ရန်ကုန်မြို့ရှိ ခရီးသည်တင် YBS ကားပေါ်တွင် အုပ်စုဖွဲ့ ဓားထောက်လုယက်မှုကျူးလွန်နေသူများကို မြေလှန်ရှာမည်ဟုဆို

 4077

မျိုးကြီး (NP News) - နိုဝင်ဘာ ၆

ရန်ကုန်မြို့ရှိ ခရီးသည်တင် YBS ကားပေါ်တွင် အုပ်စုဖွဲ့ ဓားထောက်လုယက်မှုကျူးလွန်နေသူများကို မြေလှန်ရှာမည်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)က ပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်)၊ ညနေပိုင်းအချိန် ရန်ကုန်မြို့ ဗဟိုလမ်းပေါ်၌ ပြေးဆွဲနေသည့် YBS ၂၂ ခရီးသည်တင်ဘတ်စ်ကားတစ်စီးပေါ်တွင် ဓားကိုင်ဆောင်ထားသော အမျိုးသား(၅)ဦးက ခရီးသည်များအား ခြိမ်းခြောက်ကာ ဖုန်းနှင့်ပိုက်ဆံအိတ်များကို လုယက်ယူဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က NP News ကို အတည်ပြုပြောဆိုထားသည်။

“အခု ကျွန်တော်တို့ လိုက်စုံစမ်းနေတယ်။ မြေလှန်ရှာမယ်။ အဲဒီကောင်တွေ နေစရာမရှိအောင် လုပ်မယ်။ ဖြစ်စဉ်ကတော့ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ လိုက်နေတယ်။ ပထမတော့ ရဲအားကိုးတာပေါ့။ ဒါပေမယ့် ရဲအားကိုးလို့မရဘူးလေ။ ကိုယ့်ဟာ ကိုယ်လုပ်မှရတော့မယ်”ဟု ဦးလျန်ကျင့်မန်က ပြောသည်။

ယခုနှစ်ပိုင်းအတွင်း၌ ရန်ကုန်မြို့ရှိ ခရီးသည်တင် YBS ဘတ်စ်ကားများပေါ်တွင် ခါးပိုက်နှိုက်ခံရမှုဖြစ်စဉ်၊ ဓားထောက်လုယက်သည့်ဖြစ်စဉ်များ မကြာခဏဆိုသလို ဖြစ်ပွားလာနေသည်ကို တွေ့ရှိနေရသည်။

“ခရီးသည်ထိခိုက်မှုတော့ မရှိလောက်ဘူးထင်တယ်။ သူတို့က အသာတကြည်ပေးလို့ နေမှာပေါ့။ စိတ်မကောင်းပါဘူး။ အဲဒီလိုဖြစ်စဉ်တွေလည်း ခဏခဏကြားနေရတာ။ အဲဒီကောင်တွေကို စုံစမ်းနေတယ်။ သူတို့ တူသောအကျိုးပေးစေရမယ်” ဟု ဦးလျန်ကျင့်မန်က ဆိုသည်။

ခရီးသည်တင် YBS ဘတ်စ်ကားများပေါ်တွင် ခါးပိုက်နှိုက်ခံရသည့်ဖြစ်စဉ်၊ လုယက်သည့်ဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာနေသည့်အတွက် ခရီးသွားပြည်သူများပူးပေါင်းကာ နှိမ်နင်းရန်အတွက် စည်းရုံးလှုံဆော်မှုများရှိနေသည်ကို လူမှုကွန်ယက်စာမျက်နှာများတွင် တွေ့ရှိနေရသည်။

