အမျိုးသားလုံခြုံရေးနှင့် လွတ်ငြိမ်းချမ်းသာ(ဆောင်းပါး)

 968

ထွန်း အမ်တီ (NP News) - နိုဝင်ဘာ ၁၇

မြန်မာတို့ရဲ့နေ့ထူးနေ့မြတ်တွေမှာ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့ အလေ့ အထဟာ ကောင်းမြတ်သော မင်္ဂလာတစ်ပါးဖြစ်ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာဆိုင်ရာ အခါကြီးရက်ကြီး၊ မင်္ဂလာရှိသောနေ့ရက်များမှာ ထိုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းဟာ ယေဘုယျအားဖြင့်တော့ ကြိုဆိုရမည့်ကိစ္စသာလျှင်ဖြစ်ပါတယ်။

သို့ပေမယ့်လည်း အမျိုးသားအကျိုးစီးပွားနှင့်ပတ်သက်၍ ပြစ်ဒဏ်ကျခံစေရသူ၊ အထူးသဖြင့် မြန်မာနိုင်ငံသားမဟုတ်သော နိုင်ငံခြားသားများ၊ နိုင်ငံခြားသားတွင်မှ စီးပွားဖျက် သူလျှိုကဲ့သို့သော နိုင်ငံ၏အခြေအနေများကို ကပြောင်းကပြန်ဖြစ်အောင် လုပ်သွားကြသူများ၊ တိုင်းတစ်ပါး ထောက်လှမ်းရေးနှင့် အေးဂျင့်ဟု သံသယဖြစ်ဖွယ်ရှိသူများ၊ ကိုယ့်တိုင်းပြည်၏ အရေးကြီးအချက်အလက်များကို အရယူသွားခဲ့ကြပြီး တိုင်းပြည်ကို ထိခိုက်အနာတရ ကြီးမားစွာဖြစ်စေခဲ့သူများကို လွတ်ငြိမ်းပေးခြင်းကတော့ အနည်းငယ်ကွဲလွဲသည့် ကိစ္စရပ်ဖြစ်သည်လို့ထင်မြင်ယူဆပါတယ်။

ထိုကဲ့သို့သော သူများအတွက် မည်ကဲ့သို့သော အပေးအယူ သို့မဟုတ် အပြန်အလှန်ထိန်းကျောင်းမှုတစ်စုံတစ်ရာရှိသည်ဟု ဆင်ခြေပေးစရာ ရှိပေမယ့်လည်း ထိုသူများသည် အမျိုးသားလုံခြုံရေးကို ထိပါးစော်ကားခဲ့ပြီးသူများသာ ဖြစ်ပါတယ်။

ဗြိတိန်၏ MI 6 agent ဟု သံသယရှိဖွယ် သံတမန်ဟောင်း ဗစ်ကီဘိုးမန်းဟာဆိုရင် ၂ဝ၂၂ ခုနှစ် ဩဂုတ်လအတွင်းက ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရအပြီး သုံးလအကြာမှာ ပြန်လည်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ ဗစ်ကီဘိုးမန်းဟာ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) Myanmar Centre for Responsible Business နှင့် Justice for Myanmar အဖွဲ့အစည်းများရဲ့ ဦးဆောင်လှုပ်ရှားသူလည်း ဖြစ်ပါတယ်။

၎င်းထံကနေ မြန်မာ့စီးပွားရေးရဲ့ အဓိကကဏ္ဍ များနှင့် အမျိုးသားစီးပွားရေးဆိုင်ရာ အချက်အလက်များစွာ ကျိုးပေါက်ခဲ့ရပြီး ထိန်းချုပ်မှုအချို့လည်း ခံခဲ့ရကြောင်း သတင်းစကားများ ရှိထားပြီးလည်း ဖြစ်ပါတယ်။

စီးပွားဖျက် သူလျှိုလို့ ယူဆခံရသူ ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်ဟာဆိုရင်လည်း စီးပွားရေးဆိုင်ရာ ပညာရှင်ခေါင်းစဉ်အောက်ကနေ ယခင် နိုင်ငံတော်အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ နိုင်ငံတော် စီးပွားရေးအကြံပေး ရာထူးအထိ အရယူနိုင်ခဲ့ပြီး နိုင်ငံတော်ရဲ့ထိပ်တန်းစီမံကိန်းများမှာ လိုသလို ကစားသွားခဲ့ပြီး တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍအပြင် စီမံကိန်းများမှတဆင့် နိုင်ငံတကာသံတမန်ဆက်ဆံရေးများအထိ ရိုက်ခတ်နိုင်တဲ့လုပ်ရပ်များကို လုပ်ဆောင်သွားခဲ့သူဖြစ်ပါတယ်။

