တရုတ်နိုင်ငံရှိ စက်ရုံတစ်ရုံတွင် မီးလောင်မှုကြောင့် အနည်းဆုံးလူ(၃၆)ဦး သေဆုံး

 406

Pika (NP News) - နိုဝင်ဘာ ၂၂

တရုတ်နိုင်ငံအလယ်ပိုင်းရှိ စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားပြီးနောက် လူ(၃၆)ဦးသေဆုံးပြီး (၂)ဦးမှာ ပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက နိုဝင်ဘာ(၂၂)ရက်နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ် အန်ယန်းမြို့ရှိ စက်ရုံတစ်ရုံတွင် နိုဝင်ဘာ(၂၁)ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပြီး အဆိုပါမီးလောင်မှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြခြင်းမျိုးမရှိကြောင်းလည်း သိရသည်။

မီးသတ်နှင့်ကယ်ဆယ်ရေးလုပ်ငန်းများသည် ညနေ (၄) နာရီ (၂၂) မိနစ်တွင် မီးလောင်မှုဖြစ်ပွားသည်ဆိုသည့် သတင်းကို ရရှိခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။

မီးသတ်ဌာနသည် မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်ကား(၆၃)စီးကို စေလွှတ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများ က ဖော်ပြခဲ့သည်။ မီးသတ်ဌာနက "မီးလောင်နေတဲ့သတိပေးချက်ရရှိပြီးနောက် မြို့နယ်မီးသတ်ကယ်ဆယ်ရေး အဖွဲ့မှ တပ်ဖွဲ့ဝင်တွေကို အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းပို့ဆောင်ခဲ့ပါတယ်။ ပြည်သူ့လုံခြုံရေးအဖွဲ့၊ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် လျှပ်စစ်ဓာတ်အားပေးရေးဌာနတို့ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားခဲ့ကြပါတယ်" ဟု ပြောဆိုခဲ့သည်။

အဆိုပါ စက်ရုံမီးလောင်မှုကို ည(၁၁)နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အဆိုပါစက်ရုံမီးလောင်မှုနှင့်ပတ်သက်ပြီး ရာဇ၀တ်မှုကျူးလွန်သူဟု သံသယရှိသူကို ဖမ်းဆီးထားကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမျိုး မရှိသေးကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံတွင် လုံခြုံရေးစံနှုန်းများ အားနည်းခြင်းနှင့် လုံခြုံရေးနည်းလမ်းကို လိုက်နာရန် တာဝန်ပေးထားသော အရာရှိများကြားတွင် အကျင့်ပျက်ခြစားမှုများရှိခြင်းကြောင့် စက်ရုံများတွင် မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်းလည်း သိရသည်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံရွိ စက္႐ုံတစ္႐ုံတြင္ မီးေလာင္မႈေၾကာင့္ အနည္းဆုံးလူ(၃၆)ဦး ေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၂၂

တ႐ုတ္ႏိုင္ငံအလယ္ပိုင္းရွိ စက္႐ုံတစ္႐ုံတြင္ မီးေလာင္မႈျဖစ္ပြားၿပီးေနာက္ လူ(၃၆)ဦးေသဆုံးၿပီး (၂)ဦးမွာ ေပ်ာက္ဆုံးေနေၾကာင္း ေဒသဆိုင္ရာအာဏာပိုင္မ်ားက ႏိုဝင္ဘာ(၂၂)ရက္ေန႔တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

တ႐ုတ္ႏိုင္ငံအလယ္ပိုင္း ဟီနန္ျပည္နယ္ အန္ယန္းၿမိဳ႕ရွိ စက္႐ုံတစ္႐ုံတြင္ ႏိုဝင္ဘာ(၂၁)ရက္ မြန္းလြဲပိုင္းက မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း Xinhua သတင္းဌာနက ေဖာ္ျပခဲ့ၿပီး အဆိုပါမီးေလာင္မႈႏွင့္ပတ္သက္သည့္ အေသးစိတ္အခ်က္အလက္မ်ားကို ေဖာ္ျပျခင္းမ်ိဳးမရွိေၾကာင္းလည္း သိရသည္။

မီးသတ္ႏွင့္ကယ္ဆယ္ေရးလုပ္ငန္းမ်ားသည္ ညေန (၄) နာရီ (၂၂) မိနစ္တြင္ မီးေလာင္မႈျဖစ္ပြားသည္ဆိုသည့္ သတင္းကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္း ႏိုင္ငံပိုင္မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

မီးသတ္ဌာနသည္ မီးေလာင္မႈျဖစ္ပြားရာေနရာသို႔ မီးသတ္ကား(၆၃)စီးကို ေစလႊတ္ခဲ့ေၾကာင္း ျပည္တြင္းမီဒီယာမ်ား က ေဖာ္ျပခဲ့သည္။ မီးသတ္ဌာနက "မီးေလာင္ေနတဲ့သတိေပးခ်က္ရရွိၿပီးေနာက္ ၿမိဳ႕နယ္မီးသတ္ကယ္ဆယ္ေရး အဖြဲ႕မွ တပ္ဖြဲ႕ဝင္ေတြကို အခင္းျဖစ္ပြားရာေနရာကို ခ်က္ခ်င္းပို႔ေဆာင္ခဲ့ပါတယ္။ ျပည္သူ႔လုံၿခဳံေရးအဖြဲ႕၊ အေရးေပၚ တုံ႔ျပန္ေရးအဖြဲ႕၊ စည္ပင္သာယာေရးအဖြဲ႕ႏွင့္ လွ်ပ္စစ္ဓာတ္အားေပးေရးဌာနတို႔ဟာ ကယ္ဆယ္ေရးလုပ္ငန္းေတြ ေဆာင္႐ြက္ဖို႔အတြက္ အခင္းျဖစ္ပြားရာေနရာသို႔ ခ်က္ခ်င္းသြားခဲ့ၾကပါတယ္" ဟု ေျပာဆိုခဲ့သည္။

အဆိုပါ စက္႐ုံမီးေလာင္မႈကို ည(၁၁)နာရီခန႔္တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။ အဆိုပါစက္႐ုံမီးေလာင္မႈႏွင့္ပတ္သက္ၿပီး ရာဇ၀တ္မႈက်ဴးလြန္သူဟု သံသယရွိသူကို ဖမ္းဆီးထားေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာၾကားျခင္းမ်ိဳး မရွိေသးေၾကာင္းလည္း သိရသည္။

တ႐ုတ္ႏိုင္ငံတြင္ လုံၿခဳံေရးစံႏႈန္းမ်ား အားနည္းျခင္းႏွင့္ လုံၿခဳံေရးနည္းလမ္းကို လိုက္နာရန္ တာဝန္ေပးထားေသာ အရာရွိမ်ားၾကားတြင္ အက်င့္ပ်က္ျခစားမႈမ်ားရွိျခင္းေၾကာင့္ စက္႐ုံမ်ားတြင္ မေတာ္တဆမႈမ်ား မၾကာခဏျဖစ္ပြားေလ့ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.