ရုရှားနိုင်ငံထုတ် တိုက်ခိုက်ရေးသုံး Sukhoi Su-30 တိုက်လေယာဉ်များကို မြန်မာစစ်တပ် လွှဲပြောင်းရယူခဲ့ဟုဆို

3648

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၅
မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံထုတ် တိုက်ခိုက်ရေးသုံး တိုက်လေယာဉ်များ လွှဲ ပြောင်းရယူခဲ့ကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့များက ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံထံကနေ တိုက်လေယာဉ်နဲ့ပတ်သက်တဲ့ စက်ပစ္စည်းများကို မကြာသေးမီက သင်္ဘောနဲ့လွှဲပြောင်း ရယူနိုင်ခဲ့ကြောင်းသိရပါတယ်။ မြန်မာစစ်တပ်ဟာ ၂ဝ၁၈ ခုနှစ်မှာ Sukhoi Su-30s အမျိုးအစားတိုက်လေယာဉ် (၆)စင်းဝယ်ယူခဲ့ကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာတွေကဖော်ပြပါတယ်။
လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Myanmar Witness အဖွဲ့က ဂြိုလ်တုမှတ်တမ်းများအရ နေပြည်တော်ရှိ စစ်အခြေစိုက်စခန်းမှာ ရုရှားထံကနေ လွှဲပြောင်းရယူထားတဲ့အနည်းဆုံး တိုက်လေယာဉ်တစ်စီး ရောက်ရှိနေကြောင်းဆိုပါတယ်။ မြန်မာစစ်တပ်ဟာ ရုရှားထံကနေရရှိထားတဲ့ တိုက်လေယာဉ်များကို လေ့ကျင့်သင် ကြားပျံသန်းမှုများ လုပ်ဆောင်ခြင်းရှိ/မရှိဆိုတဲ့အချက်ကို အတိအကျမသိသေးကြောင်း ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ တိုက်လေယာဉ်မှူးနှစ်ဦးထိုင်ရတဲ့ ဘက်စုံသုံးတိုက်လေယာဉ် (၄)စင်း နဲ့ (၆)စင်းကြား လက်ခံရရှိထားပြီး ရုရှားတိုက်လေယာဉ်မှူး သင်တန်းနည်းပြတွေ၊ နည်းပညာရှင်တွေလည်း တိုက်လေယာဉ်တွေနဲ့အတူ လိုက်ပါလာခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေကဖော်ပြခဲ့ဖူးပါတယ်။
မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံထုတ်တိုက်လေယာဉ်ဘယ်နှစ်စင်းလက်ခံရရှိထားသ လဲဆိုတဲ့အချက်ကို မှတ်ချတ်ပြုပြောဆိုခြင်းမရှိပါဘူး။ ကာကွယ်ရေးသတင်းအချက်လက်များကိုဖော်ပြတဲ့ Janes သတင်းဌာနက မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံထုတ် Russian Kamov KA-29TB အမျိုးအစားတိုက်ခိုက်ရေးသုံးသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်များလည်းလက်ခံရရှိထားပြီး အဆိုပါ ရဟတ်ယာဉ်တွေကို စစ်ကိုင်း တိုင်းဒေသကြီးမြောက်ပိုင်းမှာတွေ့မြင်ခဲ့ဖူးကြောင်း အောက်တိုဘာလက ဖော်ပြခဲ့ဖူးပါတယ်။
အဆိုပါရဟတ်ယာဉ်ဟာ ဒီနှစ်အစောပိုင်းမှာ မြန်မာစစ်တပ်က ရုရှားနိုင်ငံထံကနေ ဝယ်ယူဖို့ သဘောတူညီထားတဲ့ ရဟတ်ယာဉ် (၅)စင်းအနက်မှ တစ်စင်းဖြစ်ဖွယ်ရှိ Janes ကဖော်ပြပါတယ်။

