"ကမ္ဘာ့ဖလားပွဲကို ခုတုံးလုပ်၍ ကာတာနိုင်ငံ ပါဝါအပျော့တည်ဆောက်" (ဆောင်းပါး)

 1992

Htay Oung (NP News) - နိုဝင်ဘာ ၂၇
ကမ္ဘာ့ဇာတ်ခုံ ဇာတ်လမ်းစုံမှာ ကာတာနိုင်ငံဟာ ပါဝင်ကပြနေသူတစ်ဦးဖြစ်ပါတယ်။ လူဦးရေ (၃)သန်းပင် မရှိတဲ့ ရေနံထုတ်လုပ်ရာ အရှေ့အလယ်ပိုင်းနိုင်ငံငယ်လေးဟာ ကမ္ဘာတစ်ဝှမ်းလုံးရဲ့ ပထဝီနိုင်ငံရေး၊ မီဒီယာနဲ့ အနုပညာဆိုင်ရာတို့မှာ ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ သံခင်းတမံခင်းတို့ဟာ ကာတာနိုင်ငံရဲ့ သြဇာအရှိန်အဝါကို ခိုင်ခံ့စေခဲ့ပါတယ်။ အခုလည်း အားကစားကို ခုတုံးလုပ်ပြီး ပါဝါအပျော့တည်ဆောက်နေတယ်လို့ နိုင်ငံတကာသတင်းများနဲ့ ဂျာနယ်လစ်တို့ရဲ့ အတွေးအမြင်များကို စုစည်းဖော်ပြနေတဲ့ အမေရိကန် Vox မီဒီယာက နိုဝင်ဘာလ ၂၅ ရက်က ရေးသားပါတယ်။

ကာတာက သူ့နိုင်ငံရဲ့ မတရား ချမ်းသာကြွယ်ဝပုံကို ယခုလမှာ ဖွင့်လှစ်ပြသလိုက်ပါတယ်။ တနင်္ဂနွေနေ့ စတင် ကျင်းပတဲ့ 2022 FIFA ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့အတွက် ကာတာဟာ အားကစားကွင်းများနဲ့ မြေစိုက်လုပ်ငန်းများမှာ အမေရိကန်ဒေါ်လာ ၃ဝဝ ဘီလျ့ခန့် အသုံးပြုခဲ့ပါတယ်။ အဲ့ဒီငွေဟာ ယခင်ကျင်းပခဲ့ဖူးသမျှ ကမ္ဘာ့ဖလားနဲ့ နိုင်ငံတကာအိုလံပစ်ပြိုင်ပွဲများအားလုံး စုစုပေါင်းထက် ပိုများပါသေးတယ်။

ကာတာဟာ အခြားနိုင်ငံများထက် သဘာဝဓါတ်ငွေ့ရည် ပိုမိုတင်ပို့ပါတယ်။ နိုင်ငံရဲ့ စွမ်းအင်အရင်းအမြစ်တွေဟာ ကာတာတော်ဝင်မိသားစုကို အမေရိကန်ဒေါ်လာ ၃၃၅ ဘီလျံနဲ့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်စေပါတယ်။ ဗြိတိန်နိုင်ငံမှာ ကာတာဟာ အကြီးဆုံးမြေပိုင်ရှင်တစ်ဦးဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံးအဖြစ် နှစ်ပေါင်းအတော်ကြာ ရပ်တည်ခဲ့တဲ့ အမေရိကန် အင်ပါယာစတိတ်အဆောက်အအုံရဲ့ ရှယ်ယာအများစုကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ဘယ်လိုပဲဆိုဆို ကာတာဟာ အိမ်နီးချင်း ရေနံသူဋ္ဌေးနိုင်ငံများထက် ပါဝါအပျော့အတွက် မဟာဗျူဟာကျတဲ့ အသုံးစရိတ်မှာ ပိုမိုများပြားပါတယ်။ ကာတာနိုင်ငံအတွက် ပြည်တွင်းယဉ်ကျေးမှုနဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများကို အောင်မြင်စွာတည်ဆောက်ပြီး အမျိုးသားရေးစရိုက်လက္ခဏာတစ်ရပ်ကို ဖန်တီးရန် အာရုံစိုက်ထားပါတယ်။ ဒါပေမဲ့ ကာတာရဲ့ အမျိုးသားရေးလက္ခဏာဆိုတာ တော်ဝင်မိသားစုနဲ့ ပတ်သက်လာရင် သဘောထားကွဲလွဲမှုမှန်သရွေ့ လုံးဝသည်းမခံနိုင်ပဲ လူ့အခွင့်အ ရေးမှာ အာမခံချက် မပေးခြင်းတို့ကို ဆိုလိုပါတယ်။

