စာရေးဆရာအကြည်တော်(ခ)စောကြည်ဖြူ၏ ရုပ်အလောင်းအား ရေဝေးသုဿာန်၌ ဂူသွင်းသဂြိုလ်

1257

မျိုးကြီး (NP News) - နိုဝင်ဘာ ၁၁
စာရေးဆရာအကြည်တော်(ခ)စောကြည်ဖြူ၏ ရုပ်အလောင်းအား ယနေ့ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ ရေဝေးသုဿာန်၌ ဂူသွင်းသဂြိုလ်ခဲ့သည်။
ဆရာအကြည်တော်၏ နာရေးအခမ်းအနားသို့ စာပေအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ၊ အနုပညာရှင်များအပါအဝင် စာဖတ်ပရိသတ်အများအပြားလာရောက် နှုတ်ဆက်ခဲ့ကြသည်ကို တွေ့ရှိရသည်။
စာရေးဆရာအကြည်တော်သည် ယခုနှစ် စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံ၌ သွားရောက်ဆေးကုသမှုခံယူခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာစဉ် ရက်ပိုင်းအတွင်း ရုတ်တရက် ကျန်းမာရေးဆိုးရွားလာသည့်အတွက် ပင်လုံဆေးရုံ၌ ဆေးကုသမှုခံယူနေခြင်းဖြစ်သည်။
ထိုသို့ ဆေးကုသမှုခံယူနေစဉ်အချိန် နိုဝင်ဘာ ၉ ရက် ည ၈ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံ၌ ကွယ်လွန်ဆုံးပါးသွားခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက်(၅၁)နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။
ဆရာအကြည်တော်(ခ)စောကြည်ဖြူသည် ၁၉၈၈ ခုနှစ်မှစ၍ ကိုကိုကြီး ကလောင်အမည်ဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့ပြီး ၂ဝဝ၃ ခုနှစ်တွင် အကြည်တော် ကလောင်ဖြင့် လုံးချင်းဝတ္ထုများကို စတင်ရေးသားခဲ့ရာ စာအုပ်ပေါင်း (၁ဝဝ) ကျော်ကို ရေးသားနိုင်ခဲ့ကြောင်း သိရသည်။
စာရေးဆရာအကြည်တော် ရေးသားခဲ့သော စာအုပ်များထဲတွင် "ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်"၊ "နတ်နေကိုင်း"၊ "ကဝေပျို၏ နိဒါန်း"၊ "ဇော်က ကနေသည်" စသော စာအုပ်များသည် လူသိများထင်ရှားပြီး ပရိသတ်အများအပြား၏ အား ပေးခြင်းကို ရရှိထားသည်။
ဆရာအကြည်တော်သည် ၁၉၇၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အဖ ဦးထွန်းနိုင်၊ အမိ ဒေါ်ညွန့်နွယ်တို့မှ မွေးဖွားခဲ့ခြင်းဖြစ်ရာ မွေးချင်း (၇)ဦးအနက် (၆)ဦးမြောက် သားဖြစ်ကြောင်း သိရသည်။
မကြာသေမီကာလအတွင်း ဆရာအကြည်တော်သည် ကဗျာနှင့် ဂီတပေါင်းစပ်ထားသော ကဗျာဂီတ (Poem’Music Album) တစ်ခုကို ဖြန့်ချီခဲ့ပြီး လူအများ၏အားပေးခြင်းကိုလည်း ရရှိထားသည်။

