ဇင်းကျိုက်မြို့၌ ကလေးငယ်(၁၂)ဦး ခွေးရူးကိုက်ခံခဲ့ရပြီး အများစုမှာ ဦးခေါင်း၊ လက်၊ ခြေထောက် ပေါက်ပြဲဒဏ်ရာများရရှိ

 883

ဓါတ်ပုံ-ကိုဇော်မင်း(မိုးချယ်ရီ)

NP News - နိုဝင်ဘာ ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဇင်းကျိုက်မြို့၌ ကလေးငယ်(၁၂)ဦး ခွေးရူးတစ်ကောင်၏ ကိုက်ခြင်းကိုခံခဲ့ရပြီး အများစုမှာ ဦးခေါင်း၊ လက်၊ ခြေထောက်ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာလ ၂၇ ရက်) ၊ နံနက် ၉ နာရီအချိန်ခန့်တွင် ဇင်းကျိုက်မြို့ပေါ်ရှိ ဖလပ်ရပ်ကွက်၊ ဇင်းကျိုက်ဗိုလ်ချုပ်ဈေးနှင့် ခလောက်အင်းရပ်ကွက်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပေါင်မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က NP News ကိုပြောသည်။

“စဖြစ်တာက ဇင်းကျိုက်မှာ (၄)ရပ်ကွက်ရှိတဲ့အထဲမှာ ဖလပ်ရပ်ကွက်ကနေ စဖြစ်တာပေါ့။ ဖလပ်ရပ်ကွက် ဒေသအခေါ်အရတော့ မယ်ဇလီပိုင်း အောက်လမ်းကနေပြီးတော့ ကျောင်းသားကလေးတစ်ယောက်ဝင်ပြီး စကိုက်တာပေါ့။ စကိုက်ပြီးတော့ အဲဒီကနေ ဈေးအထိကို တောက်လျှောက်ကိုက်သွားတာပေါ့။ ဈေးရောက်ပြီးတော့ တစ်ခါ ခလောက်အင်းရပ်ကွက်ဘက်ကို ဆက်သွားတာပေါ့။ အကိုက်ခံရတဲ့ သူတွေကို ဆေးရုံကို ကူညီပို့ဆောင်ပေးလိုက်တယ်”ဟု ဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က ပြော သည်။

ကလေးငယ်(၁၂)ဦးအား ကိုက်ခဲ့သည့် ခွေးရူးကို သေနတ်ဖြင့် ပစ်ခတ်ကာ ရှင်းလင်းခဲ့ကြောင်း သိရသည်။

“ခလောက်အင်းရပ်ကွက်လောက် ရောက်မှပဲ ဒီသတင်းက နည်းနည်းပျံ့လာတော့ လူတွေလည်း သိလာကြတယ်။ ဝိုင်းလိုက်တော့ အဲဒီမှာ ခွေးကို အသေရတာပေါ့။ ခွေးကိုကတော့ ပြည်သူတွေနဲ့ စခန်းက ရဲတွေက ဝိုင်းလိုက်ရင်းနဲ့ ချောင်ပိတ်မိနေတဲ့အချိန်မှာ ခွေးကို ပစ်ပြီးတော့ ရှင်းလိုက်တာပါ” ဟု ၎င်းက ဆက်လက်ပြော သည်။

လက်ရှိအချိန်တွင် ခွေးရူးကိုက်ခံရသူများအား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကာပေါင်မြို့နယ်ဆေးရုံ၌ ခွေးရူးကာကွယ်ဆေးလိုအပ်ချက်များ ရှိနေကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။

အဆိုပါရပ်ကွက်များအတွင်းနေထိုင်သည့် အသက်(၂)နှစ်အရွယ်မှစ၍ (၁၆)နှစ်အ တွင်းရှိ ကလေးငယ်စုစုပေါင်း (၁၂)ဦး ခွေးရူးကိုက်ခံခဲ့ရကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို အသိပေးပြောဆိုထားသည်။

