ခရိုင်းမီးယားကျွန်းဆွယ်တွင် ဒရုန်းဖြင့်တိုက်ခိုက်မှုများရှိခဲ့ပြီးနောက် ရုရှားတပ်ဖွဲ့ဝင်များကို တပ်လှန့်ခြင်းများ ပြုလုပ်ထားဟုဆို

 837

Pika (NP News) - နိုဝင်ဘာ ၂၃

ရုရှားသိမ်းပိုက်ထားသော ခရိုင်းမီးယားကျွန်းဆွယ်ကို နိုဝင်ဘာ(၂၂)ရက်တွင် ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက် ခြင်းကိုခံခဲ့ရသောကြောင့် ခရိုင်းမီးယားကျွန်းဆွယ်ရှိ ရုရှားတပ်ဖွဲ့များကို တပ်လှန့်ထားကြောင်း ရုရှားအာဏာပိုင် များက ပြောကြားခဲ့သည်။

ခရိုင်းမီးယားကျွန်းဆွယ်ရှိ ဆီဗာစတိုပိုမြို့ အုပ်ချုပ်ရေးမှူး မီခေးလ်ရက်ဇ်ဗိုဇာရက်ဗ်က "ခရိုင်းမီးယားကျွန်းဆွယ် ကို ဒရုန်းနဲ့တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေ စတင်လုပ်ဆောင်နေ ပြီဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ ဒရုန်းတွေထဲက နှစ်စင်းကို ပစ်ချနိုင်ခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။

အဆိုပါ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းများရှိခဲ့သော်လည်း အရပ်ဖက်အခြေခံအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ ခြင်းမရှိကြောင်း ဒေသခံများကို စိတ်အေးအေးထားရန် တိုက်တွန်းခဲ့ကြောင်း ဆီဗာစတိုပိုမြို့ အုပ်ချုပ်ရေးမှူး မီခေးလ်ရက်ဇ်ဗိုဇာရက်ဗ် က ထပ်မံပြောကြားခဲ့သည်။

ရုရှားတပ်ဖွဲ့များသည် (၂ဝ၁၄) ခုနှစ်တွင် ယူကရိန်းထိန်းချုပ်ထားသော ခရိုင်းမီးယားကျွန်းဆွယ်ဒေသကို စတင် သိမ်းယူခဲ့ကြောင်းလည်း သိရသည်။ ရုရှားသည် ယူကရိန်းကိုတိုက်ခိုက်ရာတွင် ခရိုင်းမီးယားကျွန်းဆွယ်ဒေသကို စစ်လက်နက်ပစ္စည်းများအဓိကထောက်ပံ့ပို့ဆောင်သည့် စစ်အခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးပြုလျက်ရှိနေ ကြောင်းလည်း သိရသည်။

ယူကရိန်းတပ်ဖွဲ့များသည် မကြာသေးမီလများအတွင်း ခရိုင်းမီးယားဒေသကို ဦးတည်သည့် တန်ပြန်ထိုးစစ် ဆင်ခြင်းများပြုလုပ်ခဲ့ပြီး ယခုလအစောပိုင်းကလည်း ခရိုင်းမီးယားကျွန်းဆွယ်နှင့်ထိစပ်နေသော ခါဆွန်မြို့ကို ပြန်လည်သိမ်းယူခဲ့ကြောင်းလည်းသိရသည်။ အောက်တိုဘာလတွင် ဆီဗာစတိုပိုမြို့တွင်ရှိသော ရုရှားရေတပ် ဆိပ်ကမ်းကို ဒရုန်းဖြင့်တိုက်ခိုက်ခြင်းများအပါအဝင် ယူကရိန်းကိုတိုက်ခိုက်ခဲ့သည့် ဖေဖော်ဝါရီလကတည်းက ခရိုင်းမီးယားရှိ ရုရှားစစ်စခန်းများအနီးတွင် ပေါက်ကွဲမှုများစွာဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

အာဏာပိုင်များသည် ခရိုင်းမီးယားကျွန်းဆွယ်တွင် စစ်အင်အား ပိုမိုတောင့်တင်းအောင်လုပ်ဆောင်နေကြောင်း ခရိုင်းမီးယားဒေသ အုပ်ချုပ်ရေးမှူး ဆာဂေးအက်စ်ရိုနော့ဗ်က ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ပြန်ပြောကြားခဲ့ သည်။ ခရိုင်းမီးယားဒေသ အုပ်ချုပ်ရေးမှူး ဆာဂေးအက်စ်ရိုနော့ဗ်က "ခရိုင်းမီးယားဒေသမှာရှိတဲ့ ဒေသခံအားလုံး ရဲ့လုံခြုံရေးကို အာမခံချက်ပေးဖို့အတွက် လုံခြုံရေးကိုတိုးမြှင့်လုပ်ဆောင်နေပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
ခ႐ိုင္းမီးယားကြၽန္းဆြယ္တြင္ ဒ႐ုန္းျဖင့္တိုက္ခိုက္မႈမ်ားရွိခဲ့ၿပီးေနာက္ ႐ုရွားတပ္ဖြဲ႕ဝင္မ်ားကို တပ္လွန႔္ျခင္းမ်ား ျပဳလုပ္ထားဟု ဆို
Pika (NP News) - ႏိုဝင္ဘာ ၂၃

