"Miss Universe အဖွဲ့အစည်းကြီးကို ဒေါ်လာသန်း (၂ဝ) နဲ့ဝယ်လိုက်တဲ့ ထိုင်းလိင်ပြောင်းအမျိုးသမီးအကြောင်း တစေ့တစောင်း" (ထူးခြားသုတဆောင်းပါး)

 821

ဝတီ (NP News) - နိုဝင်ဘာ ၉

Miss Universe Organization ကြီးကို ထိုင်း လိင်ပြောင်းအမျိုးသမီး လုပ်ငန်းရှင်တစ်ယောက်က ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလနှောင်းပိုင်းမှာ အမေရိကန်ဒေါ်လာ သန်း ၂ဝ နဲ့ ဝယ်လိုက်ပါတယ်။ အဆိုပါ လိင်ပြောင်းအမျိုးသမီးရဲ့နာမည်ကတော့ အန်းဂျက်ကရာဂျူတာတစ်ပ် (Anne Jakrajutatip)ပဲ ဖြစ်ပါတယ်။ သူက JKN Global Group ဆိုတဲ့ ထိပ်သီးထိုင်းမီဒီယာကုမ္ပဏီကြီးရဲ့ စီအီးအိုပါ။ အစဉ်အလာကြီးမားပြီးကမ္ဘာကျော်လှတဲ့ Miss Universe အဖွဲ့အစည်းကြီးကို ထိုင်းလူမျိုးလိင် ပြောင်းအမျိုးသမီးက ဝယ်လိုက်ပြီဆိုတော့ သူဘယ်သူလဲဆိုတာလူတွေ စိတ်ဝင်စားလာကြပါတယ်။ သူ့အကြောင်းကလည်း တကယ့်ကိုစိတ်ဝင်စားစရာ ကောင်းလှပါတယ်။ သူက ကမ္ဘာပေါ်မှာ တတိယမြောက်အချမ်းသာဆုံး လိင်ပြောင်းအမျိုးသမီးပါတဲ့လေ။ ပြီးတော့ ထိုင်းမှာဆိုရင်သူက တကယ့်နာမည်ကြီးပါ။ သူ့အွန်လိုင်းအကောင့်မှာဆိုရင်ပရိသတ် (၁၂)သန်းကျော် ရှိတယ်လေ။ အခုအချိန်မှာ ထိပ်တန်းရောက်နေပြီဖြစ်တဲ့ သူက သူ့ဘဝဇာတ်ကြောင်းကို အင်တာဗျူးတစ်ခုမှာအခုလိုပဲ စပြောပြ
သွားပါတယ်။

"ထိုင်းမှာ ကျောင်းတက်ရတာ မပျော်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မက မိန်းမလျာစိတ်ဝင်နေတော့ အတန်းသားတွေကဝိုင်းအနိုင်ကျင့်ကြတယ်လေ။ အဲဒါနဲ့ သြစတြးလျကိုပဲသွားပြီး ဘွဲ့ယူလိုက်တော့တယ်။ အဲဒီကနေ ပြန်လာတော့မှမိသား စုပိုင်ဗီဒီယိုအငှားလုပ်ငန်းလေးမှာ ဝင်လုပ်တယ်။ အဲဒီတုန်းကဆိုရင် ကျွန်မအသက် က ၂၁ နှစ်ပဲ ရှိသေးတာ။ ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း နောက်ပိုင်းမှာ နည်းပညာက အရမ်းတိုးတက်လာတော့ဗီဒီယိုအငှားဈေးကွက် ပျက်လာတာပေါ့။ ဒါနဲ့ ကျွန်မလည်း နိုင်ငံခြား ရုပ်ရှင်တွေ၊ တီဗီအစီအစဉ်တွေကို ထိုင်းနိုင်ငံထဲ တရားဝင် တင်သွင်းဖြန့်ချိတဲ့လုပ်ငန်း ပြောင်းလုပ်ရင်တော့ အဆင်ပြေမှာပဲလို့ တွေးမိလာတယ်။ ခေတ်ရေစီးကြောင်းကပြောင်းနေပြီဆိုတော့ လုပ်ငန်းအလားအလာကို ကြိုမြင်ပြီးရှေ့ရောက်နှင့်နေအောင် လုပ်ရတယ်။ ဒါကြောင့်ကိုယ်တိုင်လည်း ရုပ်ရှင် ထုတ်လုပ်ရေးတစ်ခု ပွဲဦးထွက်လုပ်လိုက်တယ်။ Walking with Dinosaurs ဆိုတာ ကျွန်မရဲ့ပွဲဦးထွက် ရုပ်ရှင်ပေါ့။ အဲဒါတစ်ခုတည်းနဲ့တင် ဘတ် ၁ဝ သန်းရသွားတယ်။
အဲဒီကနေစပြီး ကျွန်မရဲ့ နိုင်ငံခြားရုပ်ရှင်နဲ့ဗီဒီယို တင်သွင်းဖြန့်ချိရေးလုပ်ငန်းက ထိုင်းမှာသာမ အာရှမှာပါ ချက်ချင်းဆိုသလို အရမ်းအလုပ်ဖြစ်လာပြီး အောင်မြင်လာတယ်။ စီးပွားရေးကလည်း နောက်ပိုင်းမှာကောင်းသထက် ပိုကောင်းလာပြီး အမြတ်ငွေတွေလည်း များသထက်ပိုများလာတယ်"လို့ သူက ပြောပြပါတယ်။

