သမ္မတရှီကျင့်ဖျင်ကို ရာထူးမှနုတ်ထွက်ဖို့ တောင်းဆိုဆန္ဒပြမှုတွေဖြစ်ပွား

 997

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၇

တရုတ်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ zero-Covid policy မူဝါဒတွေကို မကျေနပ်တဲ့အတွက် တရုတ်နိုင်ငံမှာဆန္ဒပြပွဲတွေစတင်ဖြစ်လာခဲ့ပြီး နိုဝင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းက ရှန်ဟိုင်းမြို့မှာ စိတ်ဆိုးဒေါသဖြစ်နေတဲ့လူအုပ်ကြီးက ဆန္ဒပြခဲ့ကာ သမ္မတရှီကျင့်ဖျင်ကို ရာထူးက နုတ်ထွက်ဖို့တောင်းဆိုမှုတွေလည်းရှိခဲ့ကြောင်းသိရပါတယ်။

ရှန်ဟိုင်းမြို့အပြင် အခြားမြို့တွေမှာလည်း ဆန္ဒပြပွဲများဖြစ်ခဲ့ကြောင်း လူမူကွန်ရက်တွေမှာဖော်ပြလျက်ရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့သတ်မှတ်ထားတဲ့စည်းကမ်းတွေက တင်းကြပ်လွန်းတဲ့အတွက် ပြည်သူတွေကြားစိတ်ဆိုးဒေါသဖြစ်နေပြီး ဆန့်ကျင်ဆန္ဒပြလာခဲ့ကြောင်းသိရပါတယ်။ တရုတ် ရှန်ကျန်းဒေသရှိ Urumqi မြို့မှာလည်း နိုဝင်ဘာလ ၂၆ ရက်က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်တဲ့ စည်းကမ်းတွေကို ပြည်သူတွေ ဆန္ဒခဲ့ပါတယ်။

ရှန်ဟိုင်းမြို့လယ်ရှိ Wulumuqi လမ်းမကြီးမှာဖြစ်ခဲ့တဲ့ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတွေက သမ္မတ ရှီကျင့်ဖျင်ရာထူးက ဆင်းပေးဖို့ ၊ တရုတ်အာဏာရကွန်မြူနစ်ပါတီ ထွက်ပေးဖို့ စတဲ့ကြွေးကြော်သံတွေ အော်ဟစ်ကြွေးကြော်ခဲ့ကြောင်းသိရပါတယ်။ဆန္ဒပြပွဲမှာပါဝင်ခဲ့သူတစ်ဦးက ရဲတွေနဲ့ထိပ်တိုက်တွေ့ဆုံတာမျိုးတွေရှိခဲ့ကြောင်း၊ဆိုပါတယ်။ ဆန္ဒပြပွဲကိုတွေ့မြင်ခဲ့သူတစ်ဦးကတော့"လူတွေရဲ့စိတ်ခံစားမှုတွေ ပေါက်ကွဲလာခဲ့တာဖြစ်တယ်။ လူတွေဟာ စုစည်းညီညွတ်စွာနဲ့ လုပ်ဆောင်လာခဲ့တယ်။ ဒီဆန္ဒပြပွဲတွေက အံအားသင့်စရာဖြစ်စေခဲ့တယ်။ ရဲရင့်တဲ့လူအများပြားဟာ လမ်းပေါ်ထွက်ဆန္ဒပြလာခဲ့တယ်"လို့ပြောပါတယ်။

ဆန္ဒပြပွဲမှာပါဝင်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတာမျိုးတွေလည်းရှိခဲ့ကြောင်းမျက်မြင်တွေ့ရှိသူများကပြောပါတယ်။ တရုတ်နိုင်ငံရှိ တက္ကသိုလ်အချို့မှာလည်း ညလုံးပေါက်အိပ်စက်ခြင်းမပြုဘဲ ဆန္ဒပြခြင်းများရှိနေခဲ့ကြောင်း ပီကင်း တက္ကသိုလ်အပါအဝင် တက္ကသိုလ်အချို့မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့စည်းကမ်းတွေကို ဆန္ဒပြမှုအဖြစ် ညမအိပ်ဘဲ နေထိုင်ခြင်းများရှိနေခဲ့ကြောင်း၊ တက္ကသိုလ်တွေရဲ့နံရံတွေမှာ ကိုရိုနာဗိုင်းရပ်စ် စည်းကမ်းတွေကိုဆန့်ကျင့်တဲ့စာသားတွေ ကိုရေးသားချိတ်ဆွဲထားတာမျိုးတွေရှိနေခဲ့ကြောင်းသိရပါတယ်။

zawgyi version
သမၼတရွီက်င့္ဖ်င္ကို ရာထူးမွႏုတ္ထြက္ဖို႔ ေတာင္းဆိုဆႏၵျပမႈေတြျဖစ္ပြား
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၇