႐ုရွားသိမ္းပိုက္ထားေသာ ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ႏိုဝင္ဘာ(၂၂)ရက္တြင္ ဒ႐ုန္းမ်ားျဖင့္ ပစ္မွတ္ထားတိုက္ခိုက္ ျခင္းကိုခံခဲ့ရေသာေၾကာင့္ ခ႐ိုင္းမီးယားကြၽန္းဆြယ္ရွိ ႐ုရွားတပ္ဖြဲ႕မ်ားကို တပ္လွန႔္ထားေၾကာင္း ႐ုရွားအာဏာပိုင္ မ်ားက ေျပာၾကားခဲ့သည္။

ခ႐ိုင္းမီးယားကြၽန္းဆြယ္ရွိ ဆီဗာစတိုပိုၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉး မီေခးလ္ရက္ဇ္ဗိုဇာရက္ဗ္က "ခ႐ိုင္းမီးယားကြၽန္းဆြယ္ ကို ဒ႐ုန္းနဲ႔တိုက္ခိုက္မႈေတြ ရွိခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ေလေၾကာင္းကာကြယ္ေရးစနစ္ေတြ စတင္လုပ္ေဆာင္ေန ၿပီျဖစ္ပါတယ္။ တိုက္ခိုက္မႈေတြလုပ္ခဲ့တဲ့ ဒ႐ုန္းေတြထဲက ႏွစ္စင္းကို ပစ္ခ်ႏိုင္ခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။

အဆိုပါ ဒ႐ုန္းမ်ားျဖင့္ တိုက္ခိုက္ျခင္းမ်ားရွိခဲ့ေသာ္လည္း အရပ္ဖက္အေျခခံအေဆာက္အဦးမ်ား ထိခိုက္ပ်က္စီးခဲ့ ျခင္းမရွိေၾကာင္း ေဒသခံမ်ားကို စိတ္ေအးေအးထားရန္ တိုက္တြန္းခဲ့ေၾကာင္း ဆီဗာစတိုပိုၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉး မီေခးလ္ရက္ဇ္ဗိုဇာရက္ဗ္ က ထပ္မံေျပာၾကားခဲ့သည္။

႐ုရွားတပ္ဖြဲ႕မ်ားသည္ (၂ဝ၁၄) ခုႏွစ္တြင္ ယူကရိန္းထိန္းခ်ဳပ္ထားေသာ ခ႐ိုင္းမီးယားကြၽန္းဆြယ္ေဒသကို စတင္ သိမ္းယူခဲ့ေၾကာင္းလည္း သိရသည္။ ႐ုရွားသည္ ယူကရိန္းကိုတိုက္ခိုက္ရာတြင္ ခ႐ိုင္းမီးယားကြၽန္းဆြယ္ေဒသကို စစ္လက္နက္ပစၥည္းမ်ားအဓိကေထာက္ပံ့ပို႔ေဆာင္သည့္ စစ္အေျခစိုက္စခန္းတစ္ခုအျဖစ္ အသုံးျပဳလ်က္ရွိေန ေၾကာင္းလည္း သိရသည္။

ယူကရိန္းတပ္ဖြဲ႕မ်ားသည္ မၾကာေသးမီလမ်ားအတြင္း ခ႐ိုင္းမီးယားေဒသကို ဦးတည္သည့္ တန္ျပန္ထိုးစစ္ ဆင္ျခင္းမ်ားျပဳလုပ္ခဲ့ၿပီး ယခုလအေစာပိုင္းကလည္း ခ႐ိုင္းမီးယားကြၽန္းဆြယ္ႏွင့္ထိစပ္ေနေသာ ခါဆြန္ၿမိဳ႕ကို ျပန္လည္သိမ္းယူခဲ့ေၾကာင္းလည္းသိရသည္။ ေအာက္တိုဘာလတြင္ ဆီဗာစတိုပိုၿမိဳ႕တြင္ရွိေသာ ႐ုရွားေရတပ္ ဆိပ္ကမ္းကို ဒ႐ုန္းျဖင့္တိုက္ခိုက္ျခင္းမ်ားအပါအဝင္ ယူကရိန္းကိုတိုက္ခိုက္ခဲ့သည့္ ေဖေဖာ္ဝါရီလကတည္းက ခ႐ိုင္းမီးယားရွိ ႐ုရွားစစ္စခန္းမ်ားအနီးတြင္ ေပါက္ကြဲမႈမ်ားစြာျဖစ္ပြားခဲ့ေၾကာင္းလည္း သိရသည္။

အာဏာပိုင္မ်ားသည္ ခ႐ိုင္းမီးယားကြၽန္းဆြယ္တြင္ စစ္အင္အား ပိုမိုေတာင့္တင္းေအာင္လုပ္ေဆာင္ေနေၾကာင္း ခ႐ိုင္းမီးယားေဒသ အုပ္ခ်ဳပ္ေရးမႉး ဆာေဂးအက္စ္႐ိုေနာ့ဗ္က ၿပီးခဲ့သည့္သီတင္းပတ္တြင္ ထုတ္ျပန္ေျပာၾကားခဲ့ သည္။ ခ႐ိုင္းမီးယားေဒသ အုပ္ခ်ဳပ္ေရးမႉး ဆာေဂးအက္စ္႐ိုေနာ့ဗ္က "ခ႐ိုင္းမီးယားေဒသမွာရွိတဲ့ ေဒသခံအားလုံး ရဲ႕လုံၿခဳံေရးကို အာမခံခ်က္ေပးဖို႔အတြက္ လုံၿခဳံေရးကိုတိုးျမႇင့္လုပ္ေဆာင္ေနပါတယ္" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.