လုပ်ငန်းကအောင်မြင်သထက် အောင်မြင်နေချိန်မှာပဲ သူက ၆ ဧက အကျယ်ရှိတဲ့
လယ်ကွင်းကြီးကို ဝယ်လိုက်ပါတယ်။ အဲဒီမြေကွက်ကြီးက လမ်းမတန်းမှာဖြစ်ပြီး သူ ဝယ်တုန်းကဆိုရင် ဈေးဘယ်လောက်မှ မရှိဘူးပေါ့။ နောက်ပိုင်းမှာတော့ သူက အဲဒီ ဧရာမမြေကွက်ကျယ်ကြီးမှာ JKN ပြခန်းကြီး ဖွင့်လိုက်ပါတော့တယ်။ သြစတြေးလျမှာ ကျောင်းတက်နေတုန်းကဆိုရင် သူဟာဓာတ်ဆီဆိုင်မှာ ဝင်အလုပ်လုပ်ခဲ့ရပါတယ်။ ဒါကြောင့် သူ တတ်နိုင်တဲ့တစ်နေ့ကျရင်လည်း ဓာတ်ဆီဆိုင်ဖွင့်ဖို့ စိတ်ကူးခဲ့ပါတယ်။ တကယ်လည်းသူ ဖွင့်နိုင်သွားပါတယ်။ သူက နာမည်ကျော် ဆဲဗင်းအလဲဗင်းနဲ့တွဲဖက်ပြီး ဓာတ်ဆီဆိုင်နှစ်ဆိုင်လည်း ဖွင့်ထားပြီလေ။ အဲဒီလိုဖွင့်နိုင်ဖို့ လုပ်တာ နှစ်နှစ်၊ သုံးနှစ်လောက် ကြာပါသတဲ့။ သူဟာဒေါ်လာ သန်း ၂၁ဝ လောက် ချမ်းသာနေပြီလို့ တချို့သတင်းတွေကဆိုသလို တချို့သတင်းတွေကတော့ သူဟာ ဒေါ်လာ ၁ ဘီလျံလောက်ချမ်းသာနေပြီလို့ ဆိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့အသက်
၃၈ နှစ်မှာတော့ လုပ်ငန်းတွေ အခြေကျနေပါပြီ။ အဲဒီတော့မှသူက သူအဖြစ်ချင်ဆုံး အိပ်မက်ကို အကောင်အထည် ဖော်ပါတော့တယ်။ အဲဒါကတော့ မိန်းမ ဖြစ်အောင် ခွဲစိတ်ပြုပြင်ဖို့ပါပဲ။ ဒါနဲ့ပဲ သူက အမေရိကကိုသွားလိုက်ပါတယ်။ မိန်းမ ဖြစ်အောင် မခွဲစိတ်ခင်မှာ သူက သူ့သုတ်ပိုးတွေကို ယူထားလိုက်ပါတယ်။ ပြီးတော့မှ မိန်းမဖြစ်အောင် ခွဲစိတ်တာပါ။ ပြီးတော့ သူက သူ့သုတ်ပိုးကို ဂျာမန်အမျိုးသမီးတစ်ယောက် ပေးလှူထားတဲ့ မမျိုးဥနဲ့ ဓာတ်ခွဲခန်းမှာ ပေါင်းစပ်ခိုင်းလိုက်ပါတယ်။ ဒီနည်းနဲ့ပဲ
သူဟာ အသက် ၄၁ နှစ်အရွယ်မှာပဲ ကလေးအမေ ဖြစ်သွားပါတော့တယ်။ သူ့မှာ သားလေးတစ်ယောက်၊ သမီးလေး တစ်ယောက်ပေါ့။ သူ့ကလေးတွေက အမေရိကန်နိုင်ငံသား ခံယူထားကြပါတယ်။ သူ့ခင်ပွန်းကတော့ ဗြိတိသျှလူမျိုးပါ။ မိန်းမဘဝရဖို့ ခွဲစိတ်ပြုပြင်ရတာပြောမပြတတ်အောင် နာတယ်လို့ သူက ပြောပြသွားပါသေးတယ်။

