မလေးရှားတော်ဝင်နန်းတော်ရဲ့ကြားဝင်ဆောင်ရွက်မှုကြောင့် ဝန်ကြီးချုပ်အသစ်ခန့်အပ်ရေးအခက်အခဲဖြေရှင်းနိုင်ပြီး အတိုက်ခံပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်အသစ်အဖြစ်ခန့်အပ်

 531

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၄

မလေးရှားဘုရင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အတိုက်ခံပါတီခေါင်းဆောင် အန်ဝါအီဘရာဟင်ကို မလေးရှားအစိုးရအဖွဲ့ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ခန့်အပ်လိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ နိုဝင်ဘာ ၁၉ ရက်နေ့က ရွေးကောက်ပွဲကျင်းပခဲ့ပြီး ရလဒ်များထွက်ပေါ်ခဲ့ပေမယ့် ငါးရက်ကြာချိန်အထိ အစိုးရအသစ်နှင့် ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ခန့်အပ်နိုင်ခြင်းမရှိခဲ့ဘဲ အစိုးရအသစ် ထပ်မံဖွဲ့စည်းနိုင်ဖို့ အခက်အခဲဖြစ်လျက်ရှိနေတယ်လို့ သိရပါတယ်။

မလေးရှားတော်ဝင်နန်းတော်က "မလေးရှားနိုင်ငံ ဘုရင့်နန်းတော်ရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဟာ ဝန်ကြီးချုပ် အသစ်ရွေးချယ်ခန့်ထားရေးအတွက် သုံးသပ်ပြီးနောက် အီဘရာဟင် ကို မလေးရှားနိုင်ငံရဲ့ ၁ဝ ဦးမြောက် ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ဖို့ ရွေးချယ်ခဲ့တယ်" လို့ သတင်းထုတ်ပြန်ထားပါတယ်။

မလေးရှားရွေးကောက်ပွဲမှာ အစိုးရသစ်ဖွဲ့စည်းနိုင်ဖို့ ပါတီတစ်ခုဟာ အောက်လွှတ်တော်မှာ အနည်းဆုံး လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၁၂ဝ ကျော်ရှိဖို့ လိုအပ်ပေမယ့် မကြာသေးမီက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါတီတွေဟာ အဆိုပါသတ်မှတ်ချက်ကို ပြည့်မီခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ပါတီတွေဟာ မဟာမိတ်ညွှန်ပေါင်းဖွဲ့စည်းပြီး အစိုးရအသစ်ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းရမှာဖြစ်ပေမယ့် အနိုင်ရတဲ့ပါတီတွေဟာ အစိုးရအသစ်ဖွဲ့စည်းနိုင်ဖို့ ညွှန်ပေါင်းအစိုးရအဖွဲ့ဖွဲ့ဖို့ သဘောတူညီခြင်းမရှိခဲ့ရာ အစိုးရအသစ်ဖွဲ့စည်းနိုင်ဖို့နဲ့ ရွေးကောက်ပွဲအခက်အခဲတွေ ဖြစ်လျက်ရှိနေခဲ့တယ်လို့ သိရပါတယ်။

ထို့အတွက်ကြောင့် မလေးရှားဘုရင့် နဲ့ တော်ဝင်ဘုရင်နန်းတော် အမြင့်ဆုံးအာာဏာပိုင်အဖွဲ့ဟာ အစိုးရအသစ်ဖွဲ့စည်းနိုင်ဖို့ နဲ့ ဝန်ကြီးချုပ်အသစ်ရွေးချယ်ရေးကို ကြားဝင်ဆောင်ရွက်ခဲ့ကြောင်း၊ မလေးရှားဘုရင့်ဦးဆောင်တဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ပါတီတွေကို သုံးသပ်ခဲ့ပြီးနောက် အတိုက်ခံပါတီခေါင်းဆောင် အန်ဝါအီဘရာဟင်ကို ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
မေလးရွားေတာ္ဝင္နန္းေတာ္ရဲ႕ၾကားဝင္ေဆာင္႐ြက္မႈေၾကာင့္ ဝန္ႀကီးခ်ဳပ္အသစ္ခန႔္အပ္ေရးအခက္အခဲေျဖရွင္းႏိုင္ၿပီး အတိုက္ခံပါတီေခါင္းေဆာင္ကို ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ခန႔္အပ္
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၄

