ပါဝါရိန်းဂျား မင်းသားဂျက်ဆန်ဒေးဗစ်ဖရန့် အသက် ၄၉ နှစ်အရွယ်မှာ ကွယ်လွန်

 819

ရောင်နီ (NP News) - နိုဝင်ဘာ ၂၁

Power Rangers စူပါဟီးရိုးဇာတ်ကားများမှာ Green Ranger အဖြစ် လူသိများ ကျော်ကြားတဲ့ မင်းသား ဂျက်ဆန် ဒေးဗစ်ဖရန့် အသက် ၄၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

ဒီသတင်းကို ၎င်းရဲ့ကိုယ်စားလှယ် ဂျက်စတင်ဟန့် တနင်္ဂနွေနေ့ (နိုဝင်ဘာ ၂ဝ) မှာ ဖျော်ဖြေရေးဝဘ်ဆိုဒ် TMZ မှာ ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ သေဆုံးခဲ့ရတဲ့အကြောင်းအရင်းကိုတော့ ဖော်ပြထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဖရန့်ဟာ ၁၉၉၃ ခုနှစ်ကတည်းက Power Rangers ဇာတ်ကားမှာ တွန်မီအိုလီဗာ ဇာတ်ကောင်နေရာမှ ပါဝင်ခဲ့ပြီး franchise ရဲ့ အထင်ကရ သရုပ်ဆောင်များမှ တစ်ဦးဖြစ်လာခဲ့ပါတယ်။

ဖရန့်ဟာ သူ့ရဲ့ကိုယ်ခံပညာနဲ့ ရောနှောသရုပ်ဆောင်ရတဲ့ ဒီကာရိုက်တာကို ၂ဝ၁ဝ ခုနှစ်မှာ ပထမဆုံး ပရော်ဖက်ရှင် နယ် ပွဲဦးထွက်ခဲ့ပါတယ်။ “တစ်ခါက ရိန်းဂျားတစ်ယောက်ဟာ အမြဲတမ်း ရိန်းဂျားတစ်ယောက် ဖြစ်နေမှာပါ” လို့ Red Ranger အဖြစ် Mighty Morphin Power Rangers ဇာတ်ကားမှာ ဖရန့်နဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ အက်စတင်စိန့်ဂျွန် က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဇာတ်ကားစီးရီးမှာ ဖရန့်ရဲ့ ကာရိုက်တာ Green Ranger ရဲ့ ချစ်ခင်စိတ်ဝင်စားမှုခံရတဲ့ Pink Ranger အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကင်ဘာလီဟတ် ကလည်း ချစ်ရတဲ့ သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် နိုဝင်ဘာလ ၂၁ ရက်၊ တနင်္လာနေ့က သူမရဲ့ အင်စတာဂရမ်ပိုစ့်မှာ ဝမ်းနည်းကြောင်းဖော်ပြခဲ့ကာ စိန့်ဂျွန်၊ ဖရန့်နဲ့ ဂျွန်ဆင်တို့နဲ့အတူ Black Ranger အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဝေါတာဂျုံးစ်ကလည်း "ဖရန့် က ရှိုးတစ်ခုလုံးမှာ အပြောင်မြောက်ဆုံး ဟာသဥာဏ် ရှိသူတွေထဲက တစ်ယောက်ပါ” "ဒါက အလွန်လွမ်းဆွတ်ဖွယ်ရာပါပဲ" လို့ ပြောကြားပါတယ်။

Power Rangers စူပါဟီးရိုး ရုပ်သံစီးရီးဟာ ကမ္ဘာတစ်ဝန်း ကလေးရော လူကြီးပါ စွဲစွဲမြဲမြဲ ကြိုက်နှစ်သက်ခဲ့ရတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ ယင်းကြောင့် လူကြိုက်အများဆုံး ကာရိုက်တာတစ်ခုဖြစ်တဲ့ Green Ranger သရုပ်ဆောင် ဂျက်ဆန်ဒေးဗစ်ဖရန့် ကွယ်လွန်သွားခဲ့ခြင်းအတွက် ဆိုရှယ်မီဒီယာမှာ ဝမ်းနည်းပူဆွေးကြောင်း ဖော်ပြတဲ့စာလွှာတွေ အများအပြား မြင်တွေ့ခဲ့ရပါတယ်။

Zawgyi Version;
ပါဝါရိန္းဂ်ား မင္းသားဂ်က္ဆန္ေဒးဗစ္ဖရန္႔ အသက္ ၄၉ ႏွစ္အ႐ြယ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၁

Power Rangers စူပါဟီး႐ိုးဇာတ္ကားမ်ားမွာ Green Ranger အျဖစ္ လူသိမ်ား ေက်ာ္ၾကားတဲ့ မင္းသား ဂ်က္ဆန္ ေဒးဗစ္ဖရန္႔ အသက္ ၄၉ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ၿပီျဖစ္ပါတယ္။

