ့ပေးလျက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြုလုပ်ထားတဲ့ အာဆီယံရဲ့အစီအစဉ်တွေကို စွန့်လွှတ်ရမှာဖြစ်သလို ဒီမိုကရေစီအတိုက်ခံအုပ်စုများကို ကူညီထောက်ပံ့ပေးရမှာဖြစ်ကြောင်း (APHR) က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန် နဲ့ ဥရောပသမဂ္ဂဟာ နစကအကြီးအကဲကို အထီးကျန်ဖြစ်စေဖို့ ပစ်မှတ်ထားပိတ်ဆို့မှုများချမှတ်ခဲ့ပေမယ့် နစကအကြီးအကဲဟာ အာဏာဆက်ထိန်းထားနိုင်ဖို့ တရုတ်၊ ရုရှား နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ကူညီထောက်ပံမှုများရအောင် ကြိုးပမ်းလျက်ရှိနေတယ်လို့ သိရပါတယ်။

APHR က "တရုတ်၊ အိန္ဒိယ နဲ့ ရုရှားနိုင်ငံတို့က အစိုးရတွေရဲ့ ကူညီထောက်ပံ့ပေးမှုတွေနဲ့ တရားဝင်ဖြစ်အောင် အသိအမှတ်ပြုမှုတွေက နစကကို အာဏာဆက်ထိန်းထားနိုင်ဖို့ နဲ့ လူအခွင့်အရေးချိုးဖောက်မှု ဆက်လက်ဖြစ်စေခဲ့တယ်" လို့ပြောပါတယ်။

တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ နစကကို အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းတောင်းဆိုမှုတွေကို ဗီတိုအာဏာသုံး ပိတ်ပင်တားဆီးမှုများရှိနေခဲ့သလို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရုရှားနဲ့ တရုတ်နိုင်ငံတို့က ပံ့ပိုးကူညီထားတဲ့ စစ်လက်နက်ပစ္စည်းများအသုံးပြုပြီး လူအခွင့်အရေးချိုးဖောက်မှုများရှိနေခဲ့ကြောင်း APHR က ဆိုပါတယ်။

Zawgyi Version;
နစကကို အာဏာဆက္ထိန္းႏိုင္ေအာင္ တ႐ုတ္၊ အိႏၵိယ နဲ႔ ႐ုရွားတို႔ ပံ့ပိုးကူညီေပးေနဟုဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၃

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္က အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း လူအခြင့္အေရးခ်ိဳးေဖာက္မႈမ်ားရွိခဲ့ေပမယ့္ တ႐ုတ္၊ အိႏၵိယ နဲ႔ ႐ုရွားတို႔ဟာ နစကကို အာဏာဆက္ထိန္းႏိုင္ေအာင္ ကူညီေထာက္ပံ့ေပးလ်က္ရွိေနေၾကာင္း ASEAN Parliamentarians for Human Rights (APHR) က ဆိုပါတယ္။

(APHR) အဖြဲ႕ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္ရာ နစကဟာ အာဆီယံေခါင္းေဆာင္မ်ားနဲ႔ရရွိထားတဲ့ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္ သေဘာတူညီမႈငါးခ်က္ကို အေကာင္အထည္ေဖာ္မႈ သိသာတိုးတက္မႈမရွိခ်ိန္မွာ တ႐ုတ္နဲ႔ ႐ုရွားတို႔က နစကကို ကူညီေထာက္ပံ့ေပးလ်က္ရွိေနတယ္လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္မွာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး ျပဳလုပ္ထားတဲ့ အာဆီယံရဲ႕အစီအစဥ္ေတြကို စြန႔္လႊတ္ရမွာျဖစ္သလို ဒီမိုကေရစီအတိုက္ခံအုပ္စုမ်ားကို ကူညီေထာက္ပံ့ေပးရမွာျဖစ္ေၾကာင္း (APHR) က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ အေမရိကန္ နဲ႔ ဥေရာပသမဂၢဟာ နစကအႀကီးအကဲကို အထီးက်န္ျဖစ္ေစဖို႔ ပစ္မွတ္ထားပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့ေပမယ့္ နစကအႀကီးအကဲဟာ အာဏာဆက္ထိန္းထားႏိုင္ဖို႔ တ႐ုတ္၊ ႐ုရွား နဲ႔ အိႏၵိယႏိုင္ငံတို႔ရဲ႕ကူညီေထာက္ပံမႈမ်ားရေအာင္ ႀကိဳးပမ္းလ်က္ရွိေနတယ္လို႔ သိရပါတယ္။