ပြီးတော့ သူက သူ့အောင်မြင်မှုနဲ့ ပတ်သက်လို့ ပြောပြသွားပါသေးတယ်။"အော်ပရာ ဝင်းဖရေး (Oprah Winfrey) ပြောတဲ့စကားတစ်ခွန်းကို ကျွန်မဖြင့် သဘောကျလို့ မဆုံးဘူး။ ကြိုတင်ပြင်ဆင်ထားမှသာ အခွင့်အရေးတွေကို အမိအရ ဖမ်းဆုပ်ထားနိုင်မှာဆိုတဲ့ စကားလေ။ လူအများစုက ငါသာ ကံကောင်းရင် အလုပ်အကိုင်ကောင်း ကောင်း၊ အခွင့်အလမ်း ကောင်းကောင်း ရမှာပဲလို့ထင်နေကြတယ်။ ဒါပေမဲ့ ကိုယ့်အရည်အချင်းကိုမှ ကြိုတင်ဖြည့်တင်းမထားရင် အခွင့်အရေးကောင်းတွေ ဘယ် လောက်လာလာ အဲဒီအခွင့်အရေးကို ရမှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ်ဘာဖြစ်ချင်တာလဲ၊ အဲဒါဖြစ်ဖို့ ဘာအရည်အချင်းတွေလိုအပ်လဲဆိုတာ ကြိုတင်ဖြည့်ဆည်းထားဖို့က အရေးအကြီးဆုံးပဲ။ ဒါမှသာအခွင့်အရေး ရလာတဲ့အခါ ကိုယ်က အကောင်းဆုံးအသုံးချနိုင်မှာပေ့ါ"လို့သူက ပြောသွားပါသေးတယ်။

ပရိသတ်တွေကို နောက်ဆုံးအနေနဲ့ ဘာပြောသွားချင်ပါသလဲလို့သတင်းထောက်က အင်တာဗျူး အပြီးသတ်ခါနီးမှာမေးတော့ သူက"အခက်အခဲဆိုတာ လူတိုင်းကြုံရတာပဲဆိုပေမယ့် ကျွန်မတို့လို လိင်ပြောင်းအမျိုးသမီးတွေက ပိုလို့တောင် အခက် အခဲတွေ ကြုံရပါသေးတယ်။ ဒါကြောင့် ဘဝမှာ ဘာအခက်အခဲတွေပဲ ရင်ဆိုင်ရ၊
ရင်ဆိုင်ရ အားကြိုးမာန်တက်နဲ့သာ ဆက်ကြိုးစားရင် နောက်ဆုံးမှာအောင်မြင်မှု ပန်းတိုင်ကို မလွဲမသွေရောက်မှာပါ။ ကိုယ့်ကြိုးစားမှုတွေကမုချ အရာထင်မှာပါ။ ဒါကြောင့်ဘဝကို အရှုံးမပေးကြဖို့ အားလုံးကို တိုက်တွန်းချင်ပါတယ်"လို့ပြောသွားပါတယ်။

zawgyi version
"Miss Universe အဖြဲ႕အစည္းႀကီးကို ေဒၚလာသန္း (၂ဝ) နဲ႔ဝယ္လိုက္တဲ့ ထိုင္းလိင္ေျပာင္းအမ်ိဳးသမီးအေၾကာင္း တေစ့တေစာင္း" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ႏိုဝင္ဘာ ၉

