ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေကို သီးနှံများအခမဲ့ပေးပို့ရန် ရုရှားအစိုးရသဘောတူ

 722

ဖြိုးခန့် (NP News) - နိုဝင်ဘာ ၆
ရုရှားသမ္မတပူတင်နှင့် တူရကီသမ္မတအာဒိုဂန် တို့သည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများသို့ သီးနှံများအခမဲ့ပေးပို့ရန် မကြာသေးမီကဖုန်းခေါ်ဆိုမှုအတွင်း သဘောတူညီခဲ့ကြကြောင်း တူရကီသမ္မတ အာဒိုဂန်က ထုတ်ဖော်ပြောဆိုခဲ့သည်၊၊

တူရကီသမ္မတ အာဒိုဂန်က “ရုရှားသမ္မတ ပူတင်နဲ့ ဖုန်းပြောတုန်းက Djiboutiနိုင်ငံ ၊ဆိုမာလီနိုင်ငံနှင့် ဆူဒန်နိုင်ငံတွေကို သီးနှံတွေအခမဲ့ပေးပို့ဖို့ ကျွန်တော်တို့ သဘောတူညီခဲ့ပါတယ်”ဟုပြောဆိုခဲ့သည်၊၊

တူရကီသမ္မတ၏ အဆိုပြုချက်များနှင့်ပတ်သက်ပြီး ရုရှားဘက်က တရားဝင်မှတ်ချက်ပေးခြင်းမျိုး မရှိသေးကြောင်းသိရသည်။ ယူကရိန်းမှ သီးနှံတင်ပို့မှု အဆင်ပြေချောမွေ့စေရေး သဘောတူညီချက်တွင် အခက်အခဲများရှိနေသည့်ကြားက အဆိုပါအဆိုပြုချက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါသီးနှံတင်ပို့သည့် သဘောတူညီချက်ကို ဇူလိုင်လတွင် ဆွေးနွေးညှိနှိုင်းခဲ့ပြီး ရုရှား၊ ယူကရိန်း၊ တူရကီ နှင့် ကုလသမဂ္ဂတို့ကြား သဘောတူညီမှုများရရှိခဲ့ကြောင်းသိရသည်၊၊

အဆိုပါသဘောတူညီချက်များအရ ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံကြား စစ်ရေးပဋိပက္ခများကြောင့် ယခင်က ပိတ်ဆို့ထားသော ယူကရိန်းပင်လယ်ဆိပ်ကမ်းမှ လယ်ယာထွက်ကုန်များကို ပင်လယ်နက်ကိုဖြတ်၍ တင်ပို့ခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ကြောင်း သိရသည်။ ယူကရိန်းတပ်ဖွဲ့များသည် ပင်လယ်နက်ရှိ ရုရှား၏ ရေတပ်သင်္ဘောအုပ်စုကို ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားသည် သီးနှံတင်ပို့သည့် သဘောတူညီချက်တွင် ၎င်း၏ပါဝင်မှုကို ဆိုင်းငံ့လိုက်ကြောင်းသိရသည်။ ပင်လယ်နက်ရှိ ရုရှားရေတပ်သင်္ဘောအုပ်စုကို တိုက်ခိုက်ရန်အတွက် ယူကရိန်းသည် သီးနှံတင်ပို့သည့်ရေလမ်းကြောင်းကို အသုံးပြုကာ ဒရုန်းများကို သင်္ဘောတစ်စီးပေါ်မှ လွှတ်တင်ခဲ့ကြောင်း ရုရှားကစွပ်စွဲပြောဆိုခဲ့သည်။

ရုရှား၏ အဆိုပါစွပ်စွဲချက်များကို ယူကရိန်းဘက်က ပြန်လည်ငြင်းဆိုခဲ့ကြောင်းသိရသည်။ ယူကရိန်းသည် စစ်ရေးရည်ရွယ်ချက်များအတွက် သီးနှံတင်ပို့သည့်ရေလမ်းကြောင်းကို အသုံးမပြု ကြောင်း စာတစ်စောင်ကို ရုရှားထံသို့ပေးပို့ပြီးနောက် ရုရှားသည် သီးနှံတင်ပို့သည့် သဘောတူညီချက်ထဲသို့ ပြန်လည်ပါဝင်လာခဲ့ကြောင်းသိရသည်။ ယူကရိန်းသည် ၎င်း၏သဘောတူညီချက်ကို ချိုးဖောက်ပါက ရုရှားသည် သီးနှံတင်ပို့သည့် သဘောတူညီချက်မှ နှုတ်ထွက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
တစ်ချိန်တည်းမှာပင် ရုရှားသမ္မတပူတင်က ရုရှားသည် အဆင်းရဲဆုံးနိုင်ငံများသို့ သီးနှံများအခမဲ့ပေးပို့ရန် အသင့်ရှိကြောင်း အလေးပေးပြောကြားခဲ့သည်။

