အင်ဒိုနီးရှား မြေငလျင်လှုပ်ခတ်မှုမှာ ထိခိုက်သေဆုံးဦးရေ ထပ်မံမြင့်တက်နိုင်ပြီး၊ နောက်ဆက်တွဲငလျင် အကြိမ် ၈ဝ ကျော် လှုပ်ခတ်နေသဖြင့် ကယ်ဆယ်ရေး ရှုတ်ထွေး

 445

Htay Oung (NP News) - နိုဝင်ဘာ ၂၂

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားမြို့တော်မှာ နိုဝင်ဘာလ ၂၂ ရက်၊ အင်္ဂါနေ့ မြေငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အပျက်အစီးများအောက်မှာ ပိတ်မိနေဆဲဖြစ်သူတွေကို ရှာဖွေဖို့ကယ်ဆယ်ရေးလုပ်သားတွေဟာ နောက်တစ်ရက်မှာလည်း အပြေးအလွှား ကြိုးစားနေကြပါတယ်။ ငလျင်ကြောင့် အနည်းဆုံး လူ ၁၆၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်များဖြစ်တယ်လို့ အနောက်ဂျာဗား အုပ်ချုပ်ရေးမှူးက ပြောပြကြောင်း Reuters က နိုဝင်ဘာလ ၂၂ ရက်က ရေးသားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ လူနေအထူထပ်ဆုံးပြည်နယ် တောင်တန်းဒေသရှိ စီယန်ဂျာမြို့အနီးကို ဗဟိုပြုပြီး ပြင်းအား ၅.၆ မဂ္ဂနီကျုဒ်အဆင့် မြေတိမ်ပိုင်း ငလျင်လှုပ်ခတ်ခဲ့ပါတယ်။ နိုဝင်ဘာလ ၂၁ ရက်၊ တနင်္လာနေ့ မွန်းလွဲပိုင်း လှုပ်ခတ်မှုကြောင့် အဆောက်အအုံများပြိုကျမှုပြီး အထိတ်တလန့်ဖြစ်နေကြတဲ့ဒေသခံများတွေဟာ လမ်းများပေါ် ကို ထွက်ပြေးခဲ့ကြရပါတယ်။

စီယန်ဂျာမြို့ ဆေးရုံဝင်းတစ်ခုလုံး ထိခိုက်ဒဏ်ရာရရှိသူများနဲ့ ညတွင်းချင်း ပြည့်နှက်သွားပြီး လူနာတချို့ကို ယာယီ တဲများနဲ့ ကုသပေးနေရပါတယ်။ ဆေးသွင်းပိုက်တန်းလန်းနဲ့ လူနာအချို့ကို လူသွားစင်္ကြန်ပေါ်မှာ တွေ့မြင်နေရပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်းများတွေဟာ လက်နှိပ်ဓါတ်မီးကို သုံးပြီး လူနာတွေဒဏ်ရာကို ချုပ်ပေးနေရတာတွေ လည်း ရှိနေတယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ဖို့ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာလ ၂၂ ရက်၊ အင်္ဂါနေ့ မနက်ပိုင်းမှာ ဖြန့်ချထားခဲ့ပါတယ်။ နိုဝင်ဘာလ ၂၁ ရက်၊ တနင်္လာနေ့ ငလျင်မှာ လူ ၃ဝဝ ကျော် ဒဏ်ရာရရှိခဲ့ပြီး သီးခြားနေရာများမှာ ပိတ်မိနေသူများ ရှိနေသေးကြောင်း သေဆုံးဒဏ်ရာရရှိသူဦးရေဟာ အချိန်နဲ့အမျှ တိုးမြှင့်လာ နိုင်တယ်လို့ အနောက်ဂျာဗား ပြည် နယ်အုပ်ချုပ်ရေးမှူးက သတိပေးပါတယ်။

လူပေါင်း ၆၂ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပေမယ့် နောက်ထပ် သေဆုံးသူ ၁ဝဝ ကို အတည်ပြုနိုင်ခြင်း မရှိ သေးကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် အေဂျင်စီ (BNPB) ထံမှ သိရှိရပါတယ်။