ဒီသတင္းကို ၎ရဲ႕ကိုယ္စားလွယ္ ဂ်က္စတင္ဟန္႔ တနဂၤေႏြေန႔ (ႏိုဝင္ဘာ ၂ဝ) မွာ ေဖ်ာ္ေျဖေရးဝဘ္ဆိုဒ္ TMZ မွာ ေဖာ္ျပခဲ့ျခင္းျဖစ္ပါတယ္။ ေသဆုံးခဲ့ရတဲ့အေၾကာင္းအရင္းကိုေတာ့ ေဖာ္ျပထားျခင္း မရွိေသးဘူးလို႔ သိရပါတယ္။ ဖရန္႔ဟာ ၁၉၉၃ ခုႏွစ္ကတည္းက Power Rangers ဇာတ္ကားမွာ တြန္မီအိုလီဗာ ဇာတ္ေကာင္ေနရာမွ ပါဝင္ခဲ့ၿပီး franchise ရဲ႕ အထင္ကရ သ႐ုပ္ေဆာင္မ်ားမွ တစ္ဦးျဖစ္လာခဲ့ပါတယ္။

ဖရန္႔ဟာ သူ႔ရဲ႕ကိုယ္ခံပညာနဲ႔ ေရာေႏွာသ႐ုပ္ေဆာင္ရတဲ့ ဒီကာ႐ိုက္တာကို ၂ဝ၁ဝ ခုႏွစ္မွာ ပထမဆုံး ပေရာ္ဖက္ရွင္ နယ္ ပြဲဦးထြက္ခဲ့ပါတယ္။ “တစ္ခါက ရိန္းဂ်ားတစ္ေယာက္ဟာ အၿမဲတမ္း ရိန္းဂ်ားတစ္ေယာက္ ျဖစ္ေနမွာပါ” လို႔ Red Ranger အျဖစ္ Mighty Morphin Power Rangers ဇာတ္ကားမွာ ဖရန္႔နဲ႔အတူ သ႐ုပ္ေဆာင္ခဲ့တဲ့ အက္စတင္စိန္႔ဂြၽန္ က တြစ္တာမွာ ေရးသားခဲ့ပါတယ္။

ဇာတ္ကားစီးရီးမွာ ဖရန္႔ရဲ႕ ကာ႐ိုက္တာ Green Ranger ရဲ႕ ခ်စ္ခင္စိတ္ဝင္စားမႈခံရတဲ့ Pink Ranger အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ ကင္ဘာလီဟတ္ ကလည္း ခ်စ္ရတဲ့ သူငယ္ခ်င္းေကာင္းတစ္ေယာက္အျဖစ္ ႏိုဝင္ဘာလ ၂၁ ရက္၊ တနလၤာေန႔က သူမရဲ႕ အင္စတာဂရမ္ပိုစ့္မွာ ဝမ္းနည္းေၾကာင္း ေဖာ္ျပခဲ့ကာ စိန႔္ဂြၽန္၊ ဖရန႔္နဲ႔ ဂြၽန္ဆင္တို႔နဲ႔အတူ Black Ranger အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ ေဝါတာဂ်ဳံးစ္ကလည္း "ဖရန္႔ က ရႈိးတစ္ခုလုံးမွာ အေျပာင္ေျမာက္ဆုံး ဟာသဥာဏ္ ရွိသူေတြထဲက တစ္ေယာက္ပါ” "ဒါက အလြန္လြမ္းဆြတ္ဖြယ္ရာပါပဲ" လို႔ ေျပာၾကားပါတယ္။

Power Rangers စူပါဟီး႐ိုး ႐ုပ္သံစီးရီးဟာ ကမာၻတစ္ဝန္း ကေလးေရာ လူႀကီးပါ စြဲစြဲၿမဲၿမဲ ႀကိဳက္ႏွစ္သက္ခဲ့ရတဲ့ စီးရီးတစ္ခုျဖစ္ပါတယ္။ ယင္းေၾကာင့္ လူႀကိဳက္အမ်ားဆုံး ကာ႐ိုက္တာတစ္ခုျဖစ္တဲ့ Green Ranger သ႐ုပ္ေဆာင္ ဂ်က္ဆန္ေဒးဗစ္ဖရန္႔ ကြယ္လြန္သြားခဲ့ျခင္းအတြက္ ဆိုရွယ္မီဒီယာမွာ ဝမ္းနည္းပူေဆြးေၾကာင္း ေဖာ္ျပတဲ့စာလႊာ ေတြ အမ်ားအျပား ျမင္ေတြ႕ခဲ့ရပါတယ္။

Related news

© 2021. All rights reserved.