ရုရှားသမ္မတပူတင်က “သီးနှံတင်ပို့တဲ့ သဘောတူညီချက်ကနေ နှုတ်ထွက်မယ်ဆိုရင်တောင် ရုရှားဟာ အဆင်းရဲဆုံးနိုင်ငံတွေကို သီးနှံတွေအခမဲ့ပေးပို့ဖို့ အသင့်ရှိနေပါတယ်။ ယူကရိန်းက ၎င်းရဲ့သဘောတူညီချက်တွေကို ချိုးဖောက်မယ်ဆိုရင် တောင် ကျွန်တော်တို့ဟာ အဆင်းရဲဆုံးနိုင်ငံတွေအတွက် သီးနှံတွေကို အခမဲ့ပေးပို့ ပေးသွားမှာပါ” ဟုပြောဆိုခဲ့သည်။

Zawgyi Version
ကမာၻ႔အဆင္းရဲဆုံးႏိုင္ငံေတြကို သီးႏွံမ်ားအခမဲ့ေပးပို႔ရန္ ႐ုရွားအစိုးရသေဘာတူ
ၿဖိဳးခန႔္ (NP News) - ႏိုဝင္ဘာ ၆

႐ုရွားသမၼတပူတင္ႏွင့္ တူရကီသမၼတအာဒိုဂန္ တို႔သည္ ကမာၻ႔အဆင္းရဲဆုံးႏိုင္ငံမ်ားသို႔ သီးႏွံမ်ားအခမဲ့ေပးပို႔ရန္ မၾကာေသးမီကဖုန္းေခၚဆိုမႈအတြင္း သေဘာတူညီခဲ့ၾကေၾကာင္း တူရကီသမၼတ အာဒိုဂန္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္၊၊

တူရကီသမၼတ အာဒိုဂန္က “႐ုရွားသမၼတ ပူတင္နဲ႔ ဖုန္းေျပာတုန္းက Djiboutiႏိုင္ငံ ၊ဆိုမာလီႏိုင္ငံႏွင့္ ဆူဒန္ႏိုင္ငံေတြကို သီးႏွံေတြအခမဲ့ေပးပို႔ဖို႔ ကြၽန္ေတာ္တို႔ သေဘာတူညီခဲ့ပါတယ္”ဟုေျပာဆိုခဲ့သည္၊၊

တူရကီသမၼတ၏ အဆိုျပဳခ်က္မ်ားႏွင့္ပတ္သက္ၿပီး ႐ုရွားဘက္က တရားဝင္မွတ္ခ်က္ေပးျခင္းမ်ိဳး မရွိေသးေၾကာင္းသိရသည္။ ယူကရိန္းမွ သီးႏွံတင္ပို႔မႈ အဆင္ေျပေခ်ာေမြ႕ေစေရး သေဘာတူညီခ်က္တြင္ အခက္အခဲမ်ားရွိေနသည့္ၾကားက အဆိုပါအဆိုျပဳခ်က္ထြက္ေပၚလာျခင္းျဖစ္ေၾကာင္းသိရသည္။ အဆိုပါသီးႏွံတင္ပို႔သည့္ သေဘာတူညီခ်က္ကို ဇူလိုင္လတြင္ ေဆြးေႏြးညႇိႏႈိင္းခဲ့ၿပီး ႐ုရွား၊ ယူကရိန္း၊ တူရကီ ႏွင့္ ကုလသမဂၢတို႔ၾကား သေဘာတူညီမႈမ်ားရရွိခဲ့ေၾကာင္းသိရသည္၊၊

