ကျိုက်ထီးရိုးစေတီ ဘုရားဖူးပြည်သူများအတွက် ကားခ၊ တည်းခိုခွင့် အခမဲ့ကာလအတွင်း ဘုရားဖူး(၂ဝဝဝ) ကျော် လာရောက်ထားပြီး ပြန်လည်စည်းကားလာ

 635

မျိုးကြီး (NP News) - နိုဝင်ဘာ ၄

ကျိုက်ထီးရိုးစေတီ ဘုရားဖူးပြည်သူများအတွက် ကားခ၊ တည်းခိုခွင့် အခမဲ့ကာလအတွင်း ဘုရားဖူးပြည်သူ(၂ဝဝဝ) ကျော် လာရောက်ထားပြီး ပြန်လည်စည်းကားလာကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်ကြမည့် ဘုရားဖူးပြည်သူများအတွက် တောင် တက်ကားခ၊ ဘုရားရင်ပြင်တော်ရှိ တည်းခိုဆောင်များ၌ တည်းခိုခများကို အခမဲ့အစီအစဉ်အဖြစ် နိုဝင်ဘာ (၃)ရက်နှင့် (၄) ရက်နေ့တို့တွင် စီစဉ်ထားကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးပြည်သူ (၁၆ဝဝ)ကျော် လာရောက် ဖူးမျှော်ခဲ့ကြောင်း ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌဦးစိုးလှ က NP News ကို ပြောသည်။

“မနေ့က (၁၆ဝဝ)ကျော်လောက် တက်ခဲ့တယ်။ ကျွန်တော်တို့က အထူးသဖြင့် ဒီနိုဝင်ဘာ (၃)ရက်၊ (၄)ရက်ကို ကင်ပွန်းစခန်းမှာလည်းပဲ စတုဒီသာကျွေးတယ်။ ဘုရားဖူးကိုလည်း အပေါ်ကို အခမဲ့ယာဉ်စီးနင်းခွင့်ပြုတယ်။ ရင်ပြင်တော်ရောက်သွားတော့ ရင်ပြင်တော်မှာ တည်းခိုဆောင်တွေကို အခမဲ့တည်းခိုခွင့်ဆောင်ရွက်ပေးတယ်။ နောက် ရင်ပြင်တော်မှာ စတုဒီသာ (၂)ရက် ကျွေးတယ်” ဟု ဥက္ကဋ္ဌဦးစိုးလှက ဆက်လက်ပြောသည်။

ထို့ပြင် ဘုရားဖူးပြည်သူများအတွက် လုံခြုံရေးကိစ္စများကို အထူးဆောင်ရွက်ထားသည့်အပြင် ကျန်းမာရေးကိစ္စများ ကိုပါ ပြင်ဆင်ဆောင်ရွက်ထားကြောင်း ၎င်းက ဆိုသည်။


“ဘုရားပြည်သူတွေလည်း ပြန်လည်ပြီးတော့ စည်းကားလာပါတယ်။ ကျိုက်ထီးရိုးရဲ့သဘာဝကတော့ သိတဲ့အတိုင်း ပဲ အပန်းလည်းဖြေ၊ ဘုရားလည်းဖူးဆိုတော့ အခုက အဖက်ဖက်က ငြိမ်းချမ်းလာတဲ့အချိန်လည်းဖြစ်လာတော့ ဘုရားဖူးတွေက များလာပါတယ်” ဟု ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးစိုးလှက ပြောသည်။

အလားတူ ယနေ့ နိုဝင်ဘာ ၄ ရက် နေ့လည် ၁၂ နာရီအချိန်အထိ ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးပြည်သူ ၇ဝဝ ဦး ထက်မနည်း ထပ်မံလာရောက် ဖူးမျှော်နေကြောင်း သိရသည်။

ပြီးခဲ့သော အောက်တိုဘာလအတွင်းက ကျိုက်ထီးရိုးဘုရား တောင်တက်ကားဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ကြောင့် ဘုရားဖူးပြည်သူများ ထိခိုက်သေဆုံးခဲ့သောဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတွင် ပြန်လည်စည်းကားလာ ခြင်းလည်းဖြစ်သည်။

ကျိုက်ထီးရိုးစေတီတော်သို့ ပြီးခဲ့သော သီတင်းကျွတ်လပြည့်နေ့ရက်အတွင်း ဘုရားဖူးပြည်သူ (၂ဝဝဝဝ) ကျော်လာ ရောက်ဖူးမျှော်ခဲ့ကြောင်း သိရပြီး လာမည့် တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားဖူးအများအပြား လာရောက်နိုင် ကြောင်း မျှော်မှန်းထားသည်ဟု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှ က ဆိုသည်။

Zawgyi Version;
က်ိဳက္ထီး႐ိုးေစတီ ဘုရားဖူးျပည္သူမ်ားအတြက္ ကားခ၊ တည္းခိုခြင့္ အခမဲ့ကာလအတြင္း ဘုရားဖူး(၂ဝဝဝ) ေက်ာ္ လာ ေရာက္ထားၿပီး ျပန္လည္စည္းကားလာ
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၄

က်ိဳက္ထီး႐ိုးေစတီ ဘုရားဖူးျပည္သူမ်ားအတြက္ ကားခ၊ တည္းခိုခြင့္ အခမဲ့ကာလအတြင္း ဘုရားဖူးျပည္သူ(၂ဝဝဝ) ေက်ာ္ လာေရာက္ထားၿပီး ျပန္လည္စည္းကားလာေၾကာင္း သတင္းရရွိသည္။

