အရှေ့တီမောနိုင်ငံကို အာဆီယံအဖွဲ့ရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ပြု

 5386

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၁

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေဟာ အရှေ့တီမောနိုင်ငံကို အာဆီယံအဖွဲရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင် နိုင်ငံအဖြစ် လက်ခံပေးဖို့ မူအားဖြင့် သဘောတူခွင့်ပြုလိုက်ပါတယ်။

အရှေ့တီမောနိုင်ငံဟာ အာဆီယံထိပ်သီးအစည်းအဝေးအပါအဝင် အာဆီယံအစည်းအဝေးများကို လေ့လာခွင့်ရ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်တက်ရောက်ခွင့်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေဟာ နိုဝင်ဘာလ ၁၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံမှာ အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပခဲ့ပြီး မြန်မာစစ်တပ်ခေါင်းဆောင် တက်ရောက်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

အာဆီယံခေါင်းဆောင်များက အဖွဲ့ဝင်နိုင်ငံများဟာ အရှေ့တီမောနိုင်ငံကို အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ လိုအပ်တဲ့ ကူညီထောက်ပံ့ပေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အရှေ့တီမောနိုင်ငံကို အာဆီယံရဲ့အမြဲတမ်း အဖွဲ့ဝင်နိုင်ငံဖြစ်စေဖို့ ဆွေးနွေးမှုတွေ ထပ်မံလုပ်ဆောင်သွားရဖွယ်ရှိနေပါတယ်။ လူဦးရေ ၁ ဒသမ ၃၇ သန်းရှိ အရှေ့တီမောနိုင်ငံဟာ ၂ဝဝ၂ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံထံမှ လွတ်လပ်ရေးရရှိခဲ့ပြီး ၂ဝ၁၁ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်ဖို့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။
အာဆီယံအဖွဲ့ကို ၁၉၆၇ခုနှစ်မှာ စင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှား၊ ထိုင်း ၊ ဖိလစ်ပိုင်နိုင်ငံတို့နဲ့ စတင်ဖွဲ့စည်းတည် ထောင်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ဘရူးနိုင်း၊ ၁၉၉၅ ခုနှစ်မှာ ဗီယက်နမ်၊ ၁၉၉၇ ခုနှစ်မှာ မြန်မာ နဲ့ လာအို၊ ၁၉၉၉ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံတို့ အဖွဲ့ဝင်နိုင်ငံများအဖြစ် ထပ်မံဝင်ရောက်ခဲ့ပါတယ်။

Zawgyi Version;
အေရွ႕တီေမာႏိုင္ငံကို အာဆီယံအဖြဲ႕ရဲ႕ ၁၁ ႏိုင္ငံေျမာက္ အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္ခြင့္ျပဳ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၁

အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြဟာ အေရွ႕တီေမာႏိုင္ငံကို အာဆီယံအဖြဲရဲ႕ ၁၁ ႏိုင္ငံေျမာက္ အဖြဲ႕ဝင္ ႏိုင္ငံအျဖစ္ လက္ခံေပးဖို႔ မူအားျဖင့္ သေဘာတူခြင့္ျပဳလိုက္ပါတယ္။

အေရွ႕တီေမာႏိုင္ငံဟာ အာဆီယံထိပ္သီးအစည္းအေဝးအပါအဝင္ အာဆီယံအစည္းအေဝးမ်ားကို ေလ့လာခြင့္ရ အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္တက္ေရာက္ခြင့္ရေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။
အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြဟာ ႏိုဝင္ဘာလ ၁၁ ရက္ေန႔က ကေမာၻဒီးယားႏိုင္ငံမွာ အာဆီယံ ထိပ္သီးအစည္းအေဝးက်င္းပခဲ့ၿပီး ျမန္မာစစ္တပ္ေခါင္းေဆာင္ တက္ေရာက္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

အာဆီယံေခါင္းေဆာင္မ်ားက အဖြဲ႕ဝင္ႏိုင္ငံမ်ားဟာ အေရွ႕တီေမာႏိုင္ငံကို အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံျဖစ္ဖို႔ လိုအပ္တဲ့ ကူညီေထာက္ပံ့ေပးမႈေတြ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။
စင္ကာပူဝန္ႀကီးခ်ဳပ္လီရွန္လြန္းဟာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြဟာ အေရွ႕တီေမာႏိုင္ငံကို အာဆီယံရဲ႕အၿမဲတမ္း အဖြဲ႕ဝင္ႏိုင္ငံျဖစ္ေစဖို႔ ေဆြးေႏြးမႈေတြ ထပ္မံလုပ္ေဆာင္သြားရဖြယ္ရွိေနပါတယ္။ လူဦးေရ ၁ ဒသမ ၃၇ သန္းရွိ အေရွ႕တီေမာႏိုင္ငံဟာ ၂ဝဝ၂ ခုႏွစ္မွာ အင္ဒိုနီးရွားႏိုင္ငံထံမွ လြတ္လပ္ေရးရရွိခဲ့ၿပီး ၂ဝ၁၁ ခုႏွစ္မွာ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံျဖစ္ဖို႔ ေလွ်ာက္ထားခဲ့တာျဖစ္ပါတယ္။
အာဆီယံအဖြဲ႕ကို ၁၉၆၇ခုႏွစ္မွာ စင္ကာပူ၊မေလးရွား၊အင္ဒိုနီးရွား၊ ထိုင္း ၊ ဖိလစ္ပိုင္ႏိုင္ငံတို႔နဲ႔ စတင္ဖြဲ႕စည္းတည္ ေထာင္ခဲ့ၿပီး ၁၉၉၄ ခုႏွစ္မွာ ဘ႐ူးႏိုင္း၊ ၁၉၉၅ ခုႏွစ္မွာ ဗီယက္နမ္၊ ၁၉၉၇ ခုႏွစ္မွာ ျမန္မာ နဲ႔ လာအို၊ ၁၉၉၉ ခုႏွစ္မွာ ကေမာၻဒီးယားႏိုင္ငံတို႔ အဖြဲ႕ဝင္ႏိုင္ငံမ်ားအျဖစ္ ထပ္မံဝင္ေရာက္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.