အမေရိကန်မှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုများကြောင့် စံချိန်တင်၊ ကြက်ကောင်ရေ သန်း ၅ဝ ကျော်ကို သုတ်သင်ရှင်းလင်းခဲ့

 434

ရောင်နီ (NP News) - နိုဝင်ဘာ ၂၅

အမေရိကန်ပြည်ထောင်စုမှာ ယခုနှစ်အတွင်း သမိုင်းဝင် အသေအပျောက် အများဆုံး ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုများကြောင့် စံချိန်တင် ကြက်အကောင်ရေ ၅ဝ.၅၄ သန်းကို သုတ်သင်ရှင်းလင်းခဲ့ရကြောင်း နိုဝင်ဘာလ ၂၄ ရက်၊ ကြသပတေးနေ့မှာ ဖော်ပြတဲ့ အမေရိကန်စိုက်ပျိုးရေးဌာနရဲ့အချက်အလက်များအရ သိရပါတယ်။

အမေရိကန်မှာ တိရစ္ဆာန်ကျန်းမာရေးဘေးအန္တရာယ်ကို ကိုယ်စားပြုတဲ့ ကြက်၊ ကြက်ဆင်နဲ့ အခြားငှက်များ သေဆုံးမှုများဖြစ်ပွားနေပြီး ၂ဝ၁၅ ခုနှစ်က စံချိန်တင်ခဲ့တဲ့ ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှုကြောင့် ဖယ်ရှားရတဲ့ ကြက်အကောင်ရေ ၅ဝ ဒသမ ၅ သန်းကို ကျော်လွန်ခဲ့ပါတယ်။ ကြက်များဟာ တုပ်ကွေးကူးစက်ခံရခြင်းကြောင့် သေဆုံးနိုင်ပါတယ်။

ကြက်ခြံများမှာဆိုရင် ဥဥတဲ့ ကြက်အကောင်ရေ တစ်သန်းကျော်ရှိတဲ့ အစုတိုင်းမှာ ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ခံထားရတဲ့ ကြက်တစ်ကောင် တွေ့ရှိတယ်ဆိုရင်လည်း ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် တစ်အုပ်စုလုံး ဖယ်ရှားရပါတယ်။ ကြက်များ ဆုံးရှုံးမှုကြောင့် ကြက်ဥနဲ့ ကြက်ဆင်သား စျေးနှုန်းများ စံချိန်တင် မြင့်မားလာကာ ငွေကြေးဖောင်းပွမှု မြင့်မားနေတဲ့စားသုံးသူများအတွက် စီးပွားရေးနာကျင်မှုကို ပိုမိုဆိုးရွားလာစေပြီး အထိမ်းအမှတ်ပွဲများမှာ အစားအသောက်စျေး ပိုကြီးစေခဲ့ပါတယ်။

ဥရောပနဲ့ ဗြိတိန်တို့ဟာ ၎င်းတို့ရဲ့အဆိုးရွားဆုံး ကြက်ငှက်တုပ်ကွေး အကျပ်အတည်းကိုကြုံတွေ့နေရပြီး အချို့သော ဗြိတိန်စူပါမားကတ်များမှာ ထောက်ပံ့မှုများ ပြတ်တောက်ခြင်းကြောင့် ဝယ်ယူသူများကို ခွဲတမ်းနဲ့ ရောင်းချပေးနေရတယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္မွာ ၾကက္ငွက္တုပ္ေကြးေရာဂါျဖစ္ပြားမႈမ်ားေၾကာင့္ စံခ်ိန္တင္၊ ၾကက္ေကာင္ေရ သန္း ၅ဝ ေက်ာ္ကို သုတ္သင္ရွင္းလင္းခဲ့
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၅

အေမရိကန္ျပည္ေထာင္စုမွာ ယခုႏွစ္အတြင္း သမိုင္းဝင္ အေသအေပ်ာက္ အမ်ားဆုံး ၾကက္ငွက္တုပ္ေကြးေရာဂါျဖစ္ပြားမႈမ်ားေၾကာင့္ စံခ်ိန္တင္ ၾကက္အေကာင္ေရ ၅ဝ.၅၄ သန္းကို သုတ္သင္ရွင္းလင္းခဲ့ရေၾကာင္း ႏိုဝင္ဘာလ ၂၄ ရက္၊ ၾကသပေတးေန႔မွာ ေဖာ္ျပတဲ့ အေမရိကန္စိုက္ပ်ိဳးေရးဌာနရဲ႕အခ်က္အလက္မ်ားအရ သိရပါတယ္။

အေမရိကန္မွာ တိရစာၦန္က်န္းမာေရးေဘးအႏၲရာယ္ကို ကိုယ္စားျပဳတဲ့ ၾကက္၊ ၾကက္ဆင္နဲ႔ အျခားငွက္မ်ား ေသဆုံးမႈမ်ားျဖစ္ပြားေနၿပီး ၂ဝ၁၅ ခုႏွစ္က စံခ်ိန္တင္ခဲ့တဲ့ ၾကက္ငွက္တုပ္ေကြးျဖစ္ပြားမႈေၾကာင့္ ဖယ္ရွားရတဲ့ ၾကက္အေကာင္ေရ ၅ဝ ဒသမ ၅ သန္းကို ေက်ာ္လြန္ခဲ့ပါတယ္။ ၾကက္မ်ားဟာ တုပ္ေကြးကူးစက္ခံရျခင္းေၾကာင့္ ေသဆုံးႏိုင္ပါတယ္။

ၾကက္ၿခံမ်ားမွာဆိုရင္ ဥဥတဲ့ ၾကက္အေကာင္ေရ တစ္သန္းေက်ာ္ရွိတဲ့ အစုတိုင္းမွာ ၾကက္ငွက္တုပ္ေကြးေရာဂါကူးစက္ခံထားရတဲ့ ၾကက္တစ္ေကာင္ ေတြ႕ရွိတယ္ဆိုရင္လည္း ေရာဂါပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ဖို႔အတြက္ တစ္အုပ္စုလုံး ဖယ္ရွားရပါတယ္။ ၾကက္မ်ား ဆုံးရႈံးမႈေၾကာင့္ ၾကက္ဥနဲ႔ ၾကက္ဆင္သား ေစ်းႏႈန္းမ်ား စံခ်ိန္တင္ ျမင့္မားလာကာ ေငြေၾကးေဖာင္းပြမႈ ျမင့္မားေနတဲ့စားသုံးသူမ်ားအတြက္ စီးပြားေရးနာက်င္မႈကို ပိုမိုဆိုး႐ြားလာေစၿပီး အထိမ္းအမွတ္ပြဲမ်ားမွာ အစားအေသာက္ေစ်း ပိုႀကီးေစခဲ့ပါတယ္။

ဥေရာပနဲ႔ ၿဗိတိန္တို႔ဟာ ၎တို႔ရဲ႕အဆိုး႐ြားဆုံး ၾကက္ငွက္တုပ္ေကြး အက်ပ္အတည္းကိုႀကဳံေတြ႕ေနရၿပီး အခ်ိဳ႕ေသာ ၿဗိတိန္စူပါမားကတ္မ်ားမွာ ေထာက္ပံ့မႈမ်ား ျပတ္ေတာက္ျခင္းေၾကာင့္ ဝယ္ယူသူမ်ားကို ခြဲတမ္းနဲ႔ ေရာင္းခ်ေပးေနရတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.