Miss Universe Organization ႀကီးကို ထိုင္း လိင္ေျပာင္းအမ်ိဳးသမီး လုပ္ငန္းရွင္တစ္ေယာက္က ၂ဝ၂၂ ခုႏွစ္၊ ေအာက္တိုဘာလေႏွာင္းပိုင္းမွာ အေမရိကန္ေဒၚလာ သန္း ၂ဝ နဲ႔ ဝယ္လိုက္ပါတယ္။ အဆိုပါ လိင္ေျပာင္းအမ်ိဳးသမီးရဲ႕နာမည္ကေတာ့ အန္းဂ်က္ကရာဂ်ဴတာတစ္ပ္ (Anne Jakrajutatip)ပဲ ျဖစ္ပါတယ္။ သူက JKN Global Group ဆိုတဲ့ ထိပ္သီးထိုင္းမီဒီယာကုမၸဏီႀကီးရဲ႕ စီအီးအိုပါ။ အစဥ္အလာႀကီးမားၿပီးကမာၻေက်ာ္လွတဲ့ Miss Universe အဖြဲ႕အစည္းႀကီးကို ထိုင္းလူမ်ိဳးလိင္ ေျပာင္းအမ်ိဳးသမီးက ဝယ္လိုက္ၿပီဆိုေတာ့ သူဘယ္သူလဲဆိုတာလူေတြ စိတ္ဝင္စားလာၾကပါတယ္။ သူ႔အေၾကာင္းကလည္း တကယ့္ကိုစိတ္ဝင္စားစရာ ေကာင္းလွပါတယ္။ သူက ကမာၻေပၚမွာ တတိယေျမာက္အခ်မ္းသာဆုံး လိင္ေျပာင္းအမ်ိဳးသမီးပါတဲ့ေလ။ ၿပီးေတာ့ ထိုင္းမွာဆိုရင္သူက တကယ့္နာမည္ႀကီးပါ။ သူ႔အြန္လိုင္းအေကာင့္မွာဆိုရင္ပရိသတ္ (၁၂)သန္းေက်ာ္ ရွိတယ္ေလ။ အခုအခ်ိန္မွာ ထိပ္တန္းေရာက္ေနၿပီျဖစ္တဲ့ သူက သူ႔ဘဝဇာတ္ေၾကာင္းကို အင္တာဗ်ဴးတစ္ခုမွာအခုလိုပဲ စေျပာျပသြားပါတယ္။

"ထိုင္းမွာ ေက်ာင္းတက္ရတာ မေပ်ာ္ဘူး။ ဘာျဖစ္လို႔လည္းဆိုေတာ့ ကြၽန္မက မိန္းမလ်ာစိတ္ဝင္ေနေတာ့ အတန္းသားေတြကဝိုင္းအႏိုင္က်င့္ၾကတယ္ေလ။ အဲဒါနဲ႔ ၾသစၾတးလ်ကိုပဲသြားၿပီး ဘြဲ႕ယူလိုက္ေတာ့တယ္။ အဲဒီကေန ျပန္လာေတာ့မွမိသား စုပိုင္ဗီဒီယိုအငွားလုပ္ငန္းေလးမွာ ဝင္လုပ္တယ္။ အဲဒီတုန္းကဆိုရင္ ကြၽန္မအသက္ က ၂၁ ႏွစ္ပဲ ရွိေသးတာ။ ဒါေပမဲ့ အားလုံးသိၾကတဲ့အတိုင္း ေနာက္ပိုင္းမွာ နည္းပညာက အရမ္းတိုးတက္လာေတာ့ဗီဒီယိုအငွားေဈးကြက္ ပ်က္လာတာေပါ့။ ဒါနဲ႔ ကြၽန္မလည္း ႏိုင္ငံျခား ႐ုပ္ရွင္ေတြ၊ တီဗီအစီအစဥ္ေတြကို ထိုင္းႏိုင္ငံထဲ တရားဝင္ တင္သြင္းျဖန႔္ခ်ိတဲ့လုပ္ငန္း ေျပာင္းလုပ္ရင္ေတာ့ အဆင္ေျပမွာပဲလို႔ ေတြးမိလာတယ္။ ေခတ္ေရစီးေၾကာင္းကေျပာင္းေနၿပီဆိုေတာ့ လုပ္ငန္းအလားအလာကို ႀကိဳျမင္ၿပီးေရွ႕ေရာက္ႏွင့္ေနေအာင္ လုပ္ရတယ္။ ဒါေၾကာင့္ကိုယ္တိုင္လည္း ႐ုပ္ရွင္ ထုတ္လုပ္ေရးတစ္ခု ပြဲဦးထြက္လုပ္လိုက္တယ္။ Walking with Dinosaurs ဆိုတာ ကြၽန္မရဲ႕ပြဲဦးထြက္ ႐ုပ္ရွင္ေပါ့။ အဲဒါတစ္ခုတည္းနဲ႔တင္ ဘတ္ ၁ဝ သန္းရသြားတယ္။ အဲဒီကေနစၿပီး ကြၽန္မရဲ႕ ႏိုင္ငံျခား႐ုပ္ရွင္နဲ႔ဗီဒီယို တင္သြင္းျဖန႔္ခ်ိေရးလုပ္ငန္းက ထိုင္းမွာသာမ အာရွမွာပါ ခ်က္ခ်င္းဆိုသလို အရမ္းအလုပ္ျဖစ္လာၿပီး ေအာင္ျမင္လာတယ္။ စီးပြားေရးကလည္း ေနာက္ပိုင္းမွာေကာင္းသထက္ ပိုေကာင္းလာၿပီး အျမတ္ေငြေတြလည္း မ်ားသထက္ပိုမ်ားလာတယ္"လို႔ သူက ေျပာျပပါတယ္။

