မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ရေတို၊ ရေရှည် အစီအစဉ်များရေးဆွဲပြီး ကြိုတင်ကာကွယ်သွားရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးပြော

 1246

ယွန်း (NP News) - နိုဝင်ဘာ ၁ဝ

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ရေတို၊ ရေရှည် အစီအစဉ်များရေးဆွဲပြီး ကြိုတင်ကာကွယ်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ပြီးခဲ့သည့် နိုဝင်ဘာလ(၉)ရက်က ကျင်းပသည့်အလုပ်ရုံဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ (၂ဝ၁၆)ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံရှိစေတီပုထိုးများအနက် (၃၈၉)ဆူ ထိခိုက်ခဲ့ပြီး လေးနှစ်စီမံကိန်းရေးဆွဲ၍ ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ခဲ့ရာ သဗ္ဗညုဘုရားကြီးမှ လွဲ၍ ဘုရားပုထိုး (၃၈၈)ဆူကို (၂ဝ၂ဝ)ပြည့်နှစ် စက်တင်ဘာလတွင် ပထမအဆင့်ပြုပြင်ထိန်းသိမ်းနိုင်ခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီးမှ ဆိုသည်။

ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ရေတို၊ ရေရှည် အစီအစဉ်များ ရေးဆွဲပြီး ကြိုတင်ကာကွယ်ခြင်း၊ ကုစားခြင်းများကို ဆောင်ရွက်သွားရန်လိုအပ် ကြောင်း ပြည်ထောင်စုဝန်ကြီးမှ အသိပေးပြောဆိုခဲ့သည်။

ထို့ပြင် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလမှ ယနေ့အချိန်အထိ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအနေဖြင့် ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့် ဘုရားအဆူ(၃ဝ)အား ထပ်မံတွေ့ရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါဘုရားအဆူ(၃ဝ)တွင် ပြုပြင်ပြီး ဘုရား(၈)ဆူ၊ ပြုပြင်နေဆဲ ဘုရား(၉)ဆူနှင့် ပြုပြင်ရန်ကျန်ရှိသည့် ဘုရား (၁၃)ဆူ ဖြစ်ကြောင်း သိရသည်။

အလားတူ ဧည့်လမ်းညွှန်အသင်းများနှင့် ဒေသခံများ၏ တွေ့ရှိမှုအရ ပြုပြင်ရန်လိုအပ်သည့် ရှေးဟောင်း အဆောက်အအုံ(၁၁ဝ)ကိုလည်း ကြိုတင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးမှ အသိပေးပြောကြားခဲ့သည်။

zawgyi version
ျမန္မာ့ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ေရတို၊ ေရရွည္ အစီအစဥ္မ်ားေရးဆြဲၿပီး ႀကိဳတင္ကာကြယ္သြားရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီးေျပာ
ယြန္း (NP News) - ႏိုဝင္ဘာ ၁ဝ

ျမန္မာ့ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ေရတို၊ ေရရွည္ အစီအစဥ္မ်ားေရးဆြဲၿပီး ႀကိဳတင္ကာကြယ္သြားရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆိုသည္။

သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုက ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၉)ရက္က က်င္းပသည့္အလုပ္႐ုံေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၌ (၂ဝ၁၆)ခုႏွစ္တြင္ လႈပ္ခတ္ခဲ့သည့္ ငလ်င္ေၾကာင့္ ပုဂံရွိေစတီပုထိုးမ်ားအနက္ (၃၈၉)ဆူ ထိခိုက္ခဲ့ၿပီး ေလးႏွစ္စီမံကိန္းေရးဆြဲ၍ ျပဳျပင္ထိန္းသိမ္းမႈမ်ားေဆာင္႐ြက္ခဲ့ရာ သဗၺညဳဘုရားႀကီးမွ လြဲ၍ ဘုရားပုထိုး (၃၈၈)ဆူကို (၂ဝ၂ဝ)ျပည့္ႏွစ္ စက္တင္ဘာလတြင္ ပထမအဆင့္ျပဳျပင္ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း ျပည္ေထာင္စု ဝန္ႀကီးမွ ဆိုသည္။

ထို႔ေၾကာင့္ ျမန္မာ့ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ေရတို၊ ေရရွည္ အစီအစဥ္မ်ား ေရးဆြဲၿပီး ႀကိဳတင္ကာကြယ္ျခင္း၊ ကုစားျခင္းမ်ားကို ေဆာင္႐ြက္သြားရန္လိုအပ္ ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ အသိေပးေျပာဆိုခဲ့သည္။

ထို႔ျပင္ ၂ဝ၂၁ ခုႏွစ္၊ ႏိုဝင္ဘာလမွ ယေန႔အခ်ိန္အထိ ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ားအေနျဖင့္ ျပဳျပင္ထိန္းသိမ္းရန္လိုအပ္သည့္ ဘုရားအဆူ(၃ဝ)အား ထပ္မံေတြ႕ရွိခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ေဆြးေႏြးပြဲတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

အဆိုပါဘုရားအဆူ(၃ဝ)တြင္ ျပဳျပင္ၿပီး ဘုရား(၈)ဆူ၊ ျပဳျပင္ေနဆဲ ဘုရား(၉)ဆူႏွင့္ ျပဳျပင္ရန္က်န္ရွိသည့္ ဘုရား (၁၃)ဆူ ျဖစ္ေၾကာင္း သိရသည္။

အလားတူ ဧည့္လမ္းၫႊန္အသင္းမ်ားႏွင့္ ေဒသခံမ်ား၏ ေတြ႕ရွိမႈအရ ျပဳျပင္ရန္လိုအပ္သည့္ ေရွးေဟာင္း အေဆာက္အအုံ(၁၁ဝ)ကိုလည္း ႀကိဳတင္ထိန္းသိမ္းမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ အသိေပးေျပာၾကားခဲ့သည္။

Picture

Pho Htaung

10/11/2022 18:50

လုပ်သင့်တာကြာပီ ရိုးရာပွဲတွေမှာ အနောက်တိုင်း ယဥ်ကျေးမူ့များ ဝင်ရောက်မှာကို မလိုလားပါ

Related news

© 2021. All rights reserved.