အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် မုံရွာနှင့် သထုံတို့တွင် စက်မှုသင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်

 551

ယွန်း (NP News) - နိုဝင်ဘာ ၆

မုံရွာမြို့နှင့် သထုံမြို့တို့တွင် အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် စက်မှုသင်တန်းကျောင်းများ ထပ်မံ ဖွင့်လှစ်နိုင်ရန်စီမံဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က ပြီးခဲ့သည့် နိုဝင်ဘာလ(၄)ရက်က ပဲခူးတိုင်း၊ ရေတာရှည် မြို့နယ်၊ သာဂရစက်မှုဇုန်ရှိ သင်တန်းဆင်းပွဲ အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ စက်မှုကဏ္ဍတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် စက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင် ရေးကို ဝန်ကြီးဌာနအနေဖြင့် တစ်ဖက်တစ်လမ်းမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးမှဆိုသည်။

အထက်ပါ အမှတ်(၃)စက်မှုသင်တန်းကျောင်း(သာဂရ)မှ ဖွင့်လှစ်ပြီးသင်တန်းအမှတ်စဉ်(၁၁)ခု၌ သင်တန်းသား(၁ဝ၂၉) ဦးနှင့် သင်တန်းသူ(၃၅၂)ဦး စုစုပေါင်း(၁၃၈၁)ဦးကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အလားတူယခုဖွင့်လှစ်ခဲ့သည့် စက်မှုကျွမ်းကျင်သင်တန်း အမှတ်စဉ်(၁၂)ကို ၂ဝ၂၁ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား(၁ဝ၅)ဦးနှင့် သင်တန်းသူ(၁၆)ဦး စုစုပေါင်း(၁၂၁)ဦးကို သင်တန်းဆင်းလက်မှတ်ပေးနိုင်ခဲ့သည်။

လက်ရှိတွင် စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီဖြင့် စက်မှုသင်တန်းကျောင်း(၆) ကျောင်းကို ဖွင့်လှစ်ထားပြီး နှစ်စဉ်စက်မှုကျွမ်းကျင်လုပ်သား(၁ဝဝဝ)ကျော်ကို လေ့ကျင်သင်ကြားပေးလျက်ရှိကြောင်း သိရ သည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၏အကူအညီဖြင့် မုံရွာမြို့နှင့် သထုံမြို့တို့တွင် စက်မှုသင်တန်းကျောင်းများ ထပ်မံဖွင့်လှစ်နိုင်ရန် စီမံ ဆောင်ရွက်နေပြီး စက်မှုသင်တန်းကျောင်းများမှ စက်မှုနှင့် အသက်မွေးပညာဘာသာရပ်(၁၆)မျိုးကို သင်ကြားပေးလျက် ရှိကြောင်း ဒုဝန်ကြီးမှ ဆိုသည်။

အချို့ဒေသများတွင် တိုင်းနှင့်ပြည်နယ်အသီးသီးတို့၏ လိုအပ်ချက်ပေါ်မူတည်၍ သံဂဟေ/ဓာတ်ငွေ့ဂဟေဆက်သင်တန်း၊ လျှပ်စစ်သင်တန်း၊ လယ်ယာသုံးအင်ဂျင်အမျိုးမျိုးနှင့် မော်တော်ဆိုင်ကယ်ပြုပြင်သင်တန်း၊ မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်း ခြင်းသင်တန်း စသည့် စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်းများကို ဒေသအရောက် သွားရောက်၍ဖွင့်လှစ်သင် ကြားပေးလျက်ရှိကြောင်း ဒုဝန်ကြီးမှ ထည့်သွင်းပြောဆိုခဲ့သည်။

Zawgyi Version
အိႏၵိယႏိုင္ငံ၏ အကူအညီျဖင့္ မုံ႐ြာႏွင့္ သထုံတို႔တြင္ စက္မႈသင္တန္းေက်ာင္းမ်ား ဖြင့္လွစ္ႏိုင္ရန္ ေဆာင္႐ြက္သြားမည္

ယြန္း (NP News) - ႏိုဝင္ဘာ ၆

မုံ႐ြာၿမိဳ႕ႏွင့္ သထုံၿမိဳ႕တို႔တြင္ အိႏၵိယႏိုင္ငံ၏ အကူအညီျဖင့္ စက္မႈသင္တန္းေက်ာင္းမ်ား ထပ္မံ ဖြင့္လွစ္ႏိုင္ရန္စီမံေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း သိရသည္။

စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးရင္ေမာင္ၫြန႔္က ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၄)ရက္က ပဲခူးတိုင္း၊ ေရတာရွည္ ၿမိဳ႕နယ္၊ သာဂရစက္မႈဇုန္ရွိ သင္တန္းဆင္းပြဲ အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံေတာ္၏ စက္မႈက႑တိုးတက္ေရးအတြက္ အေျခခံလိုအပ္ခ်က္ျဖစ္သည့္ စက္မႈကြၽမ္းက်င္လုပ္သားမ်ား ေမြးထုတ္ႏိုင္ ေရးကို ဝန္ႀကီးဌာနအေနျဖင့္ တစ္ဖက္တစ္လမ္းမွ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဒုဝန္ႀကီးမွဆိုသည္။

အထက္ပါ အမွတ္(၃)စက္မႈသင္တန္းေက်ာင္း(သာဂရ)မွ ဖြင့္လွစ္ၿပီးသင္တန္းအမွတ္စဥ္(၁၁)ခု၌ သင္တန္းသား(၁ဝ၂၉) ဦးႏွင့္ သင္တန္းသူ(၃၅၂)ဦး စုစုေပါင္း(၁၃၈၁)ဦးကို ေအာင္ျမင္စြာ ေမြးထုတ္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

အလားတူယခုဖြင့္လွစ္ခဲ့သည့္ စက္မႈကြၽမ္းက်င္သင္တန္း အမွတ္စဥ္(၁၂)ကို ၂ဝ၂၁ခုႏွစ္၊ ဒီဇင္ဘာလ(၉)ရက္တြင္ ဖြင့္လွစ္ခဲ့ၿပီး သင္တန္းသား(၁ဝ၅)ဦးႏွင့္ သင္တန္းသူ(၁၆)ဦး စုစုေပါင္း(၁၂၁)ဦးကို သင္တန္းဆင္းလက္မွတ္ေပးႏိုင္ခဲ့သည္။

လက္ရွိတြင္ စက္မႈဝန္ႀကီးဌာနအေနျဖင့္ ႏိုင္ငံတကာမိတ္ဖက္အဖြဲ႕အစည္းမ်ား၏ အကူအညီျဖင့္ စက္မႈသင္တန္းေက်ာင္း(၆) ေက်ာင္းကို ဖြင့္လွစ္ထားၿပီး ႏွစ္စဥ္စက္မႈကြၽမ္းက်င္လုပ္သား(၁ဝဝဝ)ေက်ာ္ကို ေလ့က်င္သင္ၾကားေပးလ်က္ရွိေၾကာင္း သိရ သည္။

ထို႔ျပင္ အိႏၵိယႏိုင္ငံ၏အကူအညီျဖင့္ မုံ႐ြာၿမိဳ႕ႏွင့္ သထုံၿမိဳ႕တို႔တြင္ စက္မႈသင္တန္းေက်ာင္းမ်ား ထပ္မံဖြင့္လွစ္ႏိုင္ရန္ စီမံ ေဆာင္႐ြက္ေနၿပီး စက္မႈသင္တန္းေက်ာင္းမ်ားမွ စက္မႈႏွင့္ အသက္ေမြးပညာဘာသာရပ္(၁၆)မ်ိဳးကို သင္ၾကားေပးလ်က္ ရွိေၾကာင္း ဒုဝန္ႀကီးမွ ဆိုသည္။

အခ်ိဳ႕ေဒသမ်ားတြင္ တိုင္းႏွင့္ျပည္နယ္အသီးသီးတို႔၏ လိုအပ္ခ်က္ေပၚမူတည္၍ သံဂေဟ/ဓာတ္ေငြ႕ဂေဟဆက္သင္တန္း၊ လွ်ပ္စစ္သင္တန္း၊ လယ္ယာသုံးအင္ဂ်င္အမ်ိဳးမ်ိဳးႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ျပဳျပင္သင္တန္း၊ ေမာ္ေတာ္ယာဥ္ျပဳျပင္ ထိန္းသိမ္း ျခင္းသင္တန္း စသည့္ စက္မႈႏွင့္အသက္ေမြးပညာ ေ႐ြ႕လ်ားသင္တန္းမ်ားကို ေဒသအေရာက္ သြားေရာက္၍ဖြင့္လွစ္သင္ ၾကားေပးလ်က္ရွိေၾကာင္း ဒုဝန္ႀကီးမွ ထည့္သြင္းေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.