Zawgyi Version;
စာေရးဆရာအၾကည္ေတာ္(ခ)ေစာၾကည္ျဖဴ၏ ႐ုပ္အေလာင္းအား ေရေဝးသုႆာန္၌ ဂူသြင္းသၿဂိဳလ္
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၁၁
စာေရးဆရာအၾကည္ေတာ္(ခ)ေစာၾကည္ျဖဴ၏ ႐ုပ္အေလာင္းအား ယေန႔ ႏိုဝင္ဘာ ၁၁ ရက္ ညေနပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ ေရေဝးသုႆာန္၌ ဂူသြင္းသၿဂိဳလ္ခဲ့သည္။
ဆရာအၾကည္ေတာ္၏ နာေရးအခမ္းအနားသို႔ စာေပအသိုင္းအဝိုင္းမွ ပုဂၢိဳလ္မ်ား၊ အႏုပညာရွင္မ်ားအပါအဝင္ စာဖတ္ပရိသတ္အမ်ားအျပားလာေရာက္ ႏႈတ္ဆက္ခဲ့ၾကသည္ကို ေတြ႕ရွိရသည္။
စာေရးဆရာအၾကည္ေတာ္သည္ ယခုႏွစ္ စက္တင္ဘာလအတြင္းက ထိုင္းႏိုင္ငံ၌ သြားေရာက္ေဆးကုသမႈခံယူခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာစဥ္ ရက္ပိုင္းအတြင္း ႐ုတ္တရက္ က်န္းမာေရးဆိုး႐ြားလာသည့္အတြက္ ပင္လုံေဆး႐ုံ၌ ေဆးကုသမႈခံယူေနျခင္းျဖစ္သည္။
ထိုသို႔ ေဆးကုသမႈခံယူေနစဥ္အခ်ိန္ ႏိုဝင္ဘာ ၉ ရက္ ည ၈ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္တြင္ ရန္ကုန္ၿမိဳ႕ရွိ ပင္လုံေဆး႐ုံ၌ ကြယ္လြန္ဆုံးပါးသြားျခင္းျဖစ္ကာ ကြယ္လြန္ခ်ိန္တြင္ အသက္(၅၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။
ဆရာအၾကည္ေတာ္(ခ)ေစာၾကည္ျဖဴသည္ ၁၉၈၈ ခုႏွစ္မွစ၍ ကိုကိုႀကီး ကေလာင္အမည္ျဖင့္ စာေပေလာကသို႔ စတင္ ဝင္ေရာက္ခဲ့ၿပီး ၂ဝဝ၃ ခုႏွစ္တြင္ အၾကည္ေတာ္ ကေလာင္ျဖင့္ လုံးခ်င္းဝတၳဳမ်ားကို စတင္ေရးသားခဲ့ရာ စာအုပ္ေပါင္း (၁ဝဝ) ေက်ာ္ကို ေရးသားႏိုင္ခဲ့ေၾကာင္း သိရသည္။
စာေရးဆရာအၾကည္ေတာ္ ေရးသားခဲ့ေသာ စာအုပ္မ်ားထဲတြင္ "ေက်ာက္သင္ပုန္းေတြ မိုးထားတဲ့အိမ္"၊ "နတ္ေနကိုင္း"၊ "ကေဝပ်ိဳ၏ နိဒါန္း"၊ "ေဇာ္က ကေနသည္" စေသာ စာအုပ္မ်ားသည္ လူသိမ်ားထင္ရွားၿပီး ပရိသတ္အမ်ားအျပား၏ အား ေပးျခင္းကို ရရွိထားသည္။
ဆရာအၾကည္ေတာ္သည္ ၁၉၇၂ ခုႏွစ္တြင္ ေမြးဖြားခဲ့ၿပီး အဖ ဦးထြန္းႏိုင္၊ အမိ ေဒၚၫြန႔္ႏြယ္တို႔မွ ေမြးဖြားခဲ့ျခင္းျဖစ္ရာ ေမြးခ်င္း (၇)ဦးအနက္ (၆)ဦးေျမာက္ သားျဖစ္ေၾကာင္း သိရသည္။
မၾကာေသမီကာလအတြင္း ဆရာအၾကည္ေတာ္သည္ ကဗ်ာႏွင့္ ဂီတေပါင္းစပ္ထားေသာ ကဗ်ာဂီတ (Poem’Music Album) တစ္ခုကို ျဖန႔္ခ်ီခဲ့ၿပီး လူအမ်ား၏အားေပးျခင္းကိုလည္း ရရွိထားသည္။