အချို့သော စစ်ဆင်ရေးဒေသများကို ခဲယမ်းနှင့်ရိက္ခာများပို့ဆောင်ရာ၌ ဝန်တင်တိရစ္ဆာန်များကို အားထားနေရပြီး ဝန်တင်တပ်ရင်း(၅)ရင်းအထိ တိုးချဲ့ထားဟု ဒုတပ်ချုပ်ဆို

 1334

မျိုးကြီး (NP News) - နိုဝင်ဘာ ၈

အချို့သော စစ်ဆင်ရေးဒေသများကို ခဲယမ်းနှင့်စားနပ်ရိက္ခာများ ပို့ဆောင်ရာတွင် ဝန်တင်တိရစ္ဆာန်များကို အဓိကအားထားနေရပြီး ဝန်တင်တပ်ရင်း(၅)ရင်းအထိ တိုးချဲ့ဖွင့်လှစ်ထားကြောင်း ဒုတပ်ချုပ်က ပြောသည်။

ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုဝင်ဘာလ (၇)ရက်တွင် နေပြည် တော်၌ ပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတု ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့နေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့၏ အဓိကလုပ်ငန်းများထဲတွင် ဝန်တင်တိရစ္ဆာန်မွေးမြူဖြည့်တင်းရေးနှင့်ဆေးကုသရေးမှာ အဓိကကျသည့် လုပ်ငန်းတာဝန်တစ်ရပ်အနေဖြင့် ပါဝင်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ ရေမြေတောတောင်အနေအထားအရ မော်တော်ယာဉ်၊ လေကြောင်းနှင့် ရေကြောင်းမှ ပို့ဆောင်နိုင်မှုမရှိသေးသည့် အချို့သောစစ်ဆင်ရေးနယ်မြေဒေသများကို စားနပ်ရိက္ခာ၊ ခဲယမ်းနှင့် အခြားလိုအပ်သည့် ပစ္စည်းများကို ပို့ဆောင်ရာတွင် ဝန်တင်တိရစ္ဆာန်များကို အဓိကအားထားနေရဆဲဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့ကို ၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဝန်တင်ပို့ဆောင်မှုအတွက် ဝန်တင်လားအကောင် (၃ဝ)နှင့်သာ စတင်ဖွဲ့စည်းဆောင်ရွက်နိုင်သော်လည်း လက်ရှိတွင် ဝန်တင်တပ်ရင်း(၅)ရင်းအထိ တိုးချဲ့ဖွင့်လှစ်ထားပြီးဖြစ် ကြောင်း သိရသည်။

အဆိုပါ ဝန်တင်တပ်ရင်း(၅)ရင်းဖြင့် တိုင်းစစ်ဌာနချုပ်များ၏ လိုအပ်သည့်နေရာဒေသများအထိ ခဲယမ်းနှင့်စားနပ်ရိက္ခာများကို ရောက်ရှိရန် ပို့ဆောင်ပေးနိုင်နေပြီဖြစ်ကြောင်းလည်း ဒုတပ်ချုပ်က ဆက်လက်ပြောသည်။

လက်ရှိအချိန်တွင် ပင်မထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်၊ ရှေ့တန်းအခြေချထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း/တပ်ခွဲများ၊ မော်တော် ယာဉ်တပ်ရင်း၊ ဝန်တင်တပ်ရင်းများနှင့် သင်တန်းကျောင်များအပြင် ထောက်ပံ့ နှင့်ပို့ဆောင်ရေးစခန်း၊ ရိက္ခာဝေစခန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်ထားကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်အဆင့် အခမ်းအနားနှင့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားများတွင်လည်း ဂုဏ်ပြုမြင်းစီးတပ်ခွဲ့(၁)ခွဲ ကို ၂ဝ၁၇ ခုနှစ် စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး နှစ်စဉ်ပါဝင်ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကဆိုသည်။

zawgyi version
အခ်ိဳ႕ေသာ စစ္ဆင္ေရးေဒသမ်ားကို ခဲယမ္းႏွင့္ရိကၡာမ်ားပို႔ေဆာင္ရာ၌ ဝန္တင္တိရစာၦန္မ်ားကို အားထားေနရၿပီး ဝန္တင္တပ္ရင္း(၅)ရင္းအထိ တိုးခ်ဲ႕ထားဟု ဒုတပ္ခ်ဳပ္ဆို
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၈

အခ်ိဳ႕ေသာ စစ္ဆင္ေရးေဒသမ်ားကို ခဲယမ္းႏွင့္စားနပ္ရိကၡာမ်ား ပို႔ေဆာင္ရာတြင္ ဝန္တင္တိရစာၦန္မ်ားကို အဓိကအားထားေနရၿပီး ဝန္တင္တပ္ရင္း(၅)ရင္းအထိ တိုးခ်ဲ႕ဖြင့္လွစ္ထားေၾကာင္း ဒုတပ္ခ်ဳပ္က ေျပာသည္။

