ဘုရားသုံးဆူမြို့ပေါ်ရှိ ရွှေဆိုင်(၁)ဆိုင်အား သေနတ်ဖြင့် ပစ်ခတ်ပြီး ဓါးပြတိုက်မှုဖြစ်ပွားခဲ့ရာ လူငယ်(၁)ဦး ထိခိုက်ဒဏ်ရာရရှိ

935

NP News - နိုဝင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ရှိပေါ် ရွှေဆိုင်(၁)ဆိုင်အား သေနတ်ဖြင့် ပစ်ခတ်ပြီးဓါးပြတိုက်မှုဖြစ်ပွားခဲ့ရာ လူငယ်(၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၃ ရက်၊ ညနေ ၅ နာရီ ၁ဝ မိနစ်အချိန်ခန့်တွင် ဘုရားသုံးဆူမြို့မဈေးရှေ့၊ ဘုရင့်နောင်လမ်းမကြီးမပေါ်ရှိ သစ်ဆန်းယဉ်ရွှေဆိုင်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
ဓါးပြတိုက်မှုကျူးလွန်သူသည် ဆိုင်ကယ်ဖြင့် ရွှေဆိုင်ရှေ့ရောက်ရှိလာပြီးနောက် ဆိုင်းအတွင်းဝင်ရောက်ကာ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီး ရွှေနှင့် ငွေသားများကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့က သစ်ဆန်းယဉ်ရွှေဆိုင်ကို ဓားပြဝင်တိုက်သွားတယ်ဗျာ။ ဓားပြကတစ်ယောက်တည်း ဆိုင်ကလည်း မြို့လယ်ဈေးရှေ့မှာ ရှိတာ။ ဆိုင်ကယ်ဂိတ်၊ ကားဂိတ်တွေနဲ့ လူအရမ်းများတဲ့ နေရာကြီးမှာ ဘယ်သူမှ မလိုက်ရဲကြဘူး။ ဓါးပြက အေးဆေးပဲဆိုင်ကယ်မောင်းထွက်သွားတယ်” ဟု ဒေသခံသတင်းအရင်းအမြစ်က NP News ကို ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ဓါးပြတိုက်မှုကြောင့် သစ်ဆန်းယဉ်ရွှေဆိုင်ပိုင်ရှင်၏ သားဖြစ်သူမှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ထိုင်းနိုင်ငံဘက်၌ ဆေးကုသမှုခံယူနေကြောင်း ဒေသခံသတင်းအရင်းအမြစ်က ပြောသည်။
ထို့ပြင် ဓါးပြတိုက်မှုကြောင့် သစ်ဆန်းယဉ်ရွှေဆိုင်မှ ငွေသားသိန်း (၆ဝ)ကျော်နှင့် ရွှေလက်ဝတ်ရတနာများပါသွားကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ထိုသို့ ဓါးပြတိုက်မှုဖြစ်ပွားပြီးနောက် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)နှင့် တပ်မတော်လုံခြုံရေးအဖွဲ့တို့က လာရောက်စစ်ဆေးမှုများပြုလုပ်သွားခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူမြို့သည် KNU တပ်မဟာ (၆) နယ်မြေဌာနချုပ်နှင့် အလှမ်းမဝေးသည့် နယ်မြေတွင်တည်ရှိပြီး ဌာနဆိုင်ရာရုံးများ မဖွင့်လှစ်ရဲကြကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ဆိုသည်။
“လက်နက်ကိုင်နယ်မြေဖြစ်နေလို့ ရဲလဲအပြင်မထွက်ရဲဘူး။ တပ်လဲမထွက်ဘူး။ ထွက်တဲ့သူခံရတာပဲ” ဟု ဒေသခံသတင်းအရင်းအမြစ်က NP News ကို ဆက်လက်ပြောသည်။
ပြီးခဲ့သော လပိုင်းအတွင်း၌ ဘုရားသုံးဆူမြို့ပေါ်ရှိ ရွှေဆိုင်(၁)ဆိုင်တွင် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ သေဆုံးသွားသောဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးကြောင်း ဒေသခံများက ဆိုထားသည်။
ထို့ပြင် ၂ဝ၂၁ ခုနှစ် တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက်ပိုင်းတွင် ဘုရားသုံးဆူမြို့၌ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသော လူဦးရေမှာ (၁ဝ)ဦးထက် မနည်းရှိကြောင်း သိရသည်။

