တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့် မီးရထားလမ်းပိုင်းများ ချိတ်ဆက်ရေး ဆောင်ရွက်နေဟု နစကဝန်ကြီးပြော

1243

မျိုးကြီး (NP News) - နိုဝင်ဘာ ၂၁
အပြည်ပြည်ဆိုင်ရာ ရထားလမ်းကွန်ရက်အောက်ရှိ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့် မီးရထားလမ်းပိုင်းများ ချိတ်ဆက်ရေးကို ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောသည်။
ယခုရက်ပိုင်းအတွင်း ရုရှားနိုင်ငံ၌ ရုရှား-မြန်မာနှစ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနများ တွေ့ဆုံဆွေးနွေးရာတွင် ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ဒေသတွင်းအချက်အချာကျသည့်နေရာတွင် တည်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ခွင့်ပြုပေးနိုင်သည့် လုပ်ငန်း၊ နယ်ပယ်အများအပြားရှိကာ အပြည်ပြည်ဆိုင်ရာ ရထားလမ်းကွန်ရက်အောက်တွင် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများနှင့် မီးရထားလမ်းပိုင်းများ ချိတ်ဆက်ရေးကို ဆောင်ရွက်နေကြောင်း ဝန်ကြီးက ဆိုသည်။
ထို့ပြင် ကားလမ်းကွန်ရက်ဆက်သွယ်မှုအတွက် အာရှလမ်းမကြီး၊ အာဆီယံလမ်းမကြီး၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံလမ်းမကြီးတို့ကို ဖော်ဆောင်နေကြောင်းလည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးက ထည့်သွင်း ပြောဆိုခဲ့သည်။
လက်ရှိတွင် တံတားအစင်းရေ(၁ဝဝ)ကျော်ပူးတွဲပါဝင်မည့် မူဆယ်-မန္တလေးရထားလမ်းသစ်စီမံကိန်းကို အကောင် အထည်ဖော်ရန် ညှိနှိုင်းဆွေးနွေးနေကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါရထားလမ်းသစ်စီမံကိန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလျံခန့်ရှိမည်ဟုခန့်မှန်းထားပြီး တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကုန်သွယ်ရေးအချက်အချာဖြစ်သော မန္တလေးမြို့ကို ချိတ်ဆက်ဖောက်လုပ်မည့် အမြန်ရထားလမ်းဖြစ်ပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း၏ အစိတ်အပိုင်းတစ်ခု လည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ရထားလုပ်ငန်းကို ၁၈၇၇ ခုနှစ် စတင်ခဲ့ပြီး လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်အထိ ရထားလမ်းခရီးမိုင် ၁၉၂၄ မိုင်နှင့် ဘူတာရုံပေါင်း ၄၇၆ ရုံဆောက်လုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ရထားလမ်းခရီးမိုင် ၅၄ မိုင်နှင့် ဘူတာရုံ ၁၁ ရုံကို တိုးချဲ့တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ရထားလမ်းခရီးမိုင် ၁၈၂၂ မိုင်နှင့် ဘူတာရုံ ၄၇၃ ရုံကို ထပ်မံတိုးချဲ့ဖောက်လုပ်နိုင်ခဲ့သည့်အတွက် လက်ရှိတွင် နိုင်ငံအတွင်း၌ ရထားလမ်းခရီးမိုင်စုစုပေါင်း ၃၈ဝဝ မိုင်နှင့် ဘူတာရုံပေါင်း ၉၆ဝ ရုံရှိကြောင်း မြန်မာ့မီးရထား၏ သတင်းအချက်အလက်များအရ သိရသည်။