စီအူဂျင်နမ် ဧရိယာမှ ယခုအချိန်အထိ လူ ၂ဝ ကို ကယ်ထုတ်ပေးနိုင်ခဲ့ပြီး အများစုမှာ သေဆုံးသွားကြောင်း၊ ပျောက်ဆုံးနေသူ အတော်များများ ရှိနေတယ်လို့ မိသားစုဝင်တွေက သတင်းပေးပို့နေကြဆဲဖြစ်ကြောင်း စီရန်ဂျာ ရဲမှူးချုပ်က မက်ထရိုရုပ်သံကို ပြောပြပါတယ်။ ငလျင်ကြောင့် အဲဒီဧရိယာဟာ မြေပြိုမှုဖြစ်ပွားရာမှာ အဆိုးရွားဆုံး ဖြစ်ပါတယ်။ နေရာအချို့မှာ လျှပ်စစ်မီးများပြတ်တောက်နေပြီး နောက်ဆက်တွဲ ငလျှင် အကြိမ် ၈ဝ ကျော် လှုပ်ခတ် နေတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရှုတ်ထွေးနေရပါတယ်။

မြေအနက် ၆.၂ မိုင်ကို ဗဟိုပြုတဲ့ငလျင်ဟာ ၄၅ မိုင်ကျော်ကွာဝေးတဲ့ မြို့တော်ဂျကာတာအထိ သိသိသာသာ ခံစားခဲ့ရပါတယ်။ အနည်းဆုံး အိမ်ခြေပေါင်း ၂၂ဝဝ ပျက်စီးကာ လူ ၅ဝဝဝ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း BNPB က ပြောပါတယ်။

"မီးစက်ကွင်း" လို့ ခေါ်တဲ့ ငလျင်လှုပ်ခတ်မှုပြင်းထန်ဇုန်ကို ခွလျှက်တည်ရှိုပြီး ကမ္ဘာမြေအပေါ်ယံလွှာရဲ့ခြားနားတဲ့မြေလွှာများ ဆုံဆည်းရာနေရာရှိ အင်ဒိုနီးရှားနိုင်ငံဟာ သမိုင်းတစ်လျှောက်လုံး ပြင်းထန်တဲ့မြေငလျင်များ အကြိမ်ကြိမ် လှုပ်ခတ်ခဲ့ပါတယ်။

၂ဝဝ၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း ဆူမတြားကျွန်းအနီးမှာ ပြင်းအား ၉.၁ မဂ္ဂနီကျု့ဒ်အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့တုန်းက နိုင်ငံပေါင်း ၁၄ နိုင်ငံမှာ ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ လူပေါင်း ၂၂၆ဝဝဝ ခန့် သေဆုံးခဲ့ရာမှာ အရေအတွက် ထက်ဝက်ကျော်မှာ အင်ဒိုနီးရှားနိုင်ငံမှ ဖြစ်ပါတယ်။

#အင်ဒိုနီးရှား_မြေငလျှင်_သေဆုံးသူ_၁၆၂-ဦးထက်_မနည်းဖြစ်လာ

(Reuters., 22 November 22 2022,” Indonesian rescue workers race to find victims trapped by deadly quake” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အင္ဒိုနီးရွား ေျမငလ်င္လႈပ္ခတ္မႈမွာ ထိခိုက္ေသဆုံးဦးေရ ထပ္မံျမင့္တက္ႏိုင္ၿပီး၊ ေနာက္ဆက္တြဲငလ်င္ အႀကိမ္ ၈ဝ ေက်ာ္ လႈပ္ခတ္ေနသျဖင့္ ကယ္ဆယ္ေရးရႈတ္ေထြး
Htay Oung (NP News) - ႏိုဝင္ဘာ ၂၂