ဒုတပ္ခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ႏိုဝင္ဘာလ (၇)ရက္တြင္ ေနျပည္ ေတာ္၌ ျပဳလုပ္ေသာ (၇၅)ႏွစ္ေျမာက္ စိန္ရတု ေထာက္ပံ့ႏွင့္ပို႔ေဆာင္ေရးတပ္ဖြဲ႕ေန႔အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ေထာက္ပံ့ႏွင့္ပို႔ေဆာင္ေရးတပ္ဖြဲ႕၏ အဓိကလုပ္ငန္းမ်ားထဲတြင္ ဝန္တင္တိရစာၦန္ေမြးျမဴျဖည့္တင္းေရးႏွင့္ေဆးကုသေရးမွာ အဓိကက်သည့္ လုပ္ငန္းတာဝန္တစ္ရပ္အေနျဖင့္ ပါဝင္ေနျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။

ျမန္မာႏိုင္ငံ၏ ေရေျမေတာေတာင္အေနအထားအရ ေမာ္ေတာ္ယာဥ္၊ ေလေၾကာင္းႏွင့္ ေရေၾကာင္းမွ ပို႔ေဆာင္ႏိုင္မႈမရွိေသးသည့္ အခ်ိဳ႕ေသာစစ္ဆင္ေရးနယ္ေျမေဒသမ်ားကို စားနပ္ရိကၡာ၊ ခဲယမ္းႏွင့္ အျခားလိုအပ္သည့္ ပစၥည္းမ်ားကို ပို႔ေဆာင္ရာတြင္ ဝန္တင္တိရစာၦန္မ်ားကို အဓိကအားထားေနရဆဲျဖစ္ေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာသည္။

ေထာက္ပံ့ႏွင့္ပို႔ေဆာင္ေရးတပ္ဖြဲ႕ကို ၁၉၄၇ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး ဝန္တင္ပို႔ေဆာင္မႈအတြက္ ဝန္တင္လားအေကာင္ (၃ဝ)ႏွင့္သာ စတင္ဖြဲ႕စည္းေဆာင္႐ြက္ႏိုင္ေသာ္လည္း လက္ရွိတြင္ ဝန္တင္တပ္ရင္း(၅)ရင္းအထိ တိုးခ်ဲ႕ဖြင့္လွစ္ထားၿပီးျဖစ္ ေၾကာင္း သိရသည္။

အဆိုပါ ဝန္တင္တပ္ရင္း(၅)ရင္းျဖင့္ တိုင္းစစ္ဌာနခ်ဳပ္မ်ား၏ လိုအပ္သည့္ေနရာေဒသမ်ားအထိ ခဲယမ္းႏွင့္စားနပ္ရိကၡာမ်ားကို ေရာက္ရွိရန္ ပို႔ေဆာင္ေပးႏိုင္ေနၿပီျဖစ္ေၾကာင္းလည္း ဒုတပ္ခ်ဳပ္က ဆက္လက္ေျပာသည္။

လက္ရွိအခ်ိန္တြင္ ပင္မေထာက္ပံ့ႏွင့္ပို႔ေဆာင္ေရးတပ္၊ ေရွ႕တန္းအေျခခ်ေထာက္ပံ့ႏွင့္ပို႔ေဆာင္ေရးတပ္၊ ေထာက္ပံ့ႏွင့္ပို႔ေဆာင္ေရးတပ္ရင္း/တပ္ခြဲမ်ား၊ ေမာ္ေတာ္ ယာဥ္တပ္ရင္း၊ ဝန္တင္တပ္ရင္းမ်ားႏွင့္ သင္တန္းေက်ာင္မ်ားအျပင္ ေထာက္ပံ့ ႏွင့္ပို႔ေဆာင္ေရးစခန္း၊ ရိကၡာေဝစခန္းမ်ားကိုလည္း တိုးခ်ဲ႕ဖြင့္လွစ္ထားေၾကာင္း သိရသည္။

ထို႔ျပင္ ႏိုင္ငံေတာ္အဆင့္ အခမ္းအနားႏွင့္ တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနားမ်ားတြင္လည္း ဂုဏ္ျပဳျမင္းစီးတပ္ခြဲ႕(၁)ခြဲ ကို ၂ဝ၁၇ ခုႏွစ္ စတင္ဖြဲ႕စည္းႏိုင္ခဲ့ၿပီး ႏွစ္စဥ္ပါဝင္ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္းလည္း ဒုတပ္ခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးဝင္းကဆိုသည္။

Related news

© 2021. All rights reserved.