ကာတာဟာ သူ့ရဲ့ကြီးမားတဲ့ကြွယ်ဝမှုနဲ့ ပါဝါတွေကို အသုံးချပြီး နိုင်ငံနဲ့ ဒေသတွင်းကို မြှင့်တင်ရာမှာ ယဉ်ကျေးမှုကို နက်နက်ရှိုင်းရှိုင်း အလေးထားပြီး လွတ်လပ်မှုနည်းပါးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အာရပ်ကမ္ဘာမှာ ကမ္ဘာ့ဖလားပွဲကို ပထမဆုံးကျင်းပနိုင်တဲ့ ကာတာနိုင်ငံဟာ အဲ့ဒီ ခေါင်းမာမှုများကို စုပေါင်း ကိုယ်စားပြုထားပါတယ်။

ဆိပ်ကမ်းငယ်လေးတစ်ခုအဖြစ်မှ မကြာသေးမီ ဆယ်စုနှစ်များအတွင်း အံ့သြဖွယ် မြို့ပြတစ်ခုအဖြစ် လျင်မြန်စွာ ဖွံဖြိုးတိုးတက်လာခဲ့ပြီး ကာတာအနုပညာရှင် ဆိုဖီယာအယ်လ်မာရီယာက ” အစဉ်အလာကို ပယ်လှန်လိုက်တဲ့ ပင်လယ်ကွေ့” အဖြစ်ဖော်ကျူးခဲ့ပါသေးတယ်။

အမျိုးသမီးများနဲ့ LGBTQ များအပေါ် ဖိနှိပ်ချုပ်ခြယ်ခြင်း၊ ရွှေ့ပြောင်းအလုပ်သမားတို့အပေါ် အမြတ်ထုတ်တဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခြင်းတို့ဟာ ဒိုဟာရဲ့ ရက်ရက်ရောရော ပေးကမ်းတတ်မှုနဲ့ နိုင်ငံခြားရေးမူဝါဒ အရှိန်သြဇာနဲ့တင်ပဲ ပြီးခဲ့တဲ့နှစ်များတစ်လျှောက် သူ့ရဲ့ အနောက်မဟာမိတ်များကို နှုတ်ဆိတ်စေယုံမက ဝေဖန်ရှုတ်ချမှုများကိုပါ ရှောင်ရှားနိုင်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းမှာ အကြီးဆုံး အမေရိကန်စစ်အခြေစိုက်စခန်း တည်ရှိခွင့်ပြုထားခြင်းဟာ ကာတာအတွက် အများကြီး ကျားကန်ပေးပါတယ်။

ကမ္ဘာ့ဖလားဘောလုံးပွဲရဲ့ မကြုံစဖူး ပြောင်းလဲကျင်းပမှုဟာ ကာတာရဲ့ အံ့မခန်း အနုပညာဆိုင်ရာ ရင်းနှီး မြုပ်နှံမှုများကို ဖော်ပြခွင့် ရလိုက်ပါတယ်။ ကာတာဧကရာဇ်ရဲ့ ညီမတော်နဲ့ သူ့ရဲ့ပြတိုက်ကွန်ရက်အကြီးအကဲတို့ဟာ အနုပညာအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလျံခန့် သုံးစွဲနေတယ်လို့ သိရှိရပါတယ်။ ဒါဟာ အမေရိကန် ပြတိုက် ကြီးတွေထက် အများကြီး ပိုများပါတယ်။ ဂန္ထ၀င်အလုပ်အတွက် အနောက်နိုင်ငံ အနုပညာရှင်များကို ခန့်အပ်ထားပြီး ကန္တာရသဲပြင်အလယ်မှာ ကြေးဝါပန်းပုရုပ်များ၊ သံမဏိပြား ပုံဖော် ပါဖောင့်မန့်များကို အစီအရီ ဆောက်လုပ်စေပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး ပန်းချီကားအချို့ကို ဝယ်ယူရာမှာတောင် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ သန်း ၇ဝ တန်မှ ၁၉-ရာစု ပြင်သစ် ပို့စ်အင်ပရက်ရှင်းနစ်ပန်းချီကျော် ဂေါ်ဂင်ရဲ့ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ တန်အထိ ပါဝင်ပါတယ်။ အမေရိကန်နဲ့ ဥရောပဗိသုကာပညာရှင်အများစုတို့ဟာ ငွေကြေးတတ်နိုင်တဲ့ အခြားပြင်ပနိုင်ငံ အနည်းငယ်တို့မှာ ပြောင်မြောက်တဲ့လက်ရာများ ဖန်တီးနေကြပြီး အလွန်ထင်ရှားသူများတောင် ပါရှိနေပါတယ်။