“ကျွန်တော်တို့က ဒီ YBS တွေနဲ့ပဲ ရုံးသွား၊ ရုံးပြန်လုပ်နေရတာဗျာ။ ကိုယ့်ဝမ်းရေးကို ဖြူဖြူစင်စင်နဲ့ ရှာနေကြတာ။ ဒီကောင်တွေက အုပ်စုဖွဲ့ပြီးတော့ လုယက်နေတာက လူစိတ်ကင်းမဲ့လွန်းတယ်။ ကျွန်တော် ကြုံဖူးတယ်။ သူတို့က ကားပေါ်တက်လာရင် ပစ်မှတ်ကို အရင်ရှာပြီးတော့မှ ဝိုင်းပြီးတော့ အိတ်ကို ဓားနဲ့ခွဲတာ။ လှုပ်လို့လည်းမရဘူး။ အော်လိုက်ရင်လည်း ဓား စာမိသွားလိမ့်မယ်။ အဲဒီတော့ ပါသွားရောပေါ့” ဟု ခရီးသည်ပြည်သူတစ်ဦးက ၎င်း၏အတွေ့အကြုံကို NP News အား ပြောသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အဓိက ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် ခိုးဆိုးလုယက်မှုကျူးလွန်နေသူများကို ထိထိရောက်ရောက်နှိမ်နင်းဖြေရှင်းပေးရန်လည်း တောင်းဆိုမှုများရှိ နေ သည်ကို တွေ့နေရသည်။

ယနေ့ (နိုဝင်ဘာလ ၅ ရက်)တွင် YBS ယာဉ်လိုင်း ၁၁၅ လိုင်းမှ ယာဉ်စီးရေ ၃ဝ၄၁ စီးထွက်ရှိပြီး ရန်ကုန်မှ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း ၁၉၅ လိုင်းမှ ယာဉ်စီးရေ ၅၈၆ စီးထွက်ရှိ ကြောင်းသိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ရွိ ခရီးသည္တင္ YBS ကားေပၚတြင္ အုပ္စုဖြဲ႕ ဓားေထာက္လုယက္မႈက်ဴးလြန္ေနသူမ်ားကို ေျမလွန္ရွာမည္ဟုဆို
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၆

ရန္ကုန္ၿမိဳ႕ရွိ ခရီးသည္တင္ YBS ကားေပၚတြင္ အုပ္စုဖြဲ႕ ဓားေထာက္လုယက္မႈက်ဴးလြန္ေနသူမ်ားကို ေျမလွန္ရွာမည္ဟု ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီ (YRTC)က ေျပာသည္။

ယမန္ေန႔ (ႏိုဝင္ဘာလ ၅ ရက္)၊ ညေနပိုင္းအခ်ိန္ ရန္ကုန္ၿမိဳ႕ ဗဟိုလမ္းေပၚ၌ ေျပးဆြဲေနသည့္ YBS ၂၂ ခရီးသည္တင္ဘတ္စ္ကားတစ္စီးေပၚတြင္ ဓားကိုင္ေဆာင္ထားေသာ အမ်ိဳးသား(၅)ဦးက ခရီးသည္မ်ားအား ၿခိမ္းေျခာက္ကာ ဖုန္းႏွင့္ပိုက္ဆံအိတ္မ်ားကို လုယက္ယူေဆာင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ ျဖစ္ပြားခဲ့သည္မွာ မွန္ကန္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီမွ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မန္က NP News ကို အတည္ျပဳေျပာဆိုထားသည္။

“အခု ကြၽန္ေတာ္တို႔ လိုက္စုံစမ္းေနတယ္။ ေျမလွန္ရွာမယ္။ အဲဒီေကာင္ေတြ ေနစရာမရွိေအာင္ လုပ္မယ္။ ျဖစ္စဥ္ကေတာ့ ျဖစ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ လိုက္ေနတယ္။ ပထမေတာ့ ရဲအားကိုးတာေပါ့။ ဒါေပမယ့္ ရဲအားကိုးလို႔မရဘူးေလ။ ကိုယ့္ဟာ ကိုယ္လုပ္မွရေတာ့မယ္”ဟု ဦးလ်န္က်င့္မန္က ေျပာသည္။

ယခုႏွစ္ပိုင္းအတြင္း၌ ရန္ကုန္ၿမိဳ႕ရွိ ခရီးသည္တင္ YBS ဘတ္စ္ကားမ်ားေပၚတြင္ ခါးပိုက္ႏႈိက္ခံရမႈျဖစ္စဥ္၊ ဓားေထာက္လုယက္သည့္ျဖစ္စဥ္မ်ား မၾကာခဏဆိုသလို ျဖစ္ပြားလာေနသည္ကို ေတြ႕ရွိေနရသည္။