zawgyi version
ဘုရားသုံးဆူၿမိဳ႕ေပၚရွိ ေ႐ႊဆိုင္(၁)ဆိုင္အား ေသနတ္ျဖင့္ ပစ္ခတ္ၿပီး ဓါးျပတိုက္မႈျဖစ္ပြားခဲ့ရာ လူငယ္(၁)ဦး ထိခိုက္ဒဏ္ရာရရွိ
NP News - ႏိုဝင္ဘာ ၁၄
ကရင္ျပည္နယ္၊ ဘုရားသုံးဆူၿမိဳ႕ရွိေပၚ ေ႐ႊဆိုင္(၁)ဆိုင္အား ေသနတ္ျဖင့္ ပစ္ခတ္ၿပီးဓါးျပတိုက္မႈျဖစ္ပြားခဲ့ရာ လူငယ္(၁) ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ႏိုဝင္ဘာလ ၁၃ ရက္၊ ညေန ၅ နာရီ ၁ဝ မိနစ္အခ်ိန္ခန႔္တြင္ ဘုရားသုံးဆူၿမိဳ႕မေဈးေရွ႕၊ ဘုရင့္ေနာင္လမ္းမႀကီးမေပၚရွိ သစ္ဆန္းယဥ္ေ႐ႊဆိုင္တြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံသတင္းအရင္းအျမစ္မ်ားထံမွ သိရသည္။
ဓါးျပတိုက္မႈက်ဴးလြန္သူသည္ ဆိုင္ကယ္ျဖင့္ ေ႐ႊဆိုင္ေရွ႕ေရာက္ရွိလာၿပီးေနာက္ ဆိုင္းအတြင္းဝင္ေရာက္ကာ ေသနတ္ျဖင့္ အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္ခဲ့ၿပီး ေ႐ႊႏွင့္ ေငြသားမ်ားကို လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ ကရင္ျပည္နယ္၊ ဘုရားသုံးဆူၿမိဳ႕က သစ္ဆန္းယဥ္ေ႐ႊဆိုင္ကို ဓားျပဝင္တိုက္သြားတယ္ဗ်ာ။ ဓားျပကတစ္ေယာက္တည္း ဆိုင္ကလည္း ၿမိဳ႕လယ္ေဈးေရွ႕မွာ ရွိတာ။ ဆိုင္ကယ္ဂိတ္၊ ကားဂိတ္ေတြနဲ႔ လူအရမ္းမ်ားတဲ့ ေနရာႀကီးမွာ ဘယ္သူမွ မလိုက္ရဲၾကဘူး။ ဓါးျပက ေအးေဆးပဲဆိုင္ကယ္ေမာင္းထြက္သြားတယ္” ဟု ေဒသခံသတင္းအရင္းအျမစ္က NP News ကို ေျပာသည္။
ေသနတ္ျဖင့္ ပစ္ခတ္ဓါးျပတိုက္မႈေၾကာင့္ သစ္ဆန္းယဥ္ေ႐ႊဆိုင္ပိုင္ရွင္၏ သားျဖစ္သူမွာ က်ည္ေဖာက္ဝင္ဒဏ္ရာရရွိခဲ့ၿပီး လက္ရွိတြင္ ထိုင္းႏိုင္ငံဘက္၌ ေဆးကုသမႈခံယူေနေၾကာင္း ေဒသခံသတင္းအရင္းအျမစ္က ေျပာသည္။
ထို႔ျပင္ ဓါးျပတိုက္မႈေၾကာင့္ သစ္ဆန္းယဥ္ေ႐ႊဆိုင္မွ ေငြသားသိန္း (၆ဝ)ေက်ာ္ႏွင့္ ေ႐ႊလက္ဝတ္ရတနာမ်ားပါသြားေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။
ထိုသို႔ ဓါးျပတိုက္မႈျဖစ္ပြားၿပီးေနာက္ နယ္ျခားေစာင့္တပ္ဖြဲ႕ (BGF)ႏွင့္ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕တို႔က လာေရာက္စစ္ေဆးမႈမ်ားျပဳလုပ္သြားခဲ့ေၾကာင္း သိရသည္။
ဘုရားသုံးဆူၿမိဳ႕သည္ KNU တပ္မဟာ (၆) နယ္ေျမဌာနခ်ဳပ္ႏွင့္ အလွမ္းမေဝးသည့္ နယ္ေျမတြင္တည္ရွိၿပီး ဌာနဆိုင္ရာ႐ုံးမ်ား မဖြင့္လွစ္ရဲၾကေၾကာင္း ေဒသခံသတင္းအရင္းအျမစ္မ်ားက ဆိုသည္။
“လက္နက္ကိုင္နယ္ေျမျဖစ္ေနလို႔ ရဲလဲအျပင္မထြက္ရဲဘူး။ တပ္လဲမထြက္ဘူး။ ထြက္တဲ့သူခံရတာပဲ” ဟု ေဒသခံသတင္းအရင္းအျမစ္က NP News ကို ဆက္လက္ေျပာသည္။
ၿပီးခဲ့ေသာ လပိုင္းအတြင္း၌ ဘုရားသုံးဆူၿမိဳ႕ေပၚရွိ ေ႐ႊဆိုင္(၁)ဆိုင္တြင္ ေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး ဆိုင္ပိုင္ရွင္ျဖစ္သူ ေသဆုံးသြားေသာျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးေၾကာင္း ေဒသခံမ်ားက ဆိုထားသည္။
ထို႔ျပင္ ၂ဝ၂၁ ခုႏွစ္ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္ပိုင္းတြင္ ဘုရားသုံးဆူၿမိဳ႕၌ အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရေသာ လူဦးေရမွာ (၁ဝ)ဦးထက္ မနည္းရွိေၾကာင္း သိရသည္။