ဒါပေမယ့် အရေးကြီးတာက ကာတာဟာ အနောက်နိုင်ငံတွေကနေပဲ အနုလက်ရာတွေချည့် တင်သွင်းနေတာ မဟုတ်ပါဘူး။ မွတ်စလင်နဲ့ အာရပ်နိုင်ငံဖြစ်ကြောင်း အမျိုးသားရေးလက္ခဏာများကို ပေါ်လွင်စေတဲ့ အင်းတီကျုးရှင်းကိုလည်း ဖန်တီးထားပါတယ်။ နာမည်ကြီး တရုတ်ဗိသုကာပညာရှင် အိုင်အမ်ပိုင်ကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ ဒိုဟာမြို့လယ် အစ္စလာမ်အနုပညာပြတိုက်မှာ ရင်သပ်ရှုမောဖွယ် နိုင်ငံတကာအနုစိတ်လက်ရာများကို စုစည်းထားပါတယ်။ အရှေ့အလယ်ပိုင်းမှ အာရပ်ခေတ်ပေါ်အနုပညာလက်ရာများကို ဝယ်ယူရာမှာ ကာတာနဲ့ ယူအေအီးတို့ဟာ အကြိတ်အနယ် ယှဉ်ပြိုင်နေကြပါတယ်။

၂ဝ၂၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာတာနိုင်ငံဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် သင့်လျော်တယ်လို့ ဆုံးဖြတ်ခြင်းနဲ့ ဖီဖာရဲ့ ကမ္ဘာ့ဖလားပွဲလေလံလုပ်ငန်းစဉ်တရားမျှတမှုတို့ဟာ မီဒီယာများ၊ အားကစားကျွမ်းကျင်သူများနဲ့ လူ့အခွင့်အရေးသမားတို့အတွက် စိုးရိမ်မှုများနဲ့ အငြင်းပွားစရာအကြောင်းအရာများစွာ တို့ကို ဖန်တီးပေးခဲ့ပါတယ်။ ဖီဖာရဲ့ လေလံလုပ်ငန်းစဉ်အတွင်း လာဘ်ပေး လာဘ်ယူမှုများကို မီးမောင်းထိုး ပြနေပါတယ်။

နိုင်ငံခြားအားကစားသမားတွေကို ထည့်သွင်းနေရတဲ့ ကာတာရဲ့ ဘောလုံးယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အစဉ်အလာမရှိခြင်း၊ ပရိဿသတ်ကုန်ကျရမယ့်စရိတ်၊ အလုပ်သမားနဲ့ LBGTQ အပါအဝင် ဆိုးရွားတဲ့ လူ့အခွင့်အရေးမှတ်တမ်းများ၊ အနောက်နိုင်ငံသား အားကစားသမားများနဲ့ မီဒီယာအများစုတို့အတွက် မသင့်လျော်တဲ့ ပျမ်းမျှ အပူချိန် ၄ဝ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ကျော်ရာသီဥတုအပါအဝင် အချက် (၆)ချက်တို့ဟာ အပြင်းအထန်ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ်။ နိုင်ငံအတော်များများနဲ့ ကလပ်အသင်းတို့ဟာ ကာတာဖလားပွဲကို သပိတ်မှောက်ဖို့အထိ စီစဉ်ခဲ့ာကပါတယ်။ ဖီဖာဥက္ကဋ္ဌဟောင်း ဆက်ဘလတာဆို ကာတာကို အိမ်ရှင်အဖြစ်ရွေးချယ်မိရင် အမှားကြီး မှားလိမ့်မယ်လို့ (၈)နှစ်စောပြီး နှစ်ကြိမ်တိုင် မှတ်ချက်ပေးခဲ့ပါတယ်။

