ရခိုင်၌ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့ကြား တစ်ကျော့ပြန်တိုက်ပွဲ(၄)လနီးပါးကြာပြီးနောက် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ

4151

မျိုးကြီး (NP News) - နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့ကြား တစ်ကျော့ပြန်တိုက်ပွဲ(၄)လနီးပါးကြာဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA နှင့် တပ်မတော်တို့သည် ယခုနှစ် သြဂုတ်လမှစတင်ကာ နိုဝင်ဘာလအထိ နှစ်ဖက်အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့အကြားတွင် ညှိနှိုင်းဆွေးနွေးမှုများရှိနေပြီး လွန်ခဲ့သော (၃)ရက်ခန့်မှစ၍ ရခိုင်ပြည်နယ်၌ မြေပြင်ထိတွေ့တိုက် ခိုက်မှုများ မရှိတော့ကြောင်း ရခိုင်ပြည်နယ်ရှိ စစ်ဘက်ဆိုင်ရာသတင်းအရင်းအမြစ် တစ်ဦးက NP News ကို ယနေ့ (နိုဝင်ဘာလ ၂၆ ရက်)၊ ညနေပိုင်းတွင် အတည်ပြုပြောဆိုထားသည်။
“နှစ်ဖက်ပစ်ခတ်တိုက်ခိုက်တာတွေ ရပ်စဲလိုက်တာ ဟုတ်ပါတယ်။ AA နဲ့တပ်မ တော်ကြားမှာ ညှိနှိုင်းဆွေးနွေးမှုများ ရှိပါတယ်။ လွန်ခဲ့တဲ့ (၃)ရက်လောက်က စပြီးတော့ မြေပြင်မှာတော့ ထိတွေ့တိုက်ခိုက်မှုတွေ မရှိပါဘူး” ဟု ၎င်းက ဆက်လက် ပြောသည်။
လက်ရှိတွင် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့ကြားတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲလိုက်မှုနှင့်ပတ်သက်၍ နစကနှင့်စစ်ဘက်ဆိုင်ရာသတင်းအရင်းအမြစ်တစ်ချို့က အတည်ပြုထားပြီး NP News အနေဖြင့် AA ထံသို့ ဆက်သွယ်အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA အကြား တစ်ကျော့ပြန်တိုက်ပွဲ (၄)လနီးပါးကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုများ အပြင်းအထန်ဖြစ်ပွားမှုများရှိခဲ့ပြီး နှစ်ဖက်အကြားထိခိုက်သေဆုံးမှုများရှိခဲ့သည့်အပြင် ရခိုင်လူထုအရပ်သားများမှာ လည်း တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှုများရှိခဲ့သည်။
တစ်နိုင်ငံလုံးလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးရရှိရန်အ တွက် နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယခုနှစ် ဧပြီလအတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များကို ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမည်ဟု ဖိတ်ခေါ်ခဲ့ပြီး ၎င်းလက်နက်ကိုင်အဖွဲ့များထဲတွင် AA ကိုပါ ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁ဝ)ဖွဲ့တို့က ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးလျက်ရှိသည်။
အဆိုပါငြိမ်းချမ်းရေးဆွေးနွေးပွဲများထဲတွင် ယခုပစ်ခတ်တိုက်ခိုက်မှုရပ်စဲလိုက်သည့် AA လက်နက်ကိုင်အဖွဲ့ပါ တက်ရောက်ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်းရှိနေသည်။
ပြီးခဲ့သော ၂ဝ၁၈ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့သည် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားမှုများရှိခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်အတွင်း ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌဒေါက်တာဆာဆာကာဝါ အပါအဝင် အဖွဲ့အ စည်းများ၏ ညှိနှိုင်းပေးမှုဖြင့် နှစ်ဖက်အကြား ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခု ၂ဝ၂၂ ခုနှစ် သြဂုတ်လမှစ၍ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့၏ တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံစစ်ဘေးရှောင်ဦးရေမှာ သောင်းဂဏန်းရှိခဲ့ကြောင်း သိရသည်။