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္ရွိ က်ိဳက္ထီး႐ိုးေစတီေတာ္သို႔ လာေရာက္ၾကမည့္ ဘုရားဖူးျပည္သူမ်ားအတြက္ ေတာင္ တက္ကားခ၊ ဘုရားရင္ျပင္ေတာ္ရွိ တည္းခိုေဆာင္မ်ား၌ တည္းခိုခမ်ားကို အခမဲ့အစီအစဥ္အျဖစ္ ႏိုဝင္ဘာ (၃)ရက္ႏွင့္ (၄) ရက္ေန႔တို႔တြင္ စီစဥ္ထားေၾကာင္း သိရသည္။

ယမန္ေန႔ ႏိုဝင္ဘာလ ၃ ရက္ေန႔တြင္ က်ိဳက္ထီး႐ိုးေစတီေတာ္သို႔ ဘုရားဖူးျပည္သူ (၁၆ဝဝ)ေက်ာ္ လာေရာက္ ဖူးေမွ်ာ္ခဲ့ေၾကာင္း က်ိဳက္ထီး႐ိုးေစတီေတာ္ေဂါပကအဖြဲ႕ ဥကၠ႒ဦးစိုးလွ က NP News ကို ေျပာသည္။

“မေန႔က (၁၆ဝဝ)ေက်ာ္ေလာက္ တက္ခဲ့တယ္။ ကြၽန္ေတာ္တို႔က အထူးသျဖင့္ ဒီႏိုဝင္ဘာ (၃)ရက္၊ (၄)ရက္ကို ကင္ပြန္းစခန္းမွာလည္းပဲ စတုဒီသာေကြၽးတယ္။ ဘုရားဖူးကိုလည္း အေပၚကို အခမဲ့ယာဥ္စီးနင္းခြင့္ျပဳတယ္။ ရင္ျပင္ေတာ္ေရာက္သြားေတာ့ ရင္ျပင္ေတာ္မွာ တည္းခိုေဆာင္ေတြကို အခမဲ့တည္းခိုခြင့္ေဆာင္႐ြက္ေပးတယ္။ ေနာက္ ရင္ျပင္ေတာ္မွာ စတုဒီသာ (၂)ရက္ ေကြၽးတယ္” ဟု ဥကၠ႒ဦးစိုးလွက ဆက္လက္ေျပာသည္။

ထို႔ျပင္ ဘုရားဖူးျပည္သူမ်ားအတြက္ လုံၿခဳံေရးကိစၥမ်ားကို အထူးေဆာင္႐ြက္ထားသည့္အျပင္ က်န္းမာေရးကိစၥမ်ား ကိုပါ ျပင္ဆင္ေဆာင္႐ြက္ထားေၾကာင္း ၎က ဆိုသည္။


“ဘုရားျပည္သူေတြလည္း ျပန္လည္ၿပီးေတာ့ စည္းကားလာပါတယ္။ က်ိဳက္ထီး႐ိုးရဲ႕သဘာဝကေတာ့ သိတဲ့အတိုင္း ပဲ အပန္းလည္းေျဖ၊ ဘုရားလည္းဖူးဆိုေတာ့ အခုက အဖက္ဖက္က ၿငိမ္းခ်မ္းလာတဲ့အခ်ိန္လည္းျဖစ္လာေတာ့ ဘုရားဖူးေတြက မ်ားလာပါတယ္” ဟု ေဂါပကအဖြဲ႕ဥကၠ႒ဦးစိုးလွက ေျပာသည္။

အလားတူ ယေန႔ ႏိုဝင္ဘာ ၄ ရက္ ေန႔လည္ ၁၂ နာရီအခ်ိန္အထိ က်ိဳက္ထီး႐ိုးေစတီေတာ္သို႔ ဘုရားဖူးျပည္သူ ၇ဝဝ ဦး ထက္မနည္း ထပ္မံလာေရာက္ ဖူးေမွ်ာ္ေနေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ေအာက္တိုဘာလအတြင္းက က်ိဳက္ထီး႐ိုးဘုရား ေတာင္တက္ကားဂိတ္တြင္ ပစ္ခတ္မႈျဖစ္ပြားခဲ့ျခင္း ေၾကာင့္ ဘုရားဖူးျပည္သူမ်ား ထိခိုက္ေသဆုံးခဲ့ေသာျဖစ္စဥ္ျဖစ္ပြားခဲ့ၿပီးေနာက္ လက္ရွိတြင္ ျပန္လည္စည္းကားလာ ျခင္းလည္းျဖစ္သည္။

က်ိဳက္ထီး႐ိုးေစတီေတာ္သို႔ ၿပီးခဲ့ေသာ သီတင္းကြၽတ္လျပည့္ေန႔ရက္အတြင္း ဘုရားဖူးျပည္သူ (၂ဝဝဝဝ) ေက်ာ္လာ ေရာက္ဖူးေမွ်ာ္ခဲ့ေၾကာင္း သိရၿပီး လာမည့္ တန္ေဆာင္မုန္းလျပည့္ေန႔တြင္ ဘုရားဖူးအမ်ားအျပား လာေရာက္ႏိုင္ ေၾကာင္း ေမွ်ာ္မွန္းထားသည္ဟု ေဂါပကအဖြဲ႕ဥကၠ႒ ဦးစိုးလွ က ဆိုသည္။

Picture

Htun Aung Kyaw

04/11/2022 19:32

👍👍👍

Related news

© 2021. All rights reserved.