ရမည်းသင်းမြို့နယ်၌ ကထိန်အောင်ပွဲကျင်းပနေစဉ် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

 1003

NP News - နိုဝင်ဘာ ၇

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် ကထိန်အောင်ပွဲ ပျော်ပွဲရွှင်ပွဲများ ကျင်းပနေစဉ် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာလ(၅)ရက်၊ ည(၉)နာရီခွဲအချိန်တွင် ရမည်းသင်းမြို့၊ ကျီးအင်းအနိမ့်ကျေးရွာ၊ “ရေလည်” ဘုန်းတော်ကြီးကျောင်းအနီးရှိ မြေကွက်လပ်တွင် ကျေးရွာစုပေါင်းဘုံကထိန်အောင်ပွဲအဖြစ် ပျော်ပွဲရွှင်ပွဲ ကျင်းပနေစဉ် အကြမ်းဖက် များက လက်လုပ်မိုင်းတစ်လုံး ဖောက်ခွဲခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ပွဲအတွင်းရောက်ရှိနေသည့် ဂွေးကုန်းအနောက်ကျေးရွာတွင် နေထိုင်သည့် ကိုခိုင်မင်းဟန်၊ ဆုံရွာတွင် နေထိုင်သူ ကိုအောင်ဇော်လတ်၊ ခွေးလေးကုန်းရွာတွင် နေထိုင်သော မောင်ဈာန်ရဲထက်နှင့် ၎င်း၏ညီဖြစ်သူ မောင်ခိုင်မျိုးထက် တို့(၄)ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် ရမည်းသင်းပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန် ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

အလားတူ နံနက်(၉)နာရီခွဲအချိန်တွင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် လက်လုပ်မိုင်းတစ်လုံး နင်းမိပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ လောင်းလုံးမြို့နယ်၊ ထိန်တွင်းကျေးရွာ၊ ခမောင်းတောင်-ထိန်တွင်းကျေးရွာချင်းဆက်လမ်းဘေးတွင် နေထိုင်သော ဒေါ်အိအိလင်းသည် ၎င်း၏ နေအိမ်၌ မီးပြတ်နေသဖြင့် လျှပ်စစ်မီးသွယ်ထားသည့် ဓာတ်တိုင်သို့ သွားရောက် ကြည့်ရှုစဉ် ဓာတ်တိုင်အောက်၌ အကြမ်းဖက်သမားများ ထောင်ထားသည့် လက် လုပ်မိုင်းအားနင်းမိပေါက်ကွဲခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ဒေါ်အိအိလင်းတွင် မျက်လုံးနှင့် ခြေထောက်တို့၌ မိုင်းစထိမှန်ဒဏ်ရာ(၅)ချက်ရရှိခဲ့သဖြင့် ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

zawgyi version
ရမည္းသင္းၿမိဳ႕နယ္၌ ကထိန္ေအာင္ပြဲက်င္းပေနစဥ္ လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသား(၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့
NP News - ႏိုဝင္ဘာ ၇

မႏၲေလးတိုင္း၊ ရမည္းသင္းၿမိဳ႕နယ္တြင္ ကထိန္ေအာင္ပြဲ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ား က်င္းပေနစဥ္ လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ အမ်ိဳးသား(၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

အဆိုပါျဖစ္စဥ္မွာ ႏိုဝင္ဘာလ(၅)ရက္၊ ည(၉)နာရီခြဲအခ်ိန္တြင္ ရမည္းသင္းၿမိဳ႕၊ က်ီးအင္းအနိမ့္ေက်း႐ြာ၊ “ေရလည္” ဘုန္းေတာ္ႀကီးေက်ာင္းအနီးရွိ ေျမကြက္လပ္တြင္ ေက်း႐ြာစုေပါင္းဘုံကထိန္ေအာင္ပြဲအျဖစ္ ေပ်ာ္ပြဲ႐ႊင္ပြဲ က်င္းပေနစဥ္ အၾကမ္းဖက္ မ်ားက လက္လုပ္မိုင္းတစ္လုံး ေဖာက္ခြဲခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ ပြဲအတြင္းေရာက္ရွိေနသည့္ ေဂြးကုန္းအေနာက္ေက်း႐ြာတြင္ ေနထိုင္သည့္ ကိုခိုင္မင္းဟန္၊ ဆုံ႐ြာတြင္ ေနထိုင္သူ ကိုေအာင္ေဇာ္လတ္၊ ေခြးေလးကုန္း႐ြာတြင္ ေနထိုင္ေသာ ေမာင္ဈာန္ရဲထက္ႏွင့္ ၎၏ညီျဖစ္သူ ေမာင္ခိုင္မ်ိဳးထက္ တို႔(၄)ဦးတြင္ မိုင္းစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ျခင္းေၾကာင့္ ရမည္းသင္းျပည္သူ႔ေဆး႐ုံႀကီးသို႔ ေဆးကုသရန္ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

အလားတူ နံနက္(၉)နာရီခြဲအခ်ိန္တြင္ တနသၤာရီတိုင္း၊ ေလာင္းလုံးၿမိဳ႕နယ္တြင္ လက္လုပ္မိုင္းတစ္လုံး နင္းမိေပါက္ကြဲ၍ အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

အဆိုပါျဖစ္စဥ္မွာ ေလာင္းလုံးၿမိဳ႕နယ္၊ ထိန္တြင္းေက်း႐ြာ၊ ခေမာင္းေတာင္-ထိန္တြင္းေက်း႐ြာခ်င္းဆက္လမ္းေဘးတြင္ ေနထိုင္ေသာ ေဒၚအိအိလင္းသည္ ၎၏ ေနအိမ္၌ မီးျပတ္ေနသျဖင့္ လွ်ပ္စစ္မီးသြယ္ထားသည့္ ဓာတ္တိုင္သို႔ သြားေရာက္ ၾကည့္ရႈစဥ္ ဓာတ္တိုင္ေအာက္၌ အၾကမ္းဖက္သမားမ်ား ေထာင္ထားသည့္ လက္ လုပ္မိုင္းအားနင္းမိေပါက္ကြဲခဲ့ေၾကာင္း သိရသည္။

ေပါက္ကြဲမႈေၾကာင့္ ေဒၚအိအိလင္းတြင္ မ်က္လုံးႏွင့္ ေျခေထာက္တို႔၌ မိုင္းစထိမွန္ဒဏ္ရာ(၅)ခ်က္ရရွိခဲ့သျဖင့္ ထားဝယ္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။

အထက္ပါျဖစ္စဥ္မ်ားမွ အၾကမ္းဖက္လုပ္ရပ္မ်ားကို က်ဴးလြန္ခဲ့သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။

Related news

© 2021. All rights reserved.