စစ်ကိုင်းတိုင်းအတွင်းရှိ ဆေးရုံများနှင့် ဝေးကွာသော ဒေသများတွင် မြွေဆိပ်ဖြေဆေးအခက်အခဲများရှိနေပြီး အသက်ဆုံးရှုံးမှုများပါရှိနေ

 719

NP News - နိုဝင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဆေးရုံများနှင့် ဝေးကွာသော ဒေသများတွင် မြွေဆိပ်ဖြေဆေးအခက်အခဲများရှိနေကြောင်း ‌ဒေသခံများထံမှ သိရသည်။

“ဒီဘက်တွေက မြွေပေါတယ်လို့ ပြောလို့ရတယ်ဗျ။ လက်ရှိကတော့ ကတ္တရာလမ်းနဲ့ (၇)မိုင်၊ (၈)မိုင်လောက်ဝေးတဲ့ တောဘက်တွေကြတော့ မြေဆိပ်ဖြေဆေးတော်တော်လိုတာပေါ့ဗျာ” ဟု ဓမ္မမာမကလမ်းပြကြယ်အသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကိုပြောသည်။

အဆိုပါ တောဘက်တွင် မြွေကိုက်ခံရသည့် လူနာများအတွက် ပရဟိတအသင်းများမှစုပြီး မြွေဆိပ်ဖြေဆေးများကို ဆောင်ထားကြရကြောင်း ၎င်းမှဆက်လက်ပြော သည်။

ထို့ပြင် ဆေးရုံသွားရန် နာရီနှင့်ချီ၍ ကြာမြင့်မည့်လူနာများအတွက် ပရဟိတအသင်းများမှ ကျန်းမာရေးမှူးများနှင့်ချိတ်ဆက်ပြီး မြွေဆိပ်ဖြေဆေးထိုးရန်လိုအပ်ခြင်းကြောင့် ဆေးလှူဒါန်းမည့်သူများလိုအပ်နေကြောင်း သိရသည်။

“အရင်ရက်ပိုင်းတွေကတော့ ဆေးအခက်အခဲတွေကြောင့် ဆုံးသွားတာ တွေတော့ရှိတာပေါ့။ လတ်တလောကတော့ ဆုံးတာတော့ မရှိသေးပါဘူး” ဟု အထက်ပါပရဟိ တအဖွဲ့မှ ဆိုသည်။

မြွေဆိပ်ဖြေဆေးသည် ဆေးရုံများတွင် အလုံအလောက်ရှိသော်လည်း နယ်ဘက်ဒေသများ အပါအဝင် ဆေးရုံနှင့်ဝေးသော ဒေသများ၌ အသက်ကယ်ထိုးနှံရန်အတွက် မြွေဆိပ်ဖြေဆေးတစ်လုံးလျှင် ငွေကျပ်(၁ဝဝဝဝ)နှုန်းဖြင့် ဝယ်ယူနေရကြောင်း အဆိုပါ ပရဟိတအသင်းမှ ဆိုထားသည်။

ကုသရေးဦးစီးဌာနအနေဖြင့် စက်မှုဝန်ကြီးဌာနက ထုတ်လုပ်သော မြွေဆိပ်ဖြေဆေးများကို နှစ်အလိုက် ဌာနရန်ပုံငွေဖြင့် ဝယ်ယူပြီး ပြည်သူ့ဆေးရုံများသို့ လုပ်ငန်းလို အပ်ချက်နှင့်အညီ ဖြန့်ဖြူးပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဆိုသည်။

လက်ရှိတွင် ပြည်သူ့ဆေးရုံကြီး(ကန့်ဘလူမြို့)သို့ နိုဝင်ဘာလ(၁၄)ရက်၌ စစ်ကိုင်း တိုင်းကုသရေးဌာနအစီအစဉ်ဖြင့် ပြည်သူ့ဆေးရုံ (မုံရွာမြို့) မှ ASV(Viper) ၅ဝလုံး လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာလ(၁၅)ရက်တွင်လည်း ဗဟိုဆေးသိုလှောင်ရေးဌာန(မန္တလေး)မှ ASV(Viper) ၂ဝဝလုံး ထောက်ပံ့ပေးခဲ့၍ ပြီးခဲ့သည့် နိုဝင်ဘာလ (၂၆)ရက်အထိ မြွေဆိပ်ဖြေဆေး လက်ကျန်မှာ ASV(Viper) (၂၃၇)လုံးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

zawgyi version
စစ္ကိုင္းတိုင္းအတြင္းရွိ ေဆး႐ုံမ်ားႏွင့္ ေဝးကြာေသာ ေဒသမ်ားတြင္ ေႁမြဆိပ္ေျဖေဆးအခက္အခဲမ်ားရွိေနၿပီး အသက္ဆုံးရႈံးမႈမ်ားပါရွိေန
NP News - ႏိုဝင္ဘာ ၂၇

စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕နယ္အတြင္းရွိ ေဆး႐ုံမ်ားႏွင့္ ေဝးကြာေသာ ေဒသမ်ားတြင္ ေႁမြဆိပ္ေျဖေဆးအခက္အခဲမ်ားရွိေနေၾကာင္း ‌ေဒသခံမ်ားထံမွ သိရသည္။

“ဒီဘက္ေတြက ေႁမြေပါတယ္လို႔ ေျပာလို႔ရတယ္ဗ်။ လက္ရွိကေတာ့ ကတၱရာလမ္းနဲ႔ (၇)မိုင္၊ (၈)မိုင္ေလာက္ေဝးတဲ့ ေတာဘက္ေတြၾကေတာ့ ေျမဆိပ္ေျဖေဆးေတာ္ေတာ္လိုတာေပါ့ဗ်ာ” ဟု ဓမၼမာမကလမ္းျပၾကယ္အသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ေတာဘက္တြင္ ေႁမြကိုက္ခံရသည့္ လူနာမ်ားအတြက္ ပရဟိတအသင္းမ်ားမွစုၿပီး ေႁမြဆိပ္ေျဖေဆးမ်ားကို ေဆာင္ထားၾကရေၾကာင္း ၎မွဆက္လက္ေျပာ သည္။

ထို႔ျပင္ ေဆး႐ုံသြားရန္ နာရီႏွင့္ခ်ီ၍ ၾကာျမင့္မည့္လူနာမ်ားအတြက္ ပရဟိတအသင္းမ်ားမွ က်န္းမာေရးမႉးမ်ားႏွင့္ခ်ိတ္ဆက္ၿပီး ေႁမြဆိပ္ေျဖေဆးထိုးရန္လိုအပ္ျခင္းေၾကာင့္ ေဆးလႉဒါန္းမည့္သူမ်ားလိုအပ္ေနေၾကာင္း သိရသည္။

“အရင္ရက္ပိုင္းေတြကေတာ့ ေဆးအခက္အခဲေတြေၾကာင့္ ဆုံးသြားတာ ေတြေတာ့ရွိတာေပါ့။ လတ္တေလာကေတာ့ ဆုံးတာေတာ့ မရွိေသးပါဘူး” ဟု အထက္ပါပရဟိ တအဖြဲ႕မွ ဆိုသည္။

ေႁမြဆိပ္ေျဖေဆးသည္ ေဆး႐ုံမ်ားတြင္ အလုံအေလာက္ရွိေသာ္လည္း နယ္ဘက္ေဒသမ်ား အပါအဝင္ ေဆး႐ုံႏွင့္ေဝးေသာ ေဒသမ်ား၌ အသက္ကယ္ထိုးႏွံရန္အတြက္ ေႁမြဆိပ္ေျဖေဆးတစ္လုံးလွ်င္ ေငြက်ပ္(၁ဝဝဝဝ)ႏႈန္းျဖင့္ ဝယ္ယူေနရေၾကာင္း အဆိုပါ ပရဟိတအသင္းမွ ဆိုထားသည္။

ကုသေရးဦးစီးဌာနအေနျဖင့္ စက္မႈဝန္ႀကီးဌာနက ထုတ္လုပ္ေသာ ေႁမြဆိပ္ေျဖေဆးမ်ားကို ႏွစ္အလိုက္ ဌာနရန္ပုံေငြျဖင့္ ဝယ္ယူၿပီး ျပည္သူ႔ေဆး႐ုံမ်ားသို႔ လုပ္ငန္းလို အပ္ခ်က္ႏွင့္အညီ ျဖန႔္ျဖဴးေပးလ်က္ရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ ဆိုသည္။

လက္ရွိတြင္ ျပည္သူ႔ေဆး႐ုံႀကီး(ကန႔္ဘလူၿမိဳ႕)သို႔ ႏိုဝင္ဘာလ(၁၄)ရက္၌ စစ္ကိုင္း တိုင္းကုသေရးဌာနအစီအစဥ္ျဖင့္ ျပည္သူ႔ေဆး႐ုံ (မုံ႐ြာၿမိဳ႕) မွ ASV(Viper) ၅ဝလုံး လႊဲေျပာင္းေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ႏိုဝင္ဘာလ(၁၅)ရက္တြင္လည္း ဗဟိုေဆးသိုေလွာင္ေရးဌာန(မႏၲေလး)မွ ASV(Viper) ၂ဝဝလုံး ေထာက္ပံ့ေပးခဲ့၍ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ (၂၆)ရက္အထိ ေႁမြဆိပ္ေျဖေဆး လက္က်န္မွာ ASV(Viper) (၂၃၇)လုံးရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွ သိရသည္။

Picture

Htun Aung Kyaw

28/11/2022 08:45

မြွေကိုက်ခံရတဲ့ ပဒက်တွေ အတော်များတယ်ဗျ ။ fb နဲ့ telegram မှာ မြေဆိပ်ဖြေဆေး အလှူခံနေကြတာ မနဲဘူး

Related news

© 2021. All rights reserved.