တ႐ုတ္အစိုးရရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး သတ္မွတ္ထားတဲ့ zero-Covid policy မူဝါဒေတြကို မေက်နပ္တဲ့အတြက္ တ႐ုတ္ႏိုင္ငံမွာဆႏၵျပပြဲေတြစတင္ျဖစ္လာခဲ့ၿပီး ႏိုဝင္ဘာလ ၂၇ ရက္၊ နံနက္ပိုင္းက ရွန္ဟိုင္းၿမိဳ႕မွာ စိတ္ဆိုးေဒါသျဖစ္ေနတဲ့လူအုပ္ႀကီးက ဆႏၵျပခဲ့ကာ သမၼတရွီက်င့္ဖ်င္ကို ရာထူးက ႏုတ္ထြက္ဖို႔ေတာင္းဆိုမႈေတြလည္းရွိခဲ့ေၾကာင္းသိရပါတယ္။

ရွန္ဟိုင္းၿမိဳ႕အျပင္ အျခားၿမိဳ႕ေတြမွာလည္း ဆႏၵျပပြဲမ်ားျဖစ္ခဲ့ေၾကာင္း လူမူကြန္ရက္ေတြမွာေဖာ္ျပလ်က္ရွိေနပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး တ႐ုတ္အစိုးရရဲ႕သတ္မွတ္ထားတဲ့စည္းကမ္းေတြက တင္းၾကပ္လြန္းတဲ့အတြက္ ျပည္သူေတြၾကားစိတ္ဆိုးေဒါသျဖစ္ေနၿပီး ဆန႔္က်င္ဆႏၵျပလာခဲ့ေၾကာင္းသိရပါတယ္။ တ႐ုတ္ ရွန္က်န္းေဒသရွိ Urumqi ၿမိဳ႕မွာလည္း ႏိုဝင္ဘာလ ၂၆ ရက္က ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါနဲ႔ပတ္သက္တဲ့ စည္းကမ္းေတြကို ျပည္သူေတြ ဆႏၵခဲ့ပါတယ္။

ရွန္ဟိုင္းၿမိဳ႕လယ္ရွိ Wulumuqi လမ္းမႀကီးမွာျဖစ္ခဲ့တဲ့ဆႏၵျပပြဲအတြင္း ဆႏၵျပသူေတြက သမၼတ ရွီက်င့္ဖ်င္ရာထူးက ဆင္းေပးဖို႔ ၊ တ႐ုတ္အာဏာရကြန္ျမဴနစ္ပါတီ ထြက္ေပးဖို႔ စတဲ့ေႂကြးေၾကာ္သံေတြ ေအာ္ဟစ္ေႂကြးေၾကာ္ခဲ့ေၾကာင္းသိရပါတယ္။ဆႏၵျပပြဲမွာပါဝင္ခဲ့သူတစ္ဦးက ရဲေတြနဲ႔ထိပ္တိုက္ေတြ႕ဆုံတာမ်ိဳးေတြရွိခဲ့ေၾကာင္း၊ဆိုပါတယ္။ ဆႏၵျပပြဲကိုေတြ႕ျမင္ခဲ့သူတစ္ဦးကေတာ့"လူေတြရဲ႕စိတ္ခံစားမႈေတြ ေပါက္ကြဲလာခဲ့တာျဖစ္တယ္။ လူေတြဟာ စုစည္းညီၫြတ္စြာနဲ႔ လုပ္ေဆာင္လာခဲ့တယ္။ ဒီဆႏၵျပပြဲေတြက အံအားသင့္စရာျဖစ္ေစခဲ့တယ္။ ရဲရင့္တဲ့လူအမ်ားျပားဟာ လမ္းေပၚထြက္ဆႏၵျပလာခဲ့တယ္"လို႔ေျပာပါတယ္။

ဆႏၵျပပြဲမွာပါဝင္သူမ်ားကို ရဲတပ္ဖြဲ႕က ဖမ္းဆီးသြားတာမ်ိဳးေတြလည္းရွိခဲ့ေၾကာင္းမ်က္ျမင္ေတြ႕ရွိသူမ်ားကေျပာပါတယ္။ တ႐ုတ္ႏိုင္ငံရွိ တကၠသိုလ္အခ်ိဳ႕မွာလည္း ညလုံးေပါက္အိပ္စက္ျခင္းမျပဳဘဲ ဆႏၵျပျခင္းမ်ားရွိေနခဲ့ေၾကာင္း ပီကင္း တကၠသိုလ္အပါအဝင္ တကၠသိုလ္အခ်ိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္တဲ့စည္းကမ္းေတြကို ဆႏၵျပမႈအျဖစ္ ညမအိပ္ဘဲ ေနထိုင္ျခင္းမ်ားရွိေနခဲ့ေၾကာင္း၊ တကၠသိုလ္ေတြရဲ႕နံရံေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ စည္းကမ္းေတြကိုဆန႔္က်င့္တဲ့စာသားေတြ ကိုေရးသားခ်ိတ္ဆြဲထားတာမ်ိဳးေတြရွိေနခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.