ကမ္ဘာ့ဖလားပွဲကျင်းစဉ်အတွင်း မွတ်စလင်နိုင်ငံဟာ သီးသန့် Fan-Zone များ ထူထောင်ပေးပြီး အရက်ဝယ်ယူခွင့်နဲ့ ကွင်းအတွင်း ပရိဿတ်တို့အနေနဲ့ အရက်သောက်ခွင့်ကိုလည်း လိုက်လျောမှာဖြစ်ကြောင်း ကာတာဘောလုံးအားကစားကျင်းပရေးကော်မတီ အမှုဆောင်အရာရှိချုပ်က ကတိပေးပါတယ်။ ကမ္ဘာ့ဖလားပွဲ စတင်တဲ့ နိုဝင်ဘာလ ၁၈ ရက်မှာတော့ မူဝါဒပြောင်းလဲသွားပြီး ကာတာရဲ့ အားကစားကွင်း ၈-ခုအတွင်း ပရိဿတ်များကို အဖျော်ယမကာရောင်းချခြင်းမှ ပိတ်ပင်ကြောင်း၊ အားကစားရုံအတွင်း သတ်မှတ်ထားတဲ့ နေရာများ၌သာ အရက်သောက် ခွင့်ရှိကြောင်း တရားဝင်ထုတ်ပြန်ကြေညာပါတယ်။ အားကစားကွင်းနဲ့ အကျုံးဝင်နယ်မြေများမှာတော့ အရက်ဝယ်ယူခွင့်ရှိပြီး FIFA ရဲ့ အဓိက စပွန်ဆာဖြစ်သူ Budweiser ကုမ္ပဏီက ဘီယာရောင်းချဖို့ သီး သန့်အခွင့်အရေး ရရှိပါတယ်။ ဒါပေမဲ့ ကာတာရဲ့ တရားစီရင်ရေး စနစ်အရ လူအများရှေ့မှောက် အရက်သောက်ခြင်းဟာ ဒဏ်ငွေ ၈၂၅ ဒေါ်လာမှ ထောင်ဒဏ်အထိ အပြစ်ပေးနိုင်တယ်လို့ BBC က ဖော်ပြပါတယ်။

ကာတာကမ္ဘာ့ဖလားပွဲမှာ အထူးသဖြင့် LGBTQ ထောက်ခံသူများအပေါ် တင်းတင်းကြပ်ကြပ်တားဆီးခြင်းနဲ့ ပြည်ပမှ လာရောက်အားပေးသူ နိုင်ငံတကာအားကစားပရိဿတ်များအတွင်း ကာတာနိုင်ငံအပေါ် ကန့်ကွက်ရှုတ်ချခဲ့ဖူးသူ ဟုတ်-မဟုတ် စိစစ်ခြင်းတို့ဟာ လူမျိုးရေး ခွဲခြားရာ ရောက်ရှိတယ်လို့ စွပ်စွဲမှုများ ပေါ်ထွက်ခဲ့ပါတယ်။

အမေရိကန်အားကစားသတင်းထောက် ဂရန့်ဝါးလ်ဟာ LGBT အမှတ်အသား သက်တန့်ရောင်တံဆိပ်ပါ တီရှပ်ကို ဝတ်ဆင်လာမိတဲ့အတွက် ကွင်းပေါက်ဝ လုံခြုံရေးတို့က တားဆီးခဲ့ကြောင်း၊ တီရှပ်ကိုလည်း ချက်ချင်းချွတ်ခိုင်းပြီး အမေရိကန်နဲ့ ဝေးလ်တို့ရဲ့ ယှဉ်ပြိုင်ပွဲမှာ သတင်းယူခွင့်ကိုလည်း ပိတ်ပင်လိုက်တယ်လို့ သိရှိရပါတယ်။

( Vox., 25 November 2022,” What else Qatar has built with its absurd wealth besides the 2022 World Cup” နှင့် အခြားဆက်စပ်သတင်းများကို ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။)

zawgyi version
"ကမာၻ႔ဖလားပြဲကို ခုတုံးလုပ္၍ ကာတာႏိုင္ငံ ပါဝါအေပ်ာ့တည္ေဆာက္" (ေဆာင္းပါး)
Htay Oung (NP News) - ႏိုဝင္ဘာ ၂၇

ကမာၻ႔ဇာတ္ခုံ ဇာတ္လမ္းစုံမွာ ကာတာႏိုင္ငံဟာ ပါဝင္ကျပေနသူတစ္ဦးျဖစ္ပါတယ္။ လူဦးေရ (၃)သန္းပင္ မရွိတဲ့ ေရနံထုတ္လုပ္ရာ အေရွ႕အလယ္ပိုင္းႏိုင္ငံငယ္ေလးဟာ ကမာၻတစ္ဝွမ္းလုံးရဲ႕ ပထဝီႏိုင္ငံေရး၊ မီဒီယာနဲ႔ အႏုပညာဆိုင္ရာတို႔မွာ ႀကီးမားတဲ့ အခန္းက႑က ပါဝင္ေနပါတယ္။ ယဥ္ေက်းမႈဆိုင္ရာ သံခင္းတမံခင္းတို႔ဟာ ကာတာႏိုင္ငံရဲ႕ ၾသဇာအရွိန္အဝါကို ခိုင္ခံ့ေစခဲ့ပါတယ္။ အခုလည္း အားကစားကို ခုတုံးလုပ္ၿပီး ပါဝါအေပ်ာ့တည္ေဆာက္ေနတယ္လို႔ ႏိုင္ငံတကာသတင္းမ်ားနဲ႔ ဂ်ာနယ္လစ္တို႔ရဲ႕ အေတြးအျမင္မ်ားကို စုစည္းေဖာ္ျပေနတဲ့ အေမရိကန္ Vox မီဒီယာက ႏိုဝင္ဘာလ ၂၅ ရက္က ေရးသားပါတယ္။