အင္ဒိုနီးရွားႏိုင္ငံ အေနာက္ဂ်ာဗားၿမိဳ႕ေတာ္မွာ ႏိုဝင္ဘာလ ၂၂ ရက္၊ အဂၤါေန႔ ေျမငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ အပ်က္အစီးမ်ားေအာက္မွာ ပိတ္မိေနဆဲျဖစ္သူေတြကို ရွာေဖြဖို႔ကယ္ဆယ္ေရးလုပ္သားေတြဟာ ေနာက္တစ္ရက္မွာလည္း အေျပးအလႊား ႀကိဳးစားေနၾကပါတယ္။ ငလ်င္ေၾကာင့္ အနည္းဆုံး လူ ၁၆၂ ဦးထက္မနည္းေသဆုံးခဲ့ၿပီး အမ်ားစုမွာ ကေလးငယ္မ်ားျဖစ္တယ္လို႔ အေနာက္ဂ်ာဗား အုပ္ခ်ဳပ္ေရးမႉးက ေျပာျပေၾကာင္း Reuters က ႏိုဝင္ဘာလ ၂၂ ရက္က ေရးသားပါတယ္။

အင္ဒိုနီးရွားႏိုင္ငံမွာ လူေနအထူထပ္ဆုံးျပည္နယ္ ေတာင္တန္းေဒသရွိ စီယန္ဂ်ာၿမိဳ႕အနီးကို ဗဟိုျပဳၿပီး ျပင္းအား ၅.၆ မဂၢနီက်ဳဒ္အဆင့္ ေျမတိမ္ပိုင္း ငလ်င္လႈပ္ခတ္ခဲ့ပါတယ္။ ႏိုဝင္ဘာလ ၂၁ ရက္၊ တနလၤာေန႔ မြန္းလြဲပိုင္း လႈပ္ခတ္မႈေၾကာင့္ အေဆာက္အအုံမ်ားၿပိဳက်မႈၿပီး အထိတ္တလန႔္ျဖစ္ေနၾကတဲ့ေဒသခံမ်ားေတြဟာ လမ္းမ်ားေပၚ ကို ထြက္ေျပးခဲ့ၾကရပါတယ္။

စီယန္ဂ်ာၿမိဳ႕ ေဆး႐ုံဝင္းတစ္ခုလုံး ထိခိုက္ဒဏ္ရာရရွိသူမ်ားနဲ႔ ညတြင္းခ်င္း ျပည့္ႏွက္သြားၿပီး လူနာတခ်ိဳ႕ကို ယာယီ တဲမ်ားနဲ႔ ကုသေပးေနရပါတယ္။ ေဆးသြင္းပိုက္တန္းလန္းနဲ႔ လူနာအခ်ိဳ႕ကို လူသြားစၾကၤန္ေပၚမွာ ေတြ႕ျမင္ေနရၿပီး ေဆးဘက္ဆိုင္ရာဝန္ထမ္းမ်ားေတြဟာ လက္ႏွိပ္ဓါတ္မီးကို သုံးၿပီး လူနာေတြဒဏ္ရာကို ခ်ဳပ္ေပးေနရတာေတြ လည္း ရွိေနတယ္လို႔ သိရပါတယ္။

ကယ္ဆယ္ေရးလုပ္ငန္းေတြမွာ ကူညီေဆာင္႐ြက္ဖို႔ ရာနဲ႔ခ်ီတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကို ႏိုဝင္ဘာလ ၂၂ ရက္၊ အဂၤါေန႔ မနက္ပိုင္းမွာ ျဖန႔္ခ်ထားခဲ့ပါတယ္။ ႏိုဝင္ဘာလ ၂၁ ရက္၊ တနလၤာေန႔ ငလ်င္မွာ လူ ၃ဝဝ ေက်ာ္ ဒဏ္ရာရရွိခဲ့ၿပီး သီးျခားေနရာမ်ားမွာ ပိတ္မိေနသူမ်ား ရွိေနေသးေၾကာင္း ေသဆုံးဒဏ္ရာရရွိသူဦးေရဟာ အခ်ိန္နဲ႔အမွ် တိုးျမႇင့္လာ ႏိုင္တယ္လို႔ အေနာက္ဂ်ာဗား ျပည္ နယ္အုပ္ခ်ဳပ္ေရးမႉးက သတိေပးပါတယ္။