zawgyi version
ရခိုင္၌ တပ္မေတာ္ႏွင့္ AA လက္နက္ကိုင္အဖြဲ႕ၾကား တစ္ေက်ာ့ျပန္တိုက္ပြဲ(၄)လနီးပါးၾကာၿပီးေနာက္ ႏွစ္ဖက္ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲ
မ်ိဳးႀကီး (NP News) - ႏိုဝင္ဘာ ၂၆
ရခိုင္ျပည္နယ္၌ တပ္မေတာ္ႏွင့္ AA လက္နက္ကိုင္အဖြဲ႕ၾကား တစ္ေက်ာ့ျပန္တိုက္ပြဲ(၄)လနီးပါးၾကာျဖစ္ပြားခဲ့ၿပီးေနာက္ ႏွစ္ဖက္ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲလိုက္ၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။
ရခိုင္လက္နက္ကိုင္အဖြဲ႕ ULA/AA ႏွင့္ တပ္မေတာ္တို႔သည္ ယခုႏွစ္ ၾသဂုတ္လမွစတင္ကာ ႏိုဝင္ဘာလအထိ ႏွစ္ဖက္အၾကား ထိေတြ႕တိုက္ပြဲမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ တပ္မေတာ္ႏွင့္ AA လက္နက္ကိုင္အဖြဲ႕အၾကားတြင္ ညႇိႏႈိင္းေဆြးေႏြးမႈမ်ားရွိေနၿပီး လြန္ခဲ့ေသာ (၃)ရက္ခန႔္မွစ၍ ရခိုင္ျပည္နယ္၌ ေျမျပင္ထိေတြ႕တိုက္ ခိုက္မႈမ်ား မရွိေတာ့ေၾကာင္း ရခိုင္ျပည္နယ္ရွိ စစ္ဘက္ဆိုင္ရာသတင္းအရင္းအျမစ္ တစ္ဦးက NP News ကို ယေန႔ (ႏိုဝင္ဘာလ ၂၆ ရက္)၊ ညေနပိုင္းတြင္ အတည္ျပဳေျပာဆိုထားသည္။
“ႏွစ္ဖက္ပစ္ခတ္တိုက္ခိုက္တာေတြ ရပ္စဲလိုက္တာ ဟုတ္ပါတယ္။ AA နဲ႔တပ္မ ေတာ္ၾကားမွာ ညႇိႏႈိင္းေဆြးေႏြးမႈမ်ား ရွိပါတယ္။ လြန္ခဲ့တဲ့ (၃)ရက္ေလာက္က စၿပီးေတာ့ ေျမျပင္မွာေတာ့ ထိေတြ႕တိုက္ခိုက္မႈေတြ မရွိပါဘူး” ဟု ၎က ဆက္လက္ ေျပာသည္။
လက္ရွိတြင္ တပ္မေတာ္ႏွင့္ AA လက္နက္ကိုင္အဖြဲ႕ၾကားတြင္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲလိုက္မႈႏွင့္ပတ္သက္၍ နစကႏွင့္စစ္ဘက္ဆိုင္ရာသတင္းအရင္းအျမစ္တစ္ခ်ိဳ႕က အတည္ျပဳထားၿပီး NP News အေနျဖင့္ AA ထံသို႔ ဆက္သြယ္အတည္ျပဳရန္ ႀကိဳးစားေနဆဲျဖစ္သည္။
ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္ႏွင့္ AA အၾကား တစ္ေက်ာ့ျပန္တိုက္ပြဲ (၄)လနီးပါးကာလအတြင္း ပစ္ခတ္တိုက္ခိုက္မႈမ်ား အျပင္းအထန္ျဖစ္ပြားမႈမ်ားရွိခဲ့ၿပီး ႏွစ္ဖက္အၾကားထိခိုက္ေသဆုံးမႈမ်ားရွိခဲ့သည့္အျပင္ ရခိုင္လူထုအရပ္သားမ်ားမွာ လည္း တိုက္ပြဲမ်ားအတြင္း ထိခိုက္ေသဆုံးမႈမ်ားရွိခဲ့သည္။
တစ္ႏိုင္ငံလုံးလက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေရးႏွင့္ ၿငိမ္းခ်မ္းေရးရရွိရန္အ တြက္ နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ယခုႏွစ္ ဧၿပီလအတြင္းက တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၏ ေခါင္းေဆာင္မ်ားကို ကိုယ္တိုင္ေတြ႕ဆုံေဆြးေႏြးမည္ဟု ဖိတ္ေခၚခဲ့ၿပီး ၎လက္နက္ကိုင္အဖြဲ႕မ်ားထဲတြင္ AA ကိုပါ ၿငိမ္းခ်မ္းေရးကမ္းလွမ္းခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕(၁ဝ)ဖြဲ႕တို႔က ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးလ်က္ရွိသည္။
အဆိုပါၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားထဲတြင္ ယခုပစ္ခတ္တိုက္ခိုက္မႈရပ္စဲလိုက္သည့္ AA လက္နက္ကိုင္အဖြဲ႕ပါ တက္ေရာက္ေဆြးေႏြးႏိုင္ဖြယ္ရွိေၾကာင္း သုံးသပ္မႈမ်ားလည္းရွိေနသည္။
ၿပီးခဲ့ေသာ ၂ဝ၁၈ ခုႏွစ္အတြင္း ရခိုင္ျပည္နယ္၌ တပ္မေတာ္ႏွင့္ AA လက္နက္ကိုင္အဖြဲ႕တို႔သည္ တိုက္ပြဲမ်ား အျပင္းအထန္ ျဖစ္ပြားမႈမ်ားရွိခဲ့ၿပီး ၂ဝ၂ဝ ျပည့္ႏွစ္အတြင္း ဂ်ပန္ႏိုင္ငံနီပြန္ေဖာင္ေဒးရွင္းဥကၠ႒ေဒါက္တာဆာဆာကာဝါ အပါအဝင္ အဖြဲ႕အ စည္းမ်ား၏ ညႇိႏႈိင္းေပးမႈျဖင့္ ႏွစ္ဖက္အၾကား ပစ္ခတ္တိုက္ခိုက္မႈမ်ား ရပ္စဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယခု ၂ဝ၂၂ ခုႏွစ္ ၾသဂုတ္လမွစ၍ ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္ႏွင့္ AA တို႔၏ တစ္ေက်ာ့ျပန္တိုက္ပြဲမ်ား ျဖစ္ပြားခဲ့မႈေၾကာင့္ ေဒသခံစစ္ေဘးေရွာင္ဦးေရမွာ ေသာင္းဂဏန္းရွိခဲ့ေၾကာင္း သိရသည္။