zawgyi version
တ႐ုတ္၊ အိႏၵိယ၊ ထိုင္းႏိုင္ငံတို႔ႏွင့္ မီးရထားလမ္းပိုင္းမ်ား ခ်ိတ္ဆက္ေရး ေဆာင္႐ြက္ေနဟု နစကဝန္ႀကီးေျပာ
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၂၁
အျပည္ျပည္ဆိုင္ရာ ရထားလမ္းကြန္ရက္ေအာက္ရွိ တ႐ုတ္၊ အိႏၵိယ၊ ထိုင္းႏိုင္ငံတို႔ႏွင့္ မီးရထားလမ္းပိုင္းမ်ား ခ်ိတ္ဆက္ေရးကို ေဆာင္႐ြက္ေနေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းက ေျပာသည္။
ယခုရက္ပိုင္းအတြင္း ႐ုရွားႏိုင္ငံ၌ ႐ုရွား-ျမန္မာႏွစ္ႏိုင္ငံ ပို႔ေဆာင္ေရးဝန္ႀကီးဌာနမ်ား ေတြ႕ဆုံေဆြးေႏြးရာတြင္ ဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းက အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံသည္ ပထဝီအေနအထားအရ ေဒသတြင္းအခ်က္အခ်ာက်သည့္ေနရာတြင္ တည္ရွိၿပီး ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ အခြင့္အလမ္းမ်ား ခြင့္ျပဳေပးႏိုင္သည့္ လုပ္ငန္း၊ နယ္ပယ္အမ်ားအျပားရွိကာ အျပည္ျပည္ဆိုင္ရာ ရထားလမ္းကြန္ရက္ေအာက္တြင္ တ႐ုတ္၊ အိႏၵိယ၊ ထိုင္းႏိုင္ငံမ်ားႏွင့္ မီးရထားလမ္းပိုင္းမ်ား ခ်ိတ္ဆက္ေရးကို ေဆာင္႐ြက္ေနေၾကာင္း ဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ ကားလမ္းကြန္ရက္ဆက္သြယ္မႈအတြက္ အာရွလမ္းမႀကီး၊ အာဆီယံလမ္းမႀကီး၊ အိႏၵိယ-ျမန္မာ-ထိုင္း သုံးႏိုင္ငံလမ္းမႀကီးတို႔ကို ေဖာ္ေဆာင္ေနေၾကာင္းလည္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးက ထည့္သြင္း ေျပာဆိုခဲ့သည္။
လက္ရွိတြင္ တံတားအစင္းေရ(၁ဝဝ)ေက်ာ္ပူးတြဲပါဝင္မည့္ မူဆယ္-မႏၲေလးရထားလမ္းသစ္စီမံကိန္းကို အေကာင္ အထည္ေဖာ္ရန္ ညႇိႏႈိင္းေဆြးေႏြးေနေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။
အဆိုပါရထားလမ္းသစ္စီမံကိန္းကုန္က်စရိတ္မွာ အေမရိကန္ေဒၚလာ ၈ ဒသမ ၉ ဘီလ်ံခန႔္ရွိမည္ဟုခန႔္မွန္းထားၿပီး တ႐ုတ္-ျမန္မာနယ္စပ္ မူဆယ္ၿမိဳ႕မွ ျမန္မာႏိုင္ငံအလယ္ပိုင္းရွိ ကုန္သြယ္ေရးအခ်က္အခ်ာျဖစ္ေသာ မႏၲေလးၿမိဳ႕ကို ခ်ိတ္ဆက္ေဖာက္လုပ္မည့္ အျမန္ရထားလမ္းျဖစ္ၿပီး တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍလမ္း၏ အစိတ္အပိုင္းတစ္ခု လည္းျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ ရထားလုပ္ငန္းကို ၁၈၇၇ ခုႏွစ္ စတင္ခဲ့ၿပီး လြတ္လပ္ေရးမရမီ ၁၉၄၇ ခုႏွစ္အထိ ရထားလမ္းခရီးမိုင္ ၁၉၂၄ မိုင္ႏွင့္ ဘူတာ႐ုံေပါင္း ၄၇၆ ႐ုံေဆာက္လုပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ လြတ္လပ္ေရးရၿပီး ၁၉၄၈ ခုႏွစ္မွ ၁၉၈၈ ခုႏွစ္အတြင္း ရထားလမ္းခရီးမိုင္ ၅၄ မိုင္ႏွင့္ ဘူတာ႐ုံ ၁၁ ႐ုံကို တိုးခ်ဲ႕တည္ေဆာက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
၁၉၈၈ ခုႏွစ္ေနာက္ပိုင္းတြင္ ရထားလမ္းခရီးမိုင္ ၁၈၂၂ မိုင္ႏွင့္ ဘူတာ႐ုံ ၄၇၃ ႐ုံကို ထပ္မံတိုးခ်ဲ႕ေဖာက္လုပ္ႏိုင္ခဲ့သည့္အတြက္ လက္ရွိတြင္ ႏိုင္ငံအတြင္း၌ ရထားလမ္းခရီးမိုင္စုစုေပါင္း ၃၈ဝဝ မိုင္ႏွင့္ ဘူတာ႐ုံေပါင္း ၉၆ဝ ႐ုံရွိေၾကာင္း ျမန္မာ့မီးရထား၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။