ဆည်ရေမြင့်တက်မှုက ထိုင်းနိုင်ငံ၏ ရေပေါ်မီးရထား ပြေးဆွဲခြင်းကို အကြီးအကျယ်ထိုးနှက်နေ

957

Htay Oung (NP News) - နိုဝင်ဘာ ၈
ထိုင်းနိုင်ငံမှာ ရေပြင်ပေါ်ဖြတ်သန်းဖောက်လုပ်ထားတဲ့မီးရထားကို အပျော်စီးနင်းရင်း မြင်ကွင်းတွေကို ရှု့စားဖို့ အထူး ရေပေါ်မီးရထားလက်မှတ်တွေ အားလုံးဟာ အချိန်တိုအတွင်းမှာပဲ ရောင်းလို့ကုန်သွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ ရထားလမ်းဖြတ်သန်းရာ ဆည်ရေမျက်နှာပြင်ဟာ မုတ်သုံရာသီလွန်မှာ မြင့်တက်နေတယ်လို့ Reuters က ယမန်နေ့ ရေးသားပါတယ်။
အဲဒီမီးရထားလမ်းဟာ ဘန်ကောက်မြို့တော်မှ စတင်ထွက်ခွာပြီး ခြောက်နာရီကြာခရီးမှာ လော့ဘူရီ ပြည်နယ် ပါဆပ်ဂျိုလာဆစ်ဆည် ကို ဖြတ်သန်းထားပါတယ်။ ဆည်ဖြတ်တံတားဟာ အရှည် ၃.၁ မိုင်နီးပါးရှိပြီး ထိုင်းနိုင်ငံရဲ့အရှည်ဆုံးတံတားတစ်စင်းလဲ ဖြစ်ပါတယ်။ မီးရထားလမ်းတည်ရှိရာ ဆည်ရဲ့ ရေမျက်နှာပြင်ဟာ ယခုနှစ်မှာတော့ ပုံမှန်ထက်မြင့်မားနေတယ်လို့ တာဝန်ရှိသူများက ပြောပြပါတယ်။
မီးရထားကို နိုဝင်ဘာလနဲ့ ဖေဖော်ဝါရီလအကြား တနင်္ဂနွေ ပိတ်ရက်များတွင်သာ ပြေးဆွဲမှာဖြစ်ပြီး လက်မှတ်များကို နှစ်သစ်ကူးအထိ ရောင်းချပေးသွားဖို့ ရှိနေပါတယ်။
"ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး" လို့ တနင်္ဂနွေနေ့ အထူးမီးရထားမှာ စီးနင်းလိုက်ပါလာသူ ၆ဝဝ အနက် ခရီးသည်တစ်ဦးက မှတ်ချက်ပေးပါတယ်။
#ထိုင်းရေပေါ်မီးရထား #လော့ဘူရီပြည်နယ် #ပါဆပ်ဂျိုလာဆစ်ဆည်
(Reuters., 07 November 2022,” Thailand's 'floating train' a big hit as dam waters rise” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

ဆည္ေရျမင့္တက္မႈက ထိုင္းႏိုင္ငံ၏ ေရေပၚမီးရထား ေျပးဆြဲျခင္းကို အႀကီးအက်ယ္ထိုးႏွက္ေန
Htay Oung (NP News) - ႏိုဝင္ဘာ ၈
ထိုင္းႏိုင္ငံမွာ ေရျပင္ေပၚျဖတ္သန္းေဖာက္လုပ္ထားတဲ့မီးရထားကို အေပ်ာ္စီးနင္းရင္း ျမင္ကြင္းေတြကို ရႈ႕စားဖို႔ အထူး ေရေပၚမီးရထားလက္မွတ္ေတြ အားလုံးဟာ အခ်ိန္တိုအတြင္းမွာပဲ ေရာင္းလို႔ကုန္သြားခဲ့ပါၿပီ။ တစ္ခ်ိန္တည္းမွာပဲ ရထားလမ္းျဖတ္သန္းရာ ဆည္ေရမ်က္ႏွာျပင္ဟာ မုတ္သုံရာသီလြန္မွာ ျမင့္တက္ေနတယ္လို႔ Reuters က ယမန္ေန႔ ေရးသားပါတယ္။
အဲဒီမီးရထားလမ္းဟာ ဘန္ေကာက္ၿမိဳ႕ေတာ္မွ စတင္ထြက္ခြာၿပီး ေျခာက္နာရီၾကာခရီးမွာ ေလာ့ဘူရီ ျပည္နယ္ ပါဆပ္ဂ်ိဳလာဆစ္ဆည္ ကို ျဖတ္သန္းထားပါတယ္။ ဆည္ျဖတ္တံတားဟာ အရွည္ ၃.၁ မိုင္နီးပါးရွိၿပီး ထိုင္းႏိုင္ငံရဲ႕အရွည္ဆုံးတံတားတစ္စင္းလဲ ျဖစ္ပါတယ္။ မီးရထားလမ္းတည္ရွိရာ ဆည္ရဲ႕ ေရမ်က္ႏွာျပင္ဟာ ယခုႏွစ္မွာေတာ့ ပုံမွန္ထက္ျမင့္မားေနတယ္လို႔ တာဝန္ရွိသူမ်ားက ေျပာျပပါတယ္။
မီးရထားကို ႏိုဝင္ဘာလနဲ႔ ေဖေဖာ္ဝါရီလအၾကား တနဂၤေႏြ ပိတ္ရက္မ်ားတြင္သာ ေျပးဆြဲမွာျဖစ္ၿပီး လက္မွတ္မ်ားကို ႏွစ္သစ္ကူးအထိ ေရာင္းခ်ေပးသြားဖို႔ ရွိေနပါတယ္။
"ဒီလိုမ်ိဳး တစ္ခါမွ မေတြ႕ဖူးဘူး" လို႔ တနဂၤေႏြေန႔ အထူးမီးရထားမွာ စီးနင္းလိုက္ပါလာသူ ၆ဝဝ အနက္ ခရီးသည္တစ္ဦးက မွတ္ခ်က္ေပးပါတယ္။
#ထိုင္းေရေပၚမီးရထား #ေလာ့ဘူရီျပည္နယ္ #ပါဆပ္ဂ်ိဳလာဆစ္ဆည္
(Reuters., 07 November 2022,” Thailand's 'floating train' a big hit as dam waters rise” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)