ကာတာက သူ႔ႏိုင္ငံရဲ႕ မတရား ခ်မ္းသာႂကြယ္ဝပုံကို ယခုလမွာ ဖြင့္လွစ္ျပသလိုက္ပါတယ္။ တနဂၤေႏြေန႔ စတင္ က်င္းပတဲ့ 2022 FIFA ကမာၻ႔ဖလားၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပဖို႔အတြက္ ကာတာဟာ အားကစားကြင္းမ်ားနဲ႔ ေျမစိုက္လုပ္ငန္းမ်ားမွာ အေမရိကန္ေဒၚလာ ၃ဝဝ ဘီလ်႕ခန႔္ အသုံးျပဳခဲ့ပါတယ္။ အဲ့ဒီေငြဟာ ယခင္က်င္းပခဲ့ဖူးသမွ် ကမာၻ႔ဖလားနဲ႔ ႏိုင္ငံတကာအိုလံပစ္ၿပိဳင္ပြဲမ်ားအားလုံး စုစုေပါင္းထက္ ပိုမ်ားပါေသးတယ္။

ကာတာဟာ အျခားႏိုင္ငံမ်ားထက္ သဘာဝဓါတ္ေငြ႕ရည္ ပိုမိုတင္ပို႔ပါတယ္။ ႏိုင္ငံရဲ႕ စြမ္းအင္အရင္းအျမစ္ေတြဟာ ကာတာေတာ္ဝင္မိသားစုကို အေမရိကန္ေဒၚလာ ၃၃၅ ဘီလ်ံနဲ႔ ကမာၻ႔အခ်မ္းသာဆုံး စာရင္းဝင္ေစပါတယ္။ ၿဗိတိန္ႏိုင္ငံမွာ ကာတာဟာ အႀကီးဆုံးေျမပိုင္ရွင္တစ္ဦးျဖစ္ၿပီး ကမာၻ႔အျမင့္ဆုံးအျဖစ္ ႏွစ္ေပါင္းအေတာ္ၾကာ ရပ္တည္ခဲ့တဲ့ အေမရိကန္ အင္ပါယာစတိတ္အေဆာက္အအုံရဲ႕ ရွယ္ယာအမ်ားစုကိုလည္း ပိုင္ဆိုင္ထားပါတယ္။

ဘယ္လိုပဲဆိုဆို ကာတာဟာ အိမ္နီးခ်င္း ေရနံသူေ႒းႏိုင္ငံမ်ားထက္ ပါဝါအေပ်ာ့အတြက္ မဟာဗ်ဴဟာက်တဲ့ အသုံးစရိတ္မွာ ပိုမိုမ်ားျပားပါတယ္။ ကာတာႏိုင္ငံအတြက္ ျပည္တြင္းယဥ္ေက်းမႈနဲ႔ ပညာေရးဆိုင္ရာ အဖြဲ႕အစည္းမ်ားကို ေအာင္ျမင္စြာတည္ေဆာက္ၿပီး အမ်ိဳးသားေရးစ႐ိုက္လကၡဏာတစ္ရပ္ကို ဖန္တီးရန္ အာ႐ုံစိုက္ထားပါတယ္။ ဒါေပမဲ့ ကာတာရဲ႕ အမ်ိဳးသားေရးလကၡဏာဆိုတာ ေတာ္ဝင္မိသားစုနဲ႔ ပတ္သက္လာရင္ သေဘာထားကြဲလြဲမႈမွန္သေ႐ြ႕ လုံးဝသည္းမခံႏိုင္ပဲ လူ႔အခြင့္အ ေရးမွာ အာမခံခ်က္ မေပးျခင္းတို႔ကို ဆိုလိုပါတယ္။

ကာတာဟာ သူ႔ရဲ႕ႀကီးမားတဲ့ႂကြယ္ဝမႈနဲ႔ ပါဝါေတြကို အသုံးခ်ၿပီး ႏိုင္ငံနဲ႔ ေဒသတြင္းကို ျမႇင့္တင္ရာမွာ ယဥ္ေက်းမႈကို နက္နက္ရႈိင္းရႈိင္း အေလးထားၿပီး လြတ္လပ္မႈနည္းပါးတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါတယ္။ အာရပ္ကမာၻမွာ ကမာၻ႔ဖလားပြဲကို ပထမဆုံးက်င္းပႏိုင္တဲ့ ကာတာႏိုင္ငံဟာ အဲ့ဒီ ေခါင္းမာမႈမ်ားကို စုေပါင္း ကိုယ္စားျပဳထားပါတယ္။