မေလးရွားဘုရင္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့တဲ့ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့ အတိုက္ခံပါတီေခါင္းေဆာင္ အန္ဝါအီဘရာဟင္ကို မေလးရွားအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္လိုက္ပါတယ္။

မေလးရွားႏိုင္ငံမွာ ႏိုဝင္ဘာ ၁၉ ရက္ေန႔က ေ႐ြးေကာက္ပြဲက်င္းပခဲ့ၿပီး ရလဒ္မ်ားထြက္ေပၚခဲ့ေပမယ့္ ငါးရက္ၾကာခ်ိန္အထိ အစိုးရအသစ္ႏွင့္ ဝန္ႀကီးခ်ဳပ္အသစ္ကို ေ႐ြးခ်ယ္ခန႔္အပ္ႏိုင္ျခင္းမရွိခဲ့ဘဲ အစိုးရအသစ္ ထပ္မံဖြဲ႕စည္းႏိုင္ဖို႔ အခက္အခဲျဖစ္လ်က္ရွိေနတယ္လို႔ သိရပါတယ္။

မေလးရွားေတာ္ဝင္နန္းေတာ္က "မေလးရွားႏိုင္ငံ ဘုရင့္နန္းေတာ္ရဲ႕ အျမင့္ဆုံးအာဏာပိုင္အဖြဲ႕ဟာ ဝန္ႀကီးခ်ဳပ္ အသစ္ေ႐ြးခ်ယ္ခန႔္ထားေရးအတြက္ သုံးသပ္ၿပီးေနာက္ အီဘရာဟင္ ကို မေလးရွားႏိုင္ငံရဲ႕ ၁ဝ ဦးေျမာက္ ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ခန႔္အပ္ဖို႔ ေ႐ြးခ်ယ္ခဲ့တယ္" လို႔ သတင္းထုတ္ျပန္ထားပါတယ္။

မေလးရွားေ႐ြးေကာက္ပြဲမွာ အစိုးရသစ္ဖြဲ႕စည္းႏိုင္ဖို႔ ပါတီတစ္ခုဟာ ေအာက္လႊတ္ေတာ္မွာ အနည္းဆုံး လႊတ္ေတာ္ ကိုယ္စားလွယ္ဦးေရ ၁၂ဝ ေက်ာ္ရွိဖို႔ လိုအပ္ေပမယ့္ မၾကာေသးမီက က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ ပါတီေတြဟာ အဆိုပါသတ္မွတ္ခ်က္ကို ျပည့္မီျခင္းမရွိခဲ့ဘူးလို႔ သိရပါတယ္။ ဒါေၾကာင့္ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့ပါတီေတြဟာ မဟာမိတ္ၫႊန္ေပါင္းဖြဲ႕စည္းၿပီး အစိုးရအသစ္ဖြဲ႕စည္းႏိုင္ဖို႔ ႀကိဳးပမ္းရမွာျဖစ္ေပမယ့္ အႏိုင္ရတဲ့ပါတီေတြဟာ အစိုးရအသစ္ဖြဲ႕စည္းႏိုင္ဖို႔ ၫႊန္ေပါင္းအစိုးရအဖြဲ႕ဖြဲ႕ဖို႔ သေဘာတူညီျခင္းမရွိခဲ့ရာ အစိုးရအသစ္ဖြဲ႕စည္းႏိုင္ဖို႔နဲ႔ ေ႐ြးေကာက္ပြဲအခက္အခဲေတြ ျဖစ္လ်က္ရွိေနခဲ့တယ္လို႔ သိရပါတယ္။

ထို႔အတြက္ေၾကာင့္ မေလးရွားဘုရင့္ နဲ႔ ေတာ္ဝင္ဘုရင္နန္းေတာ္ အျမင့္ဆုံးအာာဏာပိုင္အဖြဲ႕ဟာ အစိုးရအသစ္ဖြဲ႕စည္းႏိုင္ဖို႔ နဲ႔ ဝန္ႀကီးခ်ဳပ္အသစ္ေ႐ြးခ်ယ္ေရးကို ၾကားဝင္ေဆာင္႐ြက္ခဲ့ေၾကာင္း၊ မေလးရွားဘုရင့္ဦးေဆာင္တဲ့ အျမင့္ဆုံးအာဏာပိုင္အဖြဲ႕ဟာ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့ပါတီေတြကို သုံးသပ္ခဲ့ၿပီးေနာက္ အတိုက္ခံပါတီေခါင္းေဆာင္ အန္ဝါအီဘရာဟင္ကို ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ခန႔္အပ္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.