လုပ္ငန္းကေအာင္ျမင္သထက္ ေအာင္ျမင္ေနခ်ိန္မွာပဲ သူက ၆ ဧက အက်ယ္ရွိတဲ့
လယ္ကြင္းႀကီးကို ဝယ္လိုက္ပါတယ္။ အဲဒီေျမကြက္ႀကီးက လမ္းမတန္းမွာျဖစ္ၿပီး သူ ဝယ္တုန္းကဆိုရင္ ေဈးဘယ္ေလာက္မွ မရွိဘူးေပါ့။ ေနာက္ပိုင္းမွာေတာ့ သူက အဲဒီ ဧရာမေျမကြက္က်ယ္ႀကီးမွာ JKN ျပခန္းႀကီး ဖြင့္လိုက္ပါေတာ့တယ္။ ၾသစေၾတးလ်မွာ ေက်ာင္းတက္ေနတုန္းကဆိုရင္ သူဟာဓာတ္ဆီဆိုင္မွာ ဝင္အလုပ္လုပ္ခဲ့ရပါတယ္။ ဒါေၾကာင့္ သူ တတ္ႏိုင္တဲ့တစ္ေန႔က်ရင္လည္း ဓာတ္ဆီဆိုင္ဖြင့္ဖို႔ စိတ္ကူးခဲ့ပါတယ္။ တကယ္လည္းသူ ဖြင့္ႏိုင္သြားပါတယ္။ သူက နာမည္ေက်ာ္ ဆဲဗင္းအလဲဗင္းနဲ႔တြဲဖက္ၿပီး ဓာတ္ဆီဆိုင္ႏွစ္ဆိုင္လည္း ဖြင့္ထားၿပီေလ။ အဲဒီလိုဖြင့္ႏိုင္ဖို႔ လုပ္တာ ႏွစ္ႏွစ္၊ သုံးႏွစ္ေလာက္ ၾကာပါသတဲ့။ သူဟာေဒၚလာ သန္း ၂၁ဝ ေလာက္ ခ်မ္းသာေနၿပီလို႔ တခ်ိဳ႕သတင္းေတြကဆိုသလို တခ်ိဳ႕သတင္းေတြကေတာ့ သူဟာ ေဒၚလာ ၁ ဘီလ်ံေလာက္ခ်မ္းသာေနၿပီလို႔ ဆိုၾကပါတယ္။ ဘာပဲျဖစ္ျဖစ္ သူ႔အသက္ ၃၈ ႏွစ္မွာေတာ့ လုပ္ငန္းေတြ အေျခက်ေနပါၿပီ။ အဲဒီေတာ့မွသူက သူအျဖစ္ခ်င္ဆုံး အိပ္မက္ကို အေကာင္အထည္ ေဖာ္ပါေတာ့တယ္။ အဲဒါကေတာ့ မိန္းမ ျဖစ္ေအာင္ ခြဲစိတ္ျပဳျပင္ဖို႔ပါပဲ။ ဒါနဲ႔ပဲ သူက အေမရိကကိုသြားလိုက္ပါတယ္။ မိန္းမ ျဖစ္ေအာင္ မခြဲစိတ္ခင္မွာ သူက သူ႔သုတ္ပိုးေတြကို ယူထားလိုက္ပါတယ္။ ၿပီးေတာ့မွ မိန္းမျဖစ္ေအာင္ ခြဲစိတ္တာပါ။ ၿပီးေတာ့ သူက သူ႔သုတ္ပိုးကို ဂ်ာမန္အမ်ိဳးသမီးတစ္ေယာက္ ေပးလႉထားတဲ့ မမ်ိဳးဥနဲ႔ ဓာတ္ခြဲခန္းမွာ ေပါင္းစပ္ခိုင္းလိုက္ပါတယ္။ ဒီနည္းနဲ႔ပဲသူဟာ အသက္ ၄၁ ႏွစ္အ႐ြယ္မွာပဲ ကေလးအေမ ျဖစ္သြားပါေတာ့တယ္။ သူ႔မွာ သားေလးတစ္ေယာက္၊ သမီးေလး တစ္ေယာက္ေပါ့။ သူ႔ကေလးေတြက အေမရိကန္ႏိုင္ငံသား ခံယူထားၾကပါတယ္။ သူ႔ခင္ပြန္းကေတာ့ ၿဗိတိသွ်လူမ်ိဳးပါ။ မိန္းမဘဝရဖို႔ ခြဲစိတ္ျပဳျပင္ရတာေျပာမျပတတ္ေအာင္ နာတယ္လို႔ သူက ေျပာျပသြားပါေသးတယ္။