ထိုကဲ့သို့သော အမိနိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွား၊ အမျိုးသားလုံခြုံရေးအထိ ထိပါးစော်ကားခဲ့တဲ့ မြန်မာနိုင်ငံသားမဟုတ်တဲ့ တိုင်းတစ်ပါးသား စီးပွားဖျက်သူလျှိုနဲ့ ထောက်လှမ်းရေးအေးဂျင့်များ အတွက်ကတော့ ၎င်းတို့ ကျခံရမည့် ပြစ်ဒဏ်အပြည့် ထမ်းဆောင်စေခြင်းကသာလျှင် နိုင်ငံတော်က ရရှိခဲ့တဲ့ ဒဏ်ရာအနာတရတွေကို ပြန်လည်ကုစားပေးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဟု ထင်မြင်မိကြောင်း တင်ပြလိုက်ရပါတယ်။

Zawgyi Version;
အမ်ိဳးသားလုံၿခဳံေရးႏွင့္ လြတ္ၿငိမ္းခ်မ္းသာ(ေဆာင္းပါး)
ထြန္း အမ္တီ (NP News) - ႏိုဝင္ဘာ ၁၇

ျမန္မာတို႔ရဲ႕ေန႔ထူးေန႔ျမတ္ေတြမွာ အက်ဥ္းသားေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳတဲ့ အေလ့ အထဟာ ေကာင္းျမတ္ေသာ မဂၤလာတစ္ပါးျဖစ္ပါတယ္။ အထူးသျဖင့္ ဗုဒၶဘာသာဆိုင္ရာ အခါႀကီးရက္ႀကီး၊ မဂၤလာရွိေသာေန႔ရက္မ်ားမွာ ထိုကဲ့သို႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳျခင္းဟာ ေယဘုယ်အားျဖင့္ေတာ့ ႀကိဳဆိုရမည့္ကိစၥသာလွ်င္ျဖစ္ပါတယ္။

သို႔ေပမယ့္လည္း အမ်ိဳးသားအက်ိဳးစီးပြားႏွင့္ပတ္သက္၍ ျပစ္ဒဏ္က်ခံေစရသူ၊ အထူးသျဖင့္ ျမန္မာႏိုင္ငံသားမဟုတ္ေသာ ႏိုင္ငံျခားသားမ်ား၊ ႏိုင္ငံျခားသားတြင္မွ စီးပြားဖ်က္ သူလွ်ိဳကဲ့သို႔ေသာ ႏိုင္ငံ၏အေျခအေနမ်ားကို ကေျပာင္းကျပန္ျဖစ္ေအာင္ လုပ္သြားၾကသူမ်ား၊ တိုင္းတစ္ပါး ေထာက္လွမ္းေရးႏွင့္ ေအးဂ်င့္ဟု သံသယျဖစ္ဖြယ္ရွိသူမ်ား၊ ကိုယ့္တိုင္းျပည္၏ အေရးႀကီးအခ်က္အလက္မ်ားကို အရယူသြားခဲ့ၾကၿပီး တိုင္းျပည္ကို ထိခိုက္အနာတရ ႀကီးမားစြာျဖစ္ေစခဲ့သူမ်ားကို လြတ္ၿငိမ္းေပးျခင္းကေတာ့ အနည္းငယ္ကြဲလြဲသည့္ ကိစၥရပ္ျဖစ္သည္လို႔ထင္ျမင္ယူဆပါတယ္။

ထိုကဲ့သို႔ေသာ သူမ်ားအတြက္ မည္ကဲ့သို႔ေသာ အေပးအယူ သို႔မဟုတ္ အျပန္အလွန္ထိန္းေက်ာင္းမႈတစ္စုံတစ္ရာရွိသည္ဟု ဆင္ေျခေပးစရာ ရွိေပမယ့္လည္း ထိုသူမ်ားသည္ အမ်ိဳးသားလုံၿခဳံေရးကို ထိပါးေစာ္ကားခဲ့ၿပီးသူမ်ားသာ ျဖစ္ပါတယ္။