လူေပါင္း ၆၂ ဦး ေသဆုံးေၾကာင္း အတည္ျပဳႏိုင္ခဲ့ေပမယ့္ ေနာက္ထပ္ ေသဆုံးသူ ၁ဝဝ ကို အတည္ျပဳႏိုင္ျခင္း မရွိ ေသးေၾကာင္း အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ ေအဂ်င္စီ (BNPB) ထံမွ သိရွိရပါတယ္။

စီအူဂ်င္နမ္ ဧရိယာမွ ယခုအခ်ိန္အထိ လူ ၂ဝ ကို ကယ္ထုတ္ေပးႏိုင္ခဲ့ၿပီး အမ်ားစုမွာ ေသဆုံးသြားေၾကာင္း၊ ေပ်ာက္ဆုံးေနသူ အေတာ္မ်ားမ်ား ရွိေနတယ္လို႔ မိသားစုဝင္ေတြက သတင္းေပးပို႔ေနၾကဆဲျဖစ္ေၾကာင္း စီရန္ဂ်ာ ရဲမႉးခ်ဳပ္က မက္ထ႐ို႐ုပ္သံကို ေျပာျပပါတယ္။ ငလ်င္ေၾကာင့္ အဲဒီဧရိယာဟာ ေျမၿပိဳမႈျဖစ္ပြားရာမွာ အဆိုး႐ြားဆုံး ျဖစ္ပါတယ္။ ေနရာအခ်ိဳ႕မွာ လွ်ပ္စစ္မီးမ်ားျပတ္ေတာက္ေနၿပီး ေနာက္ဆက္တြဲ ငလွ်င္ အႀကိမ္ ၈ဝ ေက်ာ္ လႈပ္ခတ္ ေနတာေၾကာင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ရႈတ္ေထြးေနရပါတယ္။

ေျမအနက္ ၆.၂ မိုင္ကို ဗဟိုျပဳတဲ့ငလ်င္ဟာ ၄၅ မိုင္ေက်ာ္ကြာေဝးတဲ့ ၿမိဳ႕ေတာ္ဂ်ကာတာအထိ သိသိသာသာ ခံစားခဲ့ရပါတယ္။ အနည္းဆုံး အိမ္ေျခေပါင္း ၂၂ဝဝ ပ်က္စီးကာ လူ ၅ဝဝဝ ေက်ာ္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရေၾကာင္း BNPB က ေျပာပါတယ္။

"မီးစက္ကြင္း" လို႔ ေခၚတဲ့ ငလ်င္လႈပ္ခတ္မႈျပင္းထန္ဇုန္ကို ခြလွ်က္တည္ရႈိၿပီး ကမာၻေျမအေပၚယံလႊာရဲ႕ျခားနားတဲ့ေျမလႊာမ်ား ဆုံဆည္းရာေနရာရွိ အင္ဒိုနီးရွားႏိုင္ငံဟာ သမိုင္းတစ္ေလွ်ာက္လုံး ျပင္းထန္တဲ့ေျမငလ်င္မ်ား အႀကိမ္ႀကိမ္ လႈပ္ခတ္ခဲ့ပါတယ္။

၂ဝဝ၄ ခုႏွစ္ အင္ဒိုနီးရွားႏိုင္ငံေျမာက္ပိုင္း ဆူမၾတားကြၽန္းအနီးမွာ ျပင္းအား ၉.၁ မဂၢနီက်ဳ႕ဒ္အဆင့္ရွိ ေျမငလ်င္ လႈပ္ခတ္ခဲ့တုန္းက ႏိုင္ငံေပါင္း ၁၄ ႏိုင္ငံမွာ ဆူနာမီေရလႈိင္းမ်ား ျဖစ္ေပၚခဲ့ပါတယ္။ လူေပါင္း ၂၂၆ဝဝဝ ခန႔္ ေသဆုံးခဲ့ရာမွာ အေရအတြက္ ထက္ဝက္ေက်ာ္မွာ အင္ဒိုနီးရွားႏိုင္ငံမွ ျဖစ္ပါတယ္။

#အင္ဒိုနီးရွား_ေျမငလွ်င္_ေသဆုံးသူ_၁၆၂-ဦးထက္_မနည္းျဖစ္လာ

(Reuters., 22 November 22 2022,” Indonesian rescue workers race to find victims trapped by deadly quake” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.