ဆိပ္ကမ္းငယ္ေလးတစ္ခုအျဖစ္မွ မၾကာေသးမီ ဆယ္စုႏွစ္မ်ားအတြင္း အံ့ၾသဖြယ္ ၿမိဳ႕ျပတစ္ခုအျဖစ္ လ်င္ျမန္စြာ ဖြံၿဖိဳးတိုးတက္လာခဲ့ၿပီး ကာတာအႏုပညာရွင္ ဆိုဖီယာအယ္လ္မာရီယာက ” အစဥ္အလာကို ပယ္လွန္လိုက္တဲ့ ပင္လယ္ေကြ႕” အျဖစ္ေဖာ္က်ဴးခဲ့ပါေသးတယ္။

အမ်ိဳးသမီးမ်ားနဲ႔ LGBTQ မ်ားအေပၚ ဖိႏွိပ္ခ်ဳပ္ျခယ္ျခင္း၊ ေ႐ႊ႕ေျပာင္းအလုပ္သမားတို႔အေပၚ အျမတ္ထုတ္တဲ့ အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္ျခင္းတို႔ဟာ ဒိုဟာရဲ႕ ရက္ရက္ေရာေရာ ေပးကမ္းတတ္မႈနဲ႔ ႏိုင္ငံျခားေရးမူဝါဒ အရွိန္ၾသဇာနဲ႔တင္ပဲ ၿပီးခဲ့တဲ့ႏွစ္မ်ားတစ္ေလွ်ာက္ သူ႔ရဲ႕ အေနာက္မဟာမိတ္မ်ားကို ႏႈတ္ဆိတ္ေစယုံမက ေဝဖန္ရႈတ္ခ်မႈမ်ားကိုပါ ေရွာင္ရွားႏိုင္ခဲ့ပါတယ္။ အေရွ႕အလယ္ပိုင္းမွာ အႀကီးဆုံး အေမရိကန္စစ္အေျခစိုက္စခန္း တည္ရွိခြင့္ျပဳထားျခင္းဟာ ကာတာအတြက္ အမ်ားႀကီး က်ားကန္ေပးပါတယ္။

ကမာၻ႔ဖလားေဘာလုံးပြဲရဲ႕ မႀကဳံစဖူး ေျပာင္းလဲက်င္းပမႈဟာ ကာတာရဲ႕ အံ့မခန္း အႏုပညာဆိုင္ရာ ရင္းႏွီး ျမဳပ္ႏွံမႈမ်ားကို ေဖာ္ျပခြင့္ ရလိုက္ပါတယ္။ ကာတာဧကရာဇ္ရဲ႕ ညီမေတာ္နဲ႔ သူ႔ရဲ႕ျပတိုက္ကြန္ရက္အႀကီးအကဲတို႔ဟာ အႏုပညာအတြက္ ႏွစ္စဥ္ အေမရိကန္ေဒၚလာ ၁ ဘီလ်ံခန႔္ သုံးစြဲေနတယ္လို႔ သိရွိရပါတယ္။ ဒါဟာ အေမရိကန္ ျပတိုက္ ႀကီးေတြထက္ အမ်ားႀကီး ပိုမ်ားပါတယ္။ ဂႏၴ၀င္အလုပ္အတြက္ အေနာက္ႏိုင္ငံ အႏုပညာရွင္မ်ားကို ခန႔္အပ္ထားၿပီး ကႏၲာရသဲျပင္အလယ္မွာ ေၾကးဝါပန္းပု႐ုပ္မ်ား၊ သံမဏိျပား ပုံေဖာ္ ပါေဖာင့္မန႔္မ်ားကို အစီအရီ ေဆာက္လုပ္ေစပါတယ္။ ကမာၻ႔ေဈးအႀကီးဆုံး ပန္းခ်ီကားအခ်ိဳ႕ကို ဝယ္ယူရာမွာေတာင္ အနိမ့္ဆုံး အေမရိကန္ေဒၚလာ သန္း ၇ဝ တန္မွ ၁၉-ရာစု ျပင္သစ္ ပို႔စ္အင္ပရက္ရွင္းနစ္ပန္းခ်ီေက်ာ္ ေဂၚဂင္ရဲ႕ အေမရိကန္ေဒၚလာ သန္း ၃ဝဝ တန္အထိ ပါဝင္ပါတယ္။ အေမရိကန္နဲ႔ ဥေရာပဗိသုကာပညာရွင္အမ်ားစုတို႔ဟာ ေငြေၾကးတတ္ႏိုင္တဲ့ အျခားျပင္ပႏိုင္ငံ အနည္းငယ္တို႔မွာ ေျပာင္ေျမာက္တဲ့လက္ရာမ်ား ဖန္တီးေနၾကၿပီး အလြန္ထင္ရွားသူမ်ားေတာင္ ပါရွိေနပါတယ္။