ၿဗိတိန္၏ MI 6 agent ဟု သံသယရွိဖြယ္ သံတမန္ေဟာင္း ဗစ္ကီဘိုးမန္းဟာဆိုရင္ ၂ဝ၂၂ ခုႏွစ္ ဩဂုတ္လအတြင္းက ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရအၿပီး သုံးလအၾကာမွာ ျပန္လည္လြတ္ေျမာက္ခဲ့တာ ျဖစ္ပါတယ္။ ဗစ္ကီဘိုးမန္းဟာ ျမန္မာ့စီးပြားေရးက႑ တာဝန္ယူမႈရွိေရး အေထာက္အကူျပဳဌာန (MCRB) Myanmar Centre for Responsible Business ႏွင့္ Justice for Myanmar အဖြဲ႕အစည္းမ်ားရဲ႕ ဦးေဆာင္လႈပ္ရွားသူလည္း ျဖစ္ပါတယ္။

၎ထံကေန ျမန္မာ့စီးပြားေရးရဲ႕ အဓိကက႑ မ်ားႏွင့္ အမ်ိဳးသားစီးပြားေရးဆိုင္ရာ အခ်က္အလက္မ်ားစြာ က်ိဳးေပါက္ခဲ့ရၿပီး ထိန္းခ်ဳပ္မႈအခ်ိဳ႕လည္း ခံခဲ့ရေၾကာင္း သတင္းစကားမ်ား ရွိထားၿပီးလည္း ျဖစ္ပါတယ္။

စီးပြားဖ်က္ သူလွ်ိဳလို႔ ယူဆခံရသူ ဩစေၾတးလ်ႏိုင္ငံသား ေရွာင္တာနယ္ဟာဆိုရင္လည္း စီးပြားေရးဆိုင္ရာ ပညာရွင္ေခါင္းစဥ္ေအာက္ကေန ယခင္ ႏိုင္ငံေတာ္အတိုင္ပင္ခံေဟာင္း ေဒၚေအာင္ဆန္းစုၾကည္လက္ထက္မွာ ႏိုင္ငံေတာ္ စီးပြားေရးအႀကံေပး ရာထူးအထိ အရယူႏိုင္ခဲ့ၿပီး ႏိုင္ငံေတာ္ရဲ႕ထိပ္တန္းစီမံကိန္းမ်ားမွာ လိုသလို ကစားသြားခဲ့ၿပီး တိုင္းျပည္ရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈက႑အျပင္ စီမံကိန္းမ်ားမွတဆင့္ ႏိုင္ငံတကာသံတမန္ဆက္ဆံေရးမ်ားအထိ ႐ိုက္ခတ္ႏိုင္တဲ့လုပ္ရပ္မ်ားကို လုပ္ေဆာင္သြားခဲ့သူျဖစ္ပါတယ္။

ထိုကဲ့သို႔ေသာ အမိႏိုင္ငံေတာ္ရဲ႕ အမ်ိဳးသားအက်ိဳးစီးပြား၊ အမ်ိဳးသားလုံၿခဳံေရးအထိ ထိပါးေစာ္ကားခဲ့တဲ့ ျမန္မာႏိုင္ငံသားမဟုတ္တဲ့ တိုင္းတစ္ပါးသား စီးပြားဖ်က္သူလွ်ိဳနဲ႔ ေထာက္လွမ္းေရးေအးဂ်င့္မ်ား အတြက္ကေတာ့ ၎တို႔ က်ခံရမည့္ ျပစ္ဒဏ္အျပည့္ ထမ္းေဆာင္ေစျခင္းကသာလွ်င္ ႏိုင္ငံေတာ္က ရရွိခဲ့တဲ့ ဒဏ္ရာအနာတရေတြကို ျပန္လည္ကုစားေပးႏိုင္မည့္ တစ္ခုတည္းေသာ နည္းလမ္းဟု ထင္ျမင္မိေၾကာင္း တင္ျပလိုက္ရပါတယ္။

Picture

Khinkyaw Nyo

20/11/2022 15:02

လျော့လွန်းရင်ပတ်

Picture

Htun Aung Kyaw

24/11/2022 09:01

မှန်တယ်ဗျာ အဲ့တဘို့ထဲကြည့်တဲ့ နိုင်ငံခြားသားတွေကိုတော့ ပြစ်ဒဏ်စေ့တဲ့အထိ ဒဏ်ပေးသင့်ပါတယ်။ သူတို့လုပ်ခဲ့တာအတွက် ပြန်ပေးဆပ်ရတာပဲ ယောင်္ကျားဆို လုပ်ရဲရင် ခံရဲရမှာပေါ့ သူတို့လဲ၊ ခုကျ လွှတ်လဲပေးလိုက်ရော နောက်ကွယ်လဲရောက်ရော ယီးလှန်ပြနေပီ ရှောင်တာနဲလ်က

Related news

© 2021. All rights reserved.