“ခရီးသည္ထိခိုက္မႈေတာ့ မရွိေလာက္ဘူးထင္တယ္။ သူတို႔က အသာတၾကည္ေပးလို႔ ေနမွာေပါ့။ စိတ္မေကာင္းပါဘူး။ အဲဒီလိုျဖစ္စဥ္ေတြလည္း ခဏခဏၾကားေနရတာ။ အဲဒီေကာင္ေတြကို စုံစမ္းေနတယ္။ သူတို႔ တူေသာအက်ိဳးေပးေစရမယ္” ဟု ဦးလ်န္က်င့္မန္က ဆိုသည္။

ခရီးသည္တင္ YBS ဘတ္စ္ကားမ်ားေပၚတြင္ ခါးပိုက္ႏႈိက္ခံရသည့္ျဖစ္စဥ္၊ လုယက္သည့္ျဖစ္စဥ္မ်ား ပိုမိုျဖစ္ပြားလာေနသည့္အတြက္ ခရီးသြားျပည္သူမ်ားပူးေပါင္းကာ ႏွိမ္နင္းရန္အတြက္ စည္း႐ုံးလႈံေဆာ္မႈမ်ားရွိေနသည္ကို လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ ေတြ႕ရွိေနရသည္။

“ကြၽန္ေတာ္တို႔က ဒီ YBS ေတြနဲ႔ပဲ ႐ုံးသြား၊ ႐ုံးျပန္လုပ္ေနရတာဗ်ာ။ ကိုယ့္ဝမ္းေရးကို ျဖဴျဖဴစင္စင္နဲ႔ ရွာေနၾကတာ။ ဒီေကာင္ေတြက အုပ္စုဖြဲ႕ၿပီးေတာ့ လုယက္ေနတာက လူစိတ္ကင္းမဲ့လြန္းတယ္။ ကြၽန္ေတာ္ ႀကဳံဖူးတယ္။ သူတို႔က ကားေပၚတက္လာရင္ ပစ္မွတ္ကို အရင္ရွာၿပီးေတာ့မွ ဝိုင္းၿပီးေတာ့ အိတ္ကို ဓားနဲ႔ခြဲတာ။ လႈပ္လို႔လည္းမရဘူး။ ေအာ္လိုက္ရင္လည္း ဓား စာမိသြားလိမ့္မယ္။ အဲဒီေတာ့ ပါသြားေရာေပါ့” ဟု ခရီးသည္ျပည္သူတစ္ဦးက ၎၏အေတြ႕အႀကဳံကို NP News အား ေျပာသည္။

ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို အဓိက ကာကြယ္ေစာင့္ေရွာက္ေပးရန္ တာဝန္ရွိသည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ခိုးဆိုးလုယက္မႈက်ဴးလြန္ေနသူမ်ားကို ထိထိေရာက္ေရာက္ႏွိမ္နင္းေျဖရွင္းေပးရန္လည္း ေတာင္းဆိုမႈမ်ားရွိ ေန သည္ကို ေတြ႕ေနရသည္။

ယေန႔ (ႏိုဝင္ဘာလ ၅ ရက္)တြင္ YBS ယာဥ္လိုင္း ၁၁၅ လိုင္းမွ ယာဥ္စီးေရ ၃ဝ၄၁ စီးထြက္ရွိၿပီး ရန္ကုန္မွ အေဝးေျပးခရီးသည္တင္ယာဥ္လိုင္း ၁၉၅ လိုင္းမွ ယာဥ္စီးေရ ၅၈၆ စီးထြက္ရွိ ေၾကာင္းသိရသည္။

Picture

09971606991

06/11/2022 20:16

YBS 35 ပေါ်မှာ ခါးပိုက်နှိုက်၃ ယောက်အမြဲပါတယ် မနက် ၇ နာရီပါတ်ချာလည်။၈ မိုင်ရောက်ရင်ဆင်းသွာပီးနောက်၃၅ ကို up in လိုက်စီးနေတာသူတို့ပုံမှတ်မိတယ် ဖမ်းချင်ရင်လွယ်ပါတယ် YBSလူကြီးတွေဆီဖုန်းဆက်ပီးအတူဖမ်းကြမလားဆိုတော့ အင်းမလုပ်အဲမလုပ်။

Related news

© 2021. All rights reserved.