ဒါေပမယ့္ အေရးႀကီးတာက ကာတာဟာ အေနာက္ႏိုင္ငံေတြကေနပဲ အႏုလက္ရာေတြခ်ည့္ တင္သြင္းေနတာ မဟုတ္ပါဘူး။ မြတ္စလင္နဲ႔ အာရပ္ႏိုင္ငံျဖစ္ေၾကာင္း အမ်ိဳးသားေရးလကၡဏာမ်ားကို ေပၚလြင္ေစတဲ့ အင္းတီက်ဳးရွင္းကိုလည္း ဖန္တီးထားပါတယ္။ နာမည္ႀကီး တ႐ုတ္ဗိသုကာပညာရွင္ အိုင္အမ္ပိုင္ကိုယ္တိုင္ ဒီဇိုင္းထုတ္ထားတဲ့ ဒိုဟာၿမိဳ႕လယ္ အစၥလာမ္အႏုပညာျပတိုက္မွာ ရင္သပ္ရႈေမာဖြယ္ ႏိုင္ငံတကာအႏုစိတ္လက္ရာမ်ားကို စုစည္းထားပါတယ္။ အေရွ႕အလယ္ပိုင္းမွ အာရပ္ေခတ္ေပၚအႏုပညာလက္ရာမ်ားကို ဝယ္ယူရာမွာ ကာတာနဲ႔ ယူေအအီးတို႔ဟာ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ေနၾကပါတယ္။

၂ဝ၂၂ ခုႏွစ္ ဖီဖာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ကာတာႏိုင္ငံဟာ အိမ္ရွင္အျဖစ္ လက္ခံက်င္းပရန္ သင့္ေလ်ာ္တယ္လို႔ ဆုံးျဖတ္ျခင္းနဲ႔ ဖီဖာရဲ႕ ကမာၻ႔ဖလားပြဲေလလံလုပ္ငန္းစဥ္တရားမွ်တမႈတို႔ဟာ မီဒီယာမ်ား၊ အားကစားကြၽမ္းက်င္သူမ်ားနဲ႔ လူ႔အခြင့္အေရးသမားတို႔အတြက္ စိုးရိမ္မႈမ်ားနဲ႔ အျငင္းပြားစရာအေၾကာင္းအရာမ်ားစြာ တို႔ကို ဖန္တီးေပးခဲ့ပါတယ္။ ဖီဖာရဲ႕ ေလလံလုပ္ငန္းစဥ္အတြင္း လာဘ္ေပး လာဘ္ယူမႈမ်ားကို မီးေမာင္းထိုး ျပေနပါတယ္။

ႏိုင္ငံျခားအားကစားသမားေတြကို ထည့္သြင္းေနရတဲ့ ကာတာရဲ႕ ေဘာလုံးယဥ္ေက်းမႈနဲ႔ ပတ္သက္ၿပီး ကိုယ္ပိုင္အစဥ္အလာမရွိျခင္း၊ ပရိႆသတ္ကုန္က်ရမယ့္စရိတ္၊ အလုပ္သမားနဲ႔ LBGTQ အပါအဝင္ ဆိုး႐ြားတဲ့ လူ႔အခြင့္အေရးမွတ္တမ္းမ်ား၊ အေနာက္ႏိုင္ငံသား အားကစားသမားမ်ားနဲ႔ မီဒီယာအမ်ားစုတို႔အတြက္ မသင့္ေလ်ာ္တဲ့ ပ်မ္းမွ် အပူခ်ိန္ ၄ဝ ဒသမ ၅ ဒီဂရီဆဲလ္စီးယပ္စ္ေက်ာ္ရာသီဥတုအပါအဝင္ အခ်က္ (၆)ခ်က္တို႔ဟာ အျပင္းအထန္ေဝဖန္စရာ ျဖစ္ခဲ့ရပါတယ္။ ႏိုင္ငံအေတာ္မ်ားမ်ားနဲ႔ ကလပ္အသင္းတို႔ဟာ ကာတာဖလားပြဲကို သပိတ္ေမွာက္ဖို႔အထိ စီစဥ္ခဲ့ာကပါတယ္။ ဖီဖာဥကၠ႒ေဟာင္း ဆက္ဘလတာဆို ကာတာကို အိမ္ရွင္အျဖစ္ေ႐ြးခ်ယ္မိရင္ အမွားႀကီး မွားလိမ့္မယ္လို႔ (၈)ႏွစ္ေစာၿပီး ႏွစ္ႀကိမ္တိုင္ မွတ္ခ်က္ေပးခဲ့ပါတယ္။