အဆိုပါသေဘာတူညီခ်က္မ်ားအရ ႐ုရွားႏွင့္ ယူကရိန္း ႏွစ္ႏိုင္ငံၾကား စစ္ေရးပဋိပကၡမ်ားေၾကာင့္ ယခင္က ပိတ္ဆို႔ထားေသာ ယူကရိန္းပင္လယ္ဆိပ္ကမ္းမွ လယ္ယာထြက္ကုန္မ်ားကို ပင္လယ္နက္ကိုျဖတ္၍ တင္ပို႔ခြင့္ကို ျပန္လည္ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။ ယူကရိန္းတပ္ဖြဲ႕မ်ားသည္ ပင္လယ္နက္ရွိ ႐ုရွား၏ ေရတပ္သေဘၤာအုပ္စုကို ဒ႐ုန္းမ်ားျဖင့္တိုက္ခိုက္ခဲ့ၿပီးေနာက္ ႐ုရွားသည္ သီးႏွံတင္ပို႔သည့္ သေဘာတူညီခ်က္တြင္ ၎၏ပါဝင္မႈကို ဆိုင္းငံ့လိုက္ေၾကာင္းသိရသည္။ ပင္လယ္နက္ရွိ ႐ုရွားေရတပ္သေဘၤာအုပ္စုကို တိုက္ခိုက္ရန္အတြက္ ယူကရိန္းသည္ သီးႏွံတင္ပို႔သည့္ေရလမ္းေၾကာင္းကို အသုံးျပဳကာ ဒ႐ုန္းမ်ားကို သေဘၤာတစ္စီးေပၚမွ လႊတ္တင္ခဲ့ေၾကာင္း ႐ုရွားကစြပ္စြဲေျပာဆိုခဲ့သည္။

႐ုရွား၏ အဆိုပါစြပ္စြဲခ်က္မ်ားကို ယူကရိန္းဘက္က ျပန္လည္ျငင္းဆိုခဲ့ေၾကာင္းသိရသည္။ ယူကရိန္းသည္ စစ္ေရးရည္႐ြယ္ခ်က္မ်ားအတြက္ သီးႏွံတင္ပို႔သည့္ေရလမ္းေၾကာင္းကို အသုံးမျပဳ ေၾကာင္း စာတစ္ေစာင္ကို ႐ုရွားထံသို႔ေပးပို႔ၿပီးေနာက္ ႐ုရွားသည္ သီးႏွံတင္ပို႔သည့္ သေဘာတူညီခ်က္ထဲသို႔ ျပန္လည္ပါဝင္လာခဲ့ေၾကာင္းသိရသည္။ ယူကရိန္းသည္ ၎၏သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ပါက ႐ုရွားသည္ သီးႏွံတင္ပို႔သည့္ သေဘာတူညီခ်က္မွ ႏႈတ္ထြက္မည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္ ႐ုရွားသမၼတပူတင္က ႐ုရွားသည္ အဆင္းရဲဆုံးႏိုင္ငံမ်ားသို႔ သီးႏွံမ်ားအခမဲ့ေပးပို႔ရန္ အသင့္ရွိေၾကာင္း အေလးေပးေျပာၾကားခဲ့သည္။

႐ုရွားသမၼတပူတင္က “သီးႏွံတင္ပို႔တဲ့ သေဘာတူညီခ်က္ကေန ႏႈတ္ထြက္မယ္ဆိုရင္ေတာင္ ႐ုရွားဟာ အဆင္းရဲဆုံးႏိုင္ငံေတြကို သီးႏွံေတြအခမဲ့ေပးပို႔ဖို႔ အသင့္ရွိေနပါတယ္။ ယူကရိန္းက ၎ရဲ႕သေဘာတူညီခ်က္ေတြကို ခ်ိဳးေဖာက္မယ္ဆိုရင္ေတာင္ ကြၽန္ေတာ္တို႔ဟာ အဆင္းရဲဆုံးႏိုင္ငံေတြအတြက္ သီးႏွံေတြကို အခမဲ့ေပးပို႔ ေပးသြားမွာပါ” ဟုေျပာဆိုခဲ့သည္။

Picture

Ko Moe

06/11/2022 12:25

ကုသိုလ်ယူသင့်သော အချိန်ဖြစ်ပါတယ် ရုရှားနိုင်ငံရေ ကူညီမှူ့က သင့်ကို ပြန်ပြီး အကူအညီထပ်ရနိုင်ပါတယ်ဗျာ

Related news

© 2021. All rights reserved.