မြစ်ကြီးနားမြို့ရှိ အိမ်ဆောက်ပစ္စည်းဆိုင်နှင့် စားသောက်ဆိုင်တို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ (၂)ဦးသေဆုံးပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိ

 1067

NP News - နိုဝင်ဘာ ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ “ကျော်မေတ္တာ”အိမ်ဆောက်ပစ္စည်းဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ(၁၉)ရက်၊ ညနေ(၃)နာရီ (၄ဝ)မိနစ်အချိန်တွင် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက် သခင်နက်ဖေနှင့်ဘူတာ တိုက်တန်းလမ်းကြားဒေါင့်ရှိ ဦးရာဂျီး၏ “ကျော်မေတ္တာ”အိမ်ဆောက်ပစ္စည်းဆိုင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဆိုင်၏ အရှေ့မြောက်ဘက်သွပ်ပြားများနှင့် ဗွိုင်လာရေနွေးအိုးများထားသည့် နေရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဆိုင်အလုပ်သမားများဖြစ်သည့် ဦးအောင်ဇော်လင်း၊ မောင်ချစ်ဦးဝေနှင့် မနှင်းအိဝေတို့တွင် မိုင်းစထိမှန်ဒဏ် ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

ထို့ကြောင့် ၎င်းတို့အား ဆေးကုသရန် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ဦးအောင်ဇော်လင်းမှာ အခင်းဖြစ်စဉ်က ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက စိစစ်ခဲ့ရာ အဆိုပါနေ့ ညနေ(၃)နာရီခွဲအချိန်ခန့်တွင် အဆိုပါဆိုင်သို့ အကြမ်းဖက်သမား(၂)ဦးက ပလပ်စတစ်အမဲရောင်အိတ်ဖြင့် ထုပ်ထားသည့် အထုပ်တစ်ထုပ်အား ကိုင်ဆောင်ရောက်လာပြီး ၎င်းတို့ပြန်ထွက်သွားပြီး ခဏအကြာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

အလားတူ ညနေ(၃)နာရီခွဲအချိန်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ဧဒင်နယ် မြေတွင် ဖွင့်ထားသည့် “Shwe Family” စားသောက်ဆိုင်၏ အခန်းနံပါတ်(၆)အနီးရှိ အမှိုက်ပုံးအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဆိုင်ဝန်ထမ်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်မှာ ဆိုင်အတွင်းသို့ အကြမ်းဖက်သမား(၃)ဦးက ဆိုင်ကယ်(၂)စီးဖြင့် ရောက်လာပြီး အခန်းနံပါတ်(၆)တွင် စားစရာများမှာယူ စားသောက်၍ ငွေရှင်းပြီး ထွက်ခွာသွားချိန်တွင် ဆိုင်ဝန်ထမ်း မသဇင်ဦးက ၎င်းအခန်းအား သွားရောက်ရှင်း လင်းစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် လယ်ကုန်းရပ်ကွက်တွင် နေထိုင်သူ မသဇင်ဦးမှာ ခြေသလုံး၊ နံကြား၊ လက်ကောက်ဝတ်နှင့် ခြေမျက်စေ့တို့တွင် မိုင်းစဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့ကာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆိုထားသည်။

zawgyi version
ျမစ္ႀကီးနားၿမိဳ႕ရွိ အိမ္ေဆာက္ပစၥည္းဆိုင္ႏွင့္ စားေသာက္ဆိုင္တို႔တြင္ ေပါက္ကြဲမႈမ်ားျဖစ္ပြားခဲ့ရာ (၂)ဦးေသဆုံးၿပီး (၂)ဦးထိခိုက္ဒဏ္ရာရရွိ
NP News - ႏိုဝင္ဘာ ၂၁

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕နယ္ရွိ “ေက်ာ္ေမတၱာ”အိမ္ေဆာက္ပစၥည္းဆိုင္တြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၁၉)ရက္၊ ညေန(၃)နာရီ (၄ဝ)မိနစ္အခ်ိန္တြင္ ျမစ္ႀကီးနားၿမိဳ႕၊ ေအာင္နန္းရပ္ကြက္ သခင္နက္ေဖႏွင့္ဘူတာ တိုက္တန္းလမ္းၾကားေဒါင့္ရွိ ဦးရာဂ်ီး၏ “ေက်ာ္ေမတၱာ”အိမ္ေဆာက္ပစၥည္းဆိုင္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါဆိုင္၏ အေရွ႕ေျမာက္ဘက္သြပ္ျပားမ်ားႏွင့္ ဗြိဳင္လာေရေႏြးအိုးမ်ားထားသည့္ ေနရာမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ ဆိုင္အလုပ္သမားမ်ားျဖစ္သည့္ ဦးေအာင္ေဇာ္လင္း၊ ေမာင္ခ်စ္ဦးေဝႏွင့္ မႏွင္းအိေဝတို႔တြင္ မိုင္းစထိမွန္ဒဏ္ ရာမ်ားရရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

ထို႔ေၾကာင့္ ၎တို႔အား ေဆးကုသရန္ ျမစ္ႀကီးနားျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ ဦးေအာင္ေဇာ္လင္းမွာ အခင္းျဖစ္စဥ္က ရရွိထားသည့္ ဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္အား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စိစစ္ခဲ့ရာ အဆိုပါေန႔ ညေန(၃)နာရီခြဲအခ်ိန္ခန႔္တြင္ အဆိုပါဆိုင္သို႔ အၾကမ္းဖက္သမား(၂)ဦးက ပလပ္စတစ္အမဲေရာင္အိတ္ျဖင့္ ထုပ္ထားသည့္ အထုပ္တစ္ထုပ္အား ကိုင္ေဆာင္ေရာက္လာၿပီး ၎တို႔ျပန္ထြက္သြားၿပီး ခဏအၾကာတြင္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

အလားတူ ညေန(၃)နာရီခြဲအခ်ိန္တြင္ ျမစ္ႀကီးနားၿမိဳ႕၊ တပ္ကုန္းရပ္ကြက္၊ ဧဒင္နယ္ ေျမတြင္ ဖြင့္ထားသည့္ “Shwe Family” စားေသာက္ဆိုင္၏ အခန္းနံပါတ္(၆)အနီးရွိ အမႈိက္ပုံးအတြင္းမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ဆိုင္ဝန္ထမ္း အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ျပန္ထားသည္။

အဆိုပါျဖစ္စဥ္မွာ ဆိုင္အတြင္းသို႔ အၾကမ္းဖက္သမား(၃)ဦးက ဆိုင္ကယ္(၂)စီးျဖင့္ ေရာက္လာၿပီး အခန္းနံပါတ္(၆)တြင္ စားစရာမ်ားမွာယူ စားေသာက္၍ ေငြရွင္းၿပီး ထြက္ခြာသြားခ်ိန္တြင္ ဆိုင္ဝန္ထမ္း မသဇင္ဦးက ၎အခန္းအား သြားေရာက္ရွင္း လင္းစဥ္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေပါက္ကြဲမႈေၾကာင့္ လယ္ကုန္းရပ္ကြက္တြင္ ေနထိုင္သူ မသဇင္ဦးမွာ ေျခသလုံး၊ နံၾကား၊ လက္ေကာက္ဝတ္ႏွင့္ ေျခမ်က္ေစ့တို႔တြင္ မိုင္းစေဖာက္ဝင္ဒဏ္ရာမ်ား ရရွိခဲ့ကာ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ဆိုထားသည္။

Related news

© 2021. All rights reserved.