APHR က "တ႐ုတ္၊ အိႏၵိယ နဲ႔ ႐ုရွားႏိုင္ငံတို႔က အစိုးရေတြရဲ႕ ကူညီေထာက္ပံ့ေပးမႈေတြနဲ႔ တရားဝင္ျဖစ္ေအာင္ အသိအမွတ္ျပဳမႈေတြက နစကကို အာဏာဆက္ထိန္းထားႏိုင္ဖို႔ နဲ႔ လူအခြင့္အေရးခ်ိဳးေဖာက္မႈ ဆက္လက္ျဖစ္ေစခဲ့တယ္" လို႔ေျပာပါတယ္။

တ႐ုတ္နဲ႔ ႐ုရွားႏိုင္ငံတို႔ဟာ ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ နစကကို အေရးယူေဆာင္႐ြက္ဖို႔ တိုက္တြန္းေတာင္းဆိုမႈေတြကို ဗီတိုအာဏာသုံး ပိတ္ပင္တားဆီးမႈမ်ားရွိေနခဲ့သလို ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕ေတြဟာ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံတို႔က ပံ့ပိုးကူညီထားတဲ့ စစ္လက္နက္ပစၥည္းမ်ားအသုံးျပဳၿပီး လူအခြင့္အေရးခ်ိဳးေဖာက္မႈမ်ားရွိေနခဲ့ေၾကာင္း APHR က ဆိုပါတယ္။

Picture

san yuko

03/11/2022 12:05

လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်စေချင်တယ်ဆိုရင် အာဏာလက်ရှိအစိုးရကို အပြုသဘောဆောင်တဲ့ချဉ်းကပ်မှုရှိဘို့လိုပါတယ်။ အစိုးရကို အထီးကျန်ဖြစ်စေရုံနဲ့တော့ တိုးတက်မလာနိုင်ပါ။

Picture

Kyaw Htay Lwin Lwin

03/11/2022 17:45

တို႔တိုင္းရင္းသားလူမ်ိဳးစစ္စစ္ျဖစ္တဲ့ တို႔ေခါင္းေဆာင္ကိုတို႔ေလးစားတာကို မနာလိုျဖစ္ေနတဲ့ ျပည္ပနိဳင္ငံေတြကို ရြံတယ္ ျပည္ပဆရာတင္တတ္တဲ့ ေခါင္းေဆာင္မ်ိဳး တို႔မလိုခ်င္ဘူးကြ အာ့တာျမန္မာ့ျပည္သူစစ္စစ္ေတြရဲ႕ သေဘာထားအမွန္ပဲဆိုတာ သိသင့္ၿပီ

Picture

Ye Htun

03/11/2022 22:48

ငါ..နစကကိုမြန်မာပြည်သူပြည်သားတစ်ယောက်အနေနဲ့အပြည့်အဝထောက်ခံတယ်ကွာ.....ဘယ်သူဘာပြောမလဲ

Picture

Aung Win

13/11/2022 11:44

လူ့အခွင့်အရေးလို့ပါးစပ်ကအော်နေပီးလက်တွေ့ကချိုးဖေါက်နေတာ အနူဂျီးနဲ့အနူဂျီးလက်ပါးစေအကြမ်းဖက် pdf

Related news

© 2021. All rights reserved.