ၿပီးေတာ့ သူက သူ႔ေအာင္ျမင္မႈနဲ႔ ပတ္သက္လို႔ ေျပာျပသြားပါေသးတယ္။"ေအာ္ပရာ ဝင္းဖေရး (Oprah Winfrey) ေျပာတဲ့စကားတစ္ခြန္းကို ကြၽန္မျဖင့္ သေဘာက်လို႔ မဆုံးဘူး။ ႀကိဳတင္ျပင္ဆင္ထားမွသာ အခြင့္အေရးေတြကို အမိအရ ဖမ္းဆုပ္ထားႏိုင္မွာဆိုတဲ့ စကားေလ။ လူအမ်ားစုက ငါသာ ကံေကာင္းရင္ အလုပ္အကိုင္ေကာင္း ေကာင္း၊ အခြင့္အလမ္း ေကာင္းေကာင္း ရမွာပဲလို႔ထင္ေနၾကတယ္။ ဒါေပမဲ့ ကိုယ့္အရည္အခ်င္းကိုမွ ႀကိဳတင္ျဖည့္တင္းမထားရင္ အခြင့္အေရးေကာင္းေတြ ဘယ္ ေလာက္လာလာ အဲဒီအခြင့္အေရးကို ရမွာမဟုတ္ဘူး။ ဒါေၾကာင့္ ကိုယ္ဘာျဖစ္ခ်င္တာလဲ၊ အဲဒါျဖစ္ဖို႔ ဘာအရည္အခ်င္းေတြလိုအပ္လဲဆိုတာ ႀကိဳတင္ျဖည့္ဆည္းထားဖို႔က အေရးအႀကီးဆုံးပဲ။ ဒါမွသာအခြင့္အေရး ရလာတဲ့အခါ ကိုယ္က အေကာင္းဆုံးအသုံးခ်ႏိုင္မွာေပ့ါ"လို႔သူက ေျပာသြားပါေသးတယ္။

ပရိသတ္ေတြကို ေနာက္ဆုံးအေနနဲ႔ ဘာေျပာသြားခ်င္ပါသလဲလို႔သတင္းေထာက္က အင္တာဗ်ဴး အၿပီးသတ္ခါနီးမွာေမးေတာ့ သူက"အခက္အခဲဆိုတာ လူတိုင္းႀကဳံရတာပဲဆိုေပမယ့္ ကြၽန္မတို႔လို လိင္ေျပာင္းအမ်ိဳးသမီးေတြက ပိုလို႔ေတာင္ အခက္ အခဲေတြ ႀကဳံရပါေသးတယ္။ ဒါေၾကာင့္ ဘဝမွာ ဘာအခက္အခဲေတြပဲ ရင္ဆိုင္ရ၊
ရင္ဆိုင္ရ အားႀကိဳးမာန္တက္နဲ႔သာ ဆက္ႀကိဳးစားရင္ ေနာက္ဆုံးမွာေအာင္ျမင္မႈ ပန္းတိုင္ကို မလြဲမေသြေရာက္မွာပါ။ ကိုယ့္ႀကိဳးစားမႈေတြကမုခ် အရာထင္မွာပါ။ ဒါေၾကာင့္ဘဝကို အရႈံးမေပးၾကဖို႔ အားလုံးကို တိုက္တြန္းခ်င္ပါတယ္"လို႔ေျပာသြားပါတယ္။

Related news

© 2021. All rights reserved.