ထိုင်းနိုင်ငံသို့ လေကြောင်းလိုင်းမှ အလည်အပတ်လာရောက်မည့်သူများအား အပြန်ခရီးစဉ်လေယာဉ်လက်မှတ်ပါ စီစဉ်လာရန်လိုကြောင်း မြန်မာသံရုံး အသိပေး

 998

ယွန်း (NP News) - နိုဝင်ဘာ ၁၁

ထိုင်းနိုင်ငံသို့ လေကြောင်းလိုင်းမှ အလည်အပတ်လာရောက်မည့်သူများကို မြန်မာနိုင်ငံသို့ အပြန်ခရီးစဉ် လေယာဉ်လက်မှတ်ပါ စီစဉ်လာရန်လိုကြောင်း မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ပြီးခဲ့သည့် နိုဝင်ဘာ(၁ဝ)ရက်နေ့ ညနေပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ လေကြောင်းလိုင်းမှတစ်ဆင့် အလည် အပတ်ခရီး လာရောက်ပါက မြန်မာနိုင်ငံသို့ အပြန်ခရီးစဉ် လေယာဉ်လက်မှတ် စီစဉ်လာရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် လူတစ်ဦးအတွက် ဘတ်(၁ဝဝဝဝ)နှင့် ညီမျှသော အမေရိကန်ဒေါ်လာ ၊ မိသားစုတစ်စုအတွက် ဘတ် (၂ဝဝဝဝ)နှင့် ညီမျှသော အမေရိကန်ဒေါ်လာတို့အား ယူဆောင်လာရန်လိုအပ်ကြောင်း သိရသည်။

အလားတူ ထိုင်းနိုင်ငံတွင် တည်းခိုမည့် ဟိုတယ်စီစဉ်ထားမှုအထောက်အထား (သို့မဟုတ်) မိတ်ဆွေအိမ်တွင် တည်းမည်ဆိုပါက အဆိုပါမိတ်ဆွေမှ ဖိတ်ကြားထားသော စာအား ပြသရန်လိုကြောင်း ဘန်ကောက်မြို့ရှိ၊ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

ထိုသို့စစ်ဆေးရာ၌ ဖိတ်ကြားထားသည့်စာတွင် ဖိတ်ကြားသည့် မိတ်ဆွေ၏ အမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ အပြည့်အစုံ၊ ဖုန်းနံပါတ်တို့ကို ဖော်ပြထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version;
Zawgyi Version;
ထိုင္းႏိုင္ငံသို႔ ေလေၾကာင္းလိုင္းမွ အလည္အပတ္လာေရာက္မည့္သူမ်ားအား အျပန္ခရီးစဥ္ေလယာဥ္လက္မွတ္ပါ စီစဥ္လာရန္လိုေၾကာင္း ျမန္မာသံ႐ုံး အသိေပး
ယြန္း (NP News) - ႏိုဝင္ဘာ ၁၁

ထိုင္းႏိုင္ငံသို႔ ေလေၾကာင္းလိုင္းမွ အလည္အပတ္လာေရာက္မည့္သူမ်ားကို ျမန္မာႏိုင္ငံသို႔ အျပန္ခရီးစဥ္ ေလယာဥ္လက္မွတ္ပါ စီစဥ္လာရန္လိုေၾကာင္း ျမန္မာသံ႐ုံးမွ ထုတ္ျပန္ထားသည္။

ထိုင္းႏိုင္ငံ၊ ဗန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ၿပီးခဲ့သည့္ ႏိုဝင္ဘာ(၁ဝ)ရက္ေန႔ ညေနပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထိုင္းႏိုင္ငံသို႔ ေလေၾကာင္းလိုင္းမွတစ္ဆင့္ အလည္ အပတ္ခရီး လာေရာက္ပါက ျမန္မာႏိုင္ငံသို႔ အျပန္ခရီးစဥ္ ေလယာဥ္လက္မွတ္ စီစဥ္လာရန္လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ထို႔ျပင္ လူတစ္ဦးအတြက္ ဘတ္(၁ဝဝဝဝ)ႏွင့္ ညီမွ်ေသာ အေမရိကန္ေဒၚလာ ၊ မိသားစုတစ္စုအတြက္ ဘတ္ (၂ဝဝဝဝ)ႏွင့္ ညီမွ်ေသာ အေမရိကန္ေဒၚလာတို႔အား ယူေဆာင္လာရန္လိုအပ္ေၾကာင္း သိရသည္။

အလားတူ ထိုင္းႏိုင္ငံတြင္ တည္းခိုမည့္ ဟိုတယ္စီစဥ္ထားမႈအေထာက္အထား (သို႔မဟုတ္) မိတ္ေဆြအိမ္တြင္ တည္းမည္ဆိုပါက အဆိုပါမိတ္ေဆြမွ ဖိတ္ၾကားထားေသာ စာအား ျပသရန္လိုေၾကာင္း ဘန္ေကာက္ၿမိဳ႕ရွိ၊ ျမန္မာသံ႐ုံးမွ အသိေပးထုတ္ျပန္ထားသည္။

ထိုသို႔စစ္ေဆးရာ၌ ဖိတ္ၾကားထားသည့္စာတြင္ ဖိတ္ၾကားသည့္ မိတ္ေဆြ၏ အမည္၊ အလုပ္အကိုင္၊ ေနရပ္လိပ္စာ အျပည့္အစုံ၊ ဖုန္းနံပါတ္တို႔ကို ေဖာ္ျပထားရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.