zawgyi version
႐ုရွားႏိုင္ငံထုတ္ တိုက္ခိုက္ေရးသုံး Sukhoi Su-30 တိုက္ေလယာဥ္မ်ားကို ျမန္မာစစ္တပ္ လႊဲေျပာင္းရယူခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၅
ျမန္မာစစ္တပ္ဟာ ႐ုရွားႏိုင္ငံထုတ္ တိုက္ခိုက္ေရးသုံး တိုက္ေလယာဥ္မ်ား လႊဲေျပာင္းရယူခဲ့ေၾကာင္း ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕မ်ားက ေျပာပါတယ္။
ျမန္မာစစ္တပ္ဟာ ႐ုရွားႏိုင္ငံထံကေန တိုက္ေလယာဥ္နဲ႔ပတ္သက္တဲ့ စက္ပစၥည္းမ်ားကို မၾကာေသးမီက သေဘၤာနဲ႔လႊဲေျပာင္း ရယူႏိုင္ခဲ့ေၾကာင္းသိရပါတယ္။ ျမန္မာစစ္တပ္ဟာ ၂ဝ၁၈ ခုႏွစ္မွာ Sukhoi Su-30s အမ်ိဳးအစားတိုက္ေလယာဥ္ (၆)စင္းဝယ္ယူခဲ့ေၾကာင္း ႐ုရွားႏိုင္ငံပိုင္မီဒီယာေတြကေဖာ္ျပပါတယ္။
ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ Myanmar Witness အဖြဲ႕က ၿဂိဳလ္တုမွတ္တမ္းမ်ားအရ ေနျပည္ေတာ္ရွိ စစ္အေျခစိုက္စခန္းမွာ ႐ုရွားထံကေန လႊဲေျပာင္းရယူထားတဲ့အနည္းဆုံး တိုက္ေလယာဥ္တစ္စီး ေရာက္ရွိေနေၾကာင္းဆိုပါတယ္။ ျမန္မာစစ္တပ္ဟာ ႐ုရွားထံကေနရရွိထားတဲ့ တိုက္ေလယာဥ္မ်ားကို ေလ့က်င့္သင္ ၾကားပ်ံသန္းမႈမ်ား လုပ္ေဆာင္ျခင္းရွိ/မရွိဆိုတဲ့အခ်က္ကို အတိအက်မသိေသးေၾကာင္း ဆိုပါတယ္။
ျမန္မာစစ္တပ္ဟာ တိုက္ေလယာဥ္မႉးႏွစ္ဦးထိုင္ရတဲ့ ဘက္စုံသုံးတိုက္ေလယာဥ္ (၄)စင္း နဲ႔ (၆)စင္းၾကား လက္ခံရရွိထားၿပီး ႐ုရွားတိုက္ေလယာဥ္မႉး သင္တန္းနည္းျပေတြ၊ နည္းပညာရွင္ေတြလည္း တိုက္ေလယာဥ္ေတြနဲ႔အတူ လိုက္ပါလာခဲ့ေၾကာင္း ျပည္တြင္းမီဒီယာေတြကေဖာ္ျပခဲ့ဖူးပါတယ္။
ျမန္မာစစ္တပ္ဟာ ႐ုရွားႏိုင္ငံထုတ္တိုက္ေလယာဥ္ဘယ္ႏွစ္စင္းလက္ခံရရွိထားသ လဲဆိုတဲ့အခ်က္ကို မွတ္ခ်တ္ျပဳေျပာဆိုျခင္းမရွိပါဘူး။ ကာကြယ္ေရးသတင္းအခ်က္လက္မ်ားကိုေဖာ္ျပတဲ့ Janes သတင္းဌာနက ျမန္မာစစ္တပ္ဟာ ႐ုရွားႏိုင္ငံထုတ္ Russian Kamov KA-29TB အမ်ိဳးအစားတိုက္ခိုက္ေရးသုံးသယ္ယူပို႔ေဆာင္ေရးရဟတ္ယာဥ္မ်ားလည္းလက္ခံရရွိထားၿပီး အဆိုပါ ရဟတ္ယာဥ္ေတြကို စစ္ကိုင္း တိုင္းေဒသႀကီးေျမာက္ပိုင္းမွာေတြ႕ျမင္ခဲ့ဖူးေၾကာင္း ေအာက္တိုဘာလက ေဖာ္ျပခဲ့ဖူးပါတယ္။
အဆိုပါရဟတ္ယာဥ္ဟာ ဒီႏွစ္အေစာပိုင္းမွာ ျမန္မာစစ္တပ္က ႐ုရွားႏိုင္ငံထံကေန ဝယ္ယူဖို႔ သေဘာတူညီထားတဲ့ ရဟတ္ယာဥ္ (၅)စင္းအနက္မွ တစ္စင္းျဖစ္ဖြယ္ရွိ Janes ကေဖာ္ျပပါတယ္။