နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်ရန် လမ်းခင်းနေပြီး Naypyitaw State Academy အား ကမ္ဘာ့အဆင့်မီတက္ကသိုလ်ဖြစ်လာရန် နစကအကြီးအကဲ တိုက်တွန်း

 1162

မျိုးကြီး (NP News) - နိုဝင်ဘာ ၁ဝ

နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်ရန် လမ်းခင်းလျက်ရှိပြီး Naypyitaw State Academy အား ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တစ်ခုဖြစ်လာရေး ဆောင်ရွက်ကြရန် နစကအကြီးအကဲက တိုက်တွန်းထားသည်။

နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာလ ၉ ရက်တွင် နေပြည်တော်ရှိ Naypyitaw State Academy ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်လာစေရန်နှင့် နေပြည်တော်၌ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းမိသားစုများ၏ သားသမီးများ၊ နေပြည်တော်ရှိ မြို့ နယ်(၈)ခုမှ ဒေသခံပြည်သူများ၏ သားသမီးများ နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ပညာရပ်မျိုးစုံကို ရွေးချယ်သင်ယူလေ့လာနိုင်ရန်အတွက် ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်တွင် သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူ ရေးနှင့်ကုသရေးတက္ကသိုလ်တို့ရှိပြီး မကြာခင်အချိန်တွင်လည်း နည်းပညာတက္က သိုလ် အဆင့်တိုးမြှင့်မည့် တက္ကသိုလ်တစ်ခုပါ ထပ်မံပေါ်ထွက်လာမည်ဖြစ်ကာ ပညာရေးမြို့တော်အဖြစ် လမ်းခမ်းနေပြီဖြစ်ကြောင်း နစကအကြီးအကဲက ဆို သည်။

ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Naypyitaw State Academy ကို ပိုမိုအဆင့်မြင့်ကောင်းမွန်ပြီး ကမ္ဘာ့အဆင့်မီတက္ကသိုလ်ကြီးတစ်ခုအဖြစ် တက်လှမ်းနိုင်ရေးအတွက်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြသွားရန် တိုက်တွန်းပြောဆိုထားသည်။

အဆိုပါ အကယ်ဒမီတွင် မဟာဌာနကြီးများဖြစ်သည့် ဝိဇ္ဇာပညာ၊ သိပ္ပံပညာ၊ ဥပဒေပညာ၊ စီးပွားရေးပညာ၊ ဆေးပညာ၊ လူမှုရေးပညာနှင့်အားကစားပညာမဟာဌာနများကို ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

Naypyitaw State Academy အတွက် ပညာရေးဝန်ကြီးဌာနမှ ပညာရေးဝန်ထမ်း(၂၄ဝဝ)ကျော်ဖြင့် သင်ကြားမှုများဆောင်ရွက်ရန် ခွင့်ပြုထားကြောင်း သိရပြီး နေပြည်တော်ရှိ ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဘာသာရပ် ကျွမ်းကျင်ပညာရှင်များဖြင့်ပါ အားဖြည့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Naypyitaw State Academy ၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် တတိယနှစ်သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနှစ်များကို နှစ်အလိုက် တိုးချဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ေနျပည္ေတာ္ကို ပညာေရးၿမိဳ႕ေတာ္ျဖစ္ရန္ လမ္းခင္းေနၿပီး Naypyitaw State Academy အား ကမာၻ႔အဆင့္မီတကၠသိုလ္ျဖစ္လာရန္ နစကအႀကီးအကဲ တိုက္တြန္း
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၁ဝ

ေနျပည္ေတာ္ကို ပညာေရးၿမိဳ႕ေတာ္ျဖစ္ရန္ လမ္းခင္းလ်က္ရွိၿပီး Naypyitaw State Academy အား ကမာၻ႔အဆင့္မီ တကၠသိုလ္တစ္ခုျဖစ္လာေရး ေဆာင္႐ြက္ၾကရန္ နစကအႀကီးအကဲက တိုက္တြန္းထားသည္။

နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ႏိုဝင္ဘာလ ၉ ရက္တြင္ ေနျပည္ေတာ္ရွိ Naypyitaw State Academy ဖြင့္ပြဲအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ေနျပည္ေတာ္ကို ပညာေရးၿမိဳ႕ေတာ္ျဖစ္လာေစရန္ႏွင့္ ေနျပည္ေတာ္၌ တာဝန္ထမ္းေဆာင္ေနၾကသည့္ ႏိုင္ငံ့ဝန္ထမ္းမိသားစုမ်ား၏ သားသမီးမ်ား၊ ေနျပည္ေတာ္ရွိ ၿမိဳ႕ နယ္(၈)ခုမွ ေဒသခံျပည္သူမ်ား၏ သားသမီးမ်ား ႏိုင္ငံတကာအဆင့္မီ အဆင့္ျမင့္ ပညာရပ္မ်ိဳးစုံကို ေ႐ြးခ်ယ္သင္ယူေလ့လာႏိုင္ရန္အတြက္ ရည္႐ြယ္ကာ ဖြင့္လွစ္ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ေနျပည္ေတာ္တြင္ သစ္ေတာတကၠသိုလ္၊ စိုက္ပ်ိဳးေရးတကၠသိုလ္၊ ေမြးျမဴ ေရးႏွင့္ကုသေရးတကၠသိုလ္တို႔ရွိၿပီး မၾကာခင္အခ်ိန္တြင္လည္း နည္းပညာတကၠ သိုလ္ အဆင့္တိုးျမႇင့္မည့္ တကၠသိုလ္တစ္ခုပါ ထပ္မံေပၚထြက္လာမည္ျဖစ္ကာ ပညာေရးၿမိဳ႕ေတာ္အျဖစ္ လမ္းခမ္းေနၿပီျဖစ္ေၾကာင္း နစကအႀကီးအကဲက ဆို သည္။

ဆက္လက္ၿပီး ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က Naypyitaw State Academy ကို ပိုမိုအဆင့္ျမင့္ေကာင္းမြန္ၿပီး ကမာၻ႔အဆင့္မီတကၠသိုလ္ႀကီးတစ္ခုအျဖစ္ တက္လွမ္းႏိုင္ေရးအတြက္လည္း ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ၾကသြားရန္ တိုက္တြန္းေျပာဆိုထားသည္။

အဆိုပါ အကယ္ဒမီတြင္ မဟာဌာနႀကီးမ်ားျဖစ္သည့္ ဝိဇၨာပညာ၊ သိပၸံပညာ၊ ဥပေဒပညာ၊ စီးပြားေရးပညာ၊ ေဆးပညာ၊ လူမႈေရးပညာႏွင့္အားကစားပညာမဟာဌာနမ်ားကို ပါဝင္ဖြဲ႕စည္းထားေၾကာင္း သိရသည္။

Naypyitaw State Academy အတြက္ ပညာေရးဝန္ႀကီးဌာနမွ ပညာေရးဝန္ထမ္း(၂၄ဝဝ)ေက်ာ္ျဖင့္ သင္ၾကားမႈမ်ားေဆာင္႐ြက္ရန္ ခြင့္ျပဳထားေၾကာင္း သိရၿပီး ေနျပည္ေတာ္ရွိ ဌာနဆိုင္ရာအသီးသီးတြင္ တာဝန္ထမ္းေဆာင္ေနၾကသည့္ ဘာသာရပ္ ကြၽမ္းက်င္ပညာရွင္မ်ားျဖင့္ပါ အားျဖည့္သင္ၾကားေပးမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ Naypyitaw State Academy ၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင္ႏွစ္ တတိယႏွစ္သင္တန္းမ်ားကို စတင္ဖြင့္လွစ္သင္ၾကားေပးသြားမည္ျဖစ္ၿပီး သင္တန္းႏွစ္မ်ားကို ႏွစ္အလိုက္ တိုးခ်ဲ႕ဖြင့္လွစ္သင္ၾကားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.