ကမာၻ႔ဖလားပြဲက်င္းစဥ္အတြင္း မြတ္စလင္ႏိုင္ငံဟာ သီးသန႔္ Fan-Zone မ်ား ထူေထာင္ေပးၿပီး အရက္ဝယ္ယူခြင့္နဲ႔ ကြင္းအတြင္း ပရိႆတ္တို႔အေနနဲ႔ အရက္ေသာက္ခြင့္ကိုလည္း လိုက္ေလ်ာမွာျဖစ္ေၾကာင္း ကာတာေဘာလုံးအားကစားက်င္းပေရးေကာ္မတီ အမႈေဆာင္အရာရွိခ်ဳပ္က ကတိေပးပါတယ္။ ကမာၻ႔ဖလားပြဲ စတင္တဲ့ ႏိုဝင္ဘာလ ၁၈ ရက္မွာေတာ့ မူဝါဒေျပာင္းလဲသြားၿပီး ကာတာရဲ႕ အားကစားကြင္း ၈-ခုအတြင္း ပရိႆတ္မ်ားကို အေဖ်ာ္ယမကာေရာင္းခ်ျခင္းမွ ပိတ္ပင္ေၾကာင္း၊ အားကစား႐ုံအတြင္း သတ္မွတ္ထားတဲ့ ေနရာမ်ား၌သာ အရက္ေသာက္ ခြင့္ရွိေၾကာင္း တရားဝင္ထုတ္ျပန္ေၾကညာပါတယ္။ အားကစားကြင္းနဲ႔ အက်ဳံးဝင္နယ္ေျမမ်ားမွာေတာ့ အရက္ဝယ္ယူခြင့္ရွိၿပီး FIFA ရဲ႕ အဓိက စပြန္ဆာျဖစ္သူ Budweiser ကုမၸဏီက ဘီယာေရာင္းခ်ဖို႔ သီး သန႔္အခြင့္အေရး ရရွိပါတယ္။ ဒါေပမဲ့ ကာတာရဲ႕ တရားစီရင္ေရး စနစ္အရ လူအမ်ားေရွ႕ေမွာက္ အရက္ေသာက္ျခင္းဟာ ဒဏ္ေငြ ၈၂၅ ေဒၚလာမွ ေထာင္ဒဏ္အထိ အျပစ္ေပးႏိုင္တယ္လို႔ BBC က ေဖာ္ျပပါတယ္။

ကာတာကမာၻ႔ဖလားပြဲမွာ အထူးသျဖင့္ LGBTQ ေထာက္ခံသူမ်ားအေပၚ တင္းတင္းၾကပ္ၾကပ္တားဆီးျခင္းနဲ႔ ျပည္ပမွ လာေရာက္အားေပးသူ ႏိုင္ငံတကာအားကစားပရိႆတ္မ်ားအတြင္း ကာတာႏိုင္ငံအေပၚ ကန႔္ကြက္ရႈတ္ခ်ခဲ့ဖူးသူ ဟုတ္-မဟုတ္ စိစစ္ျခင္းတို႔ဟာ လူမ်ိဳးေရး ခြဲျခားရာ ေရာက္ရွိတယ္လို႔ စြပ္စြဲမႈမ်ား ေပၚထြက္ခဲ့ပါတယ္။

အေမရိကန္အားကစားသတင္းေထာက္ ဂရန႔္ဝါးလ္ဟာ LGBT အမွတ္အသား သက္တန႔္ေရာင္တံဆိပ္ပါ တီရွပ္ကို ဝတ္ဆင္လာမိတဲ့အတြက္ ကြင္းေပါက္ဝ လုံၿခဳံေရးတို႔က တားဆီးခဲ့ေၾကာင္း၊ တီရွပ္ကိုလည္း ခ်က္ခ်င္းခြၽတ္ခိုင္းၿပီး အေမရိကန္နဲ႔ ေဝးလ္တို႔ရဲ႕ ယွဥ္ၿပိဳင္ပြဲမွာ သတင္းယူခြင့္ကိုလည္း ပိတ္ပင္လိုက္တယ္လို႔ သိရွိရပါတယ္။

( Vox., 25 November 2022,” What else Qatar has built with its absurd wealth besides the 2022 World Cup” ႏွင့္ အျခားဆက္စပ္သတင္းမ်ားကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.