တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ(၇)ရက်မှစ၍ (၃)ရက်ကြာကျင်းပသွားမည်

 1118

ယွန်း (NP News) - နိုဝင်ဘာ ၃

ရှမ်းပြည်နယ်ရှိ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ(၇)ရက်မှစ၍ (၃)ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ သိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိရာ ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့် ၂ဝ၂ဝ ခုနှစ်မှစ၍ ပွဲကျင်းပခြင်းအားရပ်နားထားခဲ့ကြပြီး ယခုနှစ် (၂ဝ၂၂ ခုနှစ်)တွင် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော်အား နိုဝင်ဘာလ(၇)ရက်မှ နိုဝင်ဘာ လ(၉)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ(၇)ရက်တွင် စူဌာမုနိဘုရားရင်ပြင်၌ မီးပဒေသာလှည့်လည်ပူဇော်ပွဲ အပါအဝင် မသိုးသင်္ကန်းယက်လုပ် ပူဇော်ပွဲ နှင့် စိန်နားပန်အလှ မီးလွှတ်တင်ပူဇော်ပွဲတို့ကျင်းပသွားမည်ဖြစ်ပြီး တောင်ကြီးမြို့ရှိ အဝေရာမီးပုံးကွင်းတွင်လည်း ဈေး ဆိုင်ခန်းနှင့် မီးပုံးပျံငယ်များ လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ(၇)ရက်မှ (၉)ရက်အထိ နေ့ခင်းပိုင်းများတွင် နေ့လွှတ်အရုပ်ပြိုင်ပွဲကျင်းပခြင်းနှင့် ရိုးရာဈေးရောင်းဝယ်ခြင်းများလည်း ဆောင်ရွက်သွားမည်ဖြစ် သည်။

နေ့လွှတ်မီးပုံးပျံပြိုင်ပွဲတွင်(ခြေနှစ်ချောင်းနှင့် ခြေလေးချောင်း) နှစ်မျိုးကို ဆုပေးသွားမည်ဖြစ်ပြီး ပထမဆုအား (၁ဝ)သိန်း ကျပ်၊ ဒုတိယဆုအား (၅)သိန်းကျပ်၊ တတိယဆုအား (၃)သိန်းကျပ်နှင့် နှစ်သိမ့်ဆုအား (၂)သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း (၅)ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ညပိုင်းများ၌ စိန်နားပန်မီးပုံးပျံလွှတ်တင်ခြင်းနှင့် ရိုးရာဈေးရောင်းဝယ်ခြင်းများလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

သို့ဖြစ်၍ ပြိုင်ပွဲဝင်လိုသည့် မီးပုံးပျံဝါသနာရှင်များအနေဖြင့် နိုဝင်ဘာလ(၅)ရက် နောက်ဆုံးထား၍ ယှဉ်ပြိုင်လိုသည့် မီးပုံးပျံအမျိုးအစားအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး(သို့မဟုတ်) ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်အသင်းထံသို့ စာရင်းပေး သွင်းကြရမည် ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ပြိုင်ပွဲဝင်မည့် နေ့လွှတ်မီးပုံးပျံအလုံးရေ (၅၆)လုံးရှိပြီဖြစ်ကြောင်း သိရသည်။

zawgyi version
ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ကို ႏိုဝင္ဘာလ(၇)ရက္မွစ၍ (၃)ရက္ၾကာက်င္းပသြားမည္
ယြန္း (NP News) - ႏိုဝင္ဘာ ၃

ရွမ္းျပည္နယ္ရွိ ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ကို ႏိုဝင္ဘာလ(၇)ရက္မွစ၍ (၃)ရက္ၾကာက်င္းပသြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္႐ိုးရာမီးပုံးပ်ံပညာရွင္မ်ားအသင္းမွ သိရသည္။

ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ကို ႏွစ္စဥ္က်င္းပေလ့ရွိရာ ကိုဗစ္-၁၉ေရာဂါျဖစ္ပြားသည့္ ၂ဝ၂ဝ ခုႏွစ္မွစ၍ ပြဲက်င္းပျခင္းအားရပ္နားထားခဲ့ၾကၿပီး ယခုႏွစ္ (၂ဝ၂၂ ခုႏွစ္)တြင္ ျပန္လည္က်င္းပခဲ့ျခင္းျဖစ္သည္။

ယခုႏွစ္က်င္းပသည့္ တန္ေဆာင္တိုင္ပြဲေတာ္အား ႏိုဝင္ဘာလ(၇)ရက္မွ ႏိုဝင္ဘာ လ(၉)ရက္အထိ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

ႏိုဝင္ဘာလ(၇)ရက္တြင္ စူဌာမုနိဘုရားရင္ျပင္၌ မီးပေဒသာလွည့္လည္ပူေဇာ္ပြဲ အပါအဝင္ မသိုးသကၤန္းယက္လုပ္ ပူေဇာ္ပြဲ ႏွင့္ စိန္နားပန္အလွ မီးလႊတ္တင္ပူေဇာ္ပြဲတို႔က်င္းပသြားမည္ျဖစ္ၿပီး ေတာင္ႀကီးၿမိဳ႕ရွိ အေဝရာမီးပုံးကြင္းတြင္လည္း ေဈး ဆိုင္ခန္းႏွင့္ မီးပုံးပ်ံငယ္မ်ား လႊတ္တင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ ႏိုဝင္ဘာလ(၇)ရက္မွ (၉)ရက္အထိ ေန႔ခင္းပိုင္းမ်ားတြင္ ေန႔လႊတ္အ႐ုပ္ၿပိဳင္ပြဲက်င္းပျခင္းႏွင့္ ႐ိုးရာေဈးေရာင္းဝယ္ျခင္းမ်ားလည္း ေဆာင္႐ြက္သြားမည္ျဖစ္ သည္။

ေန႔လႊတ္မီးပုံးပ်ံၿပိဳင္ပြဲတြင္(ေျခႏွစ္ေခ်ာင္းႏွင့္ ေျခေလးေခ်ာင္း) ႏွစ္မ်ိဳးကို ဆုေပးသြားမည္ျဖစ္ၿပီး ပထမဆုအား (၁ဝ)သိန္း က်ပ္၊ ဒုတိယဆုအား (၅)သိန္းက်ပ္၊ တတိယဆုအား (၃)သိန္းက်ပ္ႏွင့္ ႏွစ္သိမ့္ဆုအား (၂)သိန္းက်ပ္ႏႈန္းျဖင့္ စုစုေပါင္း (၅)ဆုခ်ီးျမႇင့္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ညပိုင္းမ်ား၌ စိန္နားပန္မီးပုံးပ်ံလႊတ္တင္ျခင္းႏွင့္ ႐ိုးရာေဈးေရာင္းဝယ္ျခင္းမ်ားလည္း ေဆာင္႐ြက္သြားမည္ျဖစ္သည္။

သို႔ျဖစ္၍ ၿပိဳင္ပြဲဝင္လိုသည့္ မီးပုံးပ်ံဝါသနာရွင္မ်ားအေနျဖင့္ ႏိုဝင္ဘာလ(၅)ရက္ ေနာက္ဆုံးထား၍ ယွဥ္ၿပိဳင္လိုသည့္ မီးပုံးပ်ံအမ်ိဳးအစားအလိုက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး(သို႔မဟုတ္) ရွမ္းျပည္နယ္႐ိုးရာမီးပုံးပ်ံပညာရွင္အသင္းထံသို႔ စာရင္းေပး သြင္းၾကရမည္ ျဖစ္ေၾကာင္းသိရသည္။

လက္ရွိတြင္ ၿပိဳင္ပြဲဝင္မည့္ ေန႔လႊတ္မီးပုံးပ်ံအလုံးေရ (၅၆)လုံးရွိၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.