ထိုသိုခွေးရူးကိုက်ခြင်းခံရသည့်အတွက် ကလေးငယ်အများစုတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ လက်ပေါက်ပြဲဒဏ်ရာ၊ ခြေထောက်ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အလားတူ ပြီးခဲ့သော စက်တင်ဘာလအတွင်းကလည်း ဇင်းကျိုက်မြို့၌ လူဦး(၂ဝ)ခန့် ခွေးရူးကိုက်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
ဇင္းက်ိဳက္ၿမိဳ႕၌ ကေလးငယ္(၁၂)ဦး ေခြး႐ူးကိုက္ခံခဲ့ရၿပီး အမ်ားစုမွာ ဦးေခါင္း၊ လက္၊ ေျခေထာက္ ေပါက္ၿပဲဒဏ္ရာမ်ားရရွိ
NP News - ႏိုဝင္ဘာ ၂၇

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္ရွိ ဇင္းက်ိဳက္ၿမိဳ႕၌ ကေလးငယ္(၁၂)ဦး ေခြး႐ူးတစ္ေကာင္၏ ကိုက္ျခင္းကိုခံခဲ့ရၿပီး အမ်ားစုမွာ ဦးေခါင္း၊ လက္၊ ေျခေထာက္ေပါက္ၿပဲဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ႏိုဝင္ဘာလ ၂၇ ရက္) ၊ နံနက္ ၉ နာရီအခ်ိန္ခန႔္တြင္ ဇင္းက်ိဳက္ၿမိဳ႕ေပၚရွိ ဖလပ္ရပ္ကြက္၊ ဇင္းက်ိဳက္ဗိုလ္ခ်ဳပ္ေဈးႏွင့္ ခေလာက္အင္းရပ္ကြက္တို႔တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေပါင္ၿမိဳ႕နယ္ၾကက္ေျခနီအသင္းဥကၠ႒ ဦးေအာင္မင္းႏိုင္က NP News ကိုေျပာသည္။

“စျဖစ္တာက ဇင္းက်ိဳက္မွာ (၄)ရပ္ကြက္ရွိတဲ့အထဲမွာ ဖလပ္ရပ္ကြက္ကေန စျဖစ္တာေပါ့။ ဖလပ္ရပ္ကြက္ ေဒသအေခၚအရေတာ့ မယ္ဇလီပိုင္း ေအာက္လမ္းကေနၿပီးေတာ့ ေက်ာင္းသားကေလးတစ္ေယာက္ဝင္ၿပီး စကိုက္တာေပါ့။ စကိုက္ၿပီးေတာ့ အဲဒီကေန ေဈးအထိကို ေတာက္ေလွ်ာက္ကိုက္သြားတာေပါ့။ ေဈးေရာက္ၿပီးေတာ့ တစ္ခါ ခေလာက္အင္းရပ္ကြက္ဘက္ကို ဆက္သြားတာေပါ့။ အကိုက္ခံရတဲ့ သူေတြကို ေဆး႐ုံကို ကူညီပို႔ေဆာင္ေပးလိုက္တယ္”ဟု ဥကၠ႒ ဦးေအာင္မင္းႏိုင္က ေျပာ သည္။

ကေလးငယ္(၁၂)ဦးအား ကိုက္ခဲ့သည့္ ေခြး႐ူးကို ေသနတ္ျဖင့္ ပစ္ခတ္ကာ ရွင္းလင္းခဲ့ေၾကာင္း သိရသည္။

“ခေလာက္အင္းရပ္ကြက္ေလာက္ ေရာက္မွပဲ ဒီသတင္းက နည္းနည္းပ်ံ႕လာေတာ့ လူေတြလည္း သိလာၾကတယ္။ ဝိုင္းလိုက္ေတာ့ အဲဒီမွာ ေခြးကို အေသရတာေပါ့။ ေခြးကိုကေတာ့ ျပည္သူေတြနဲ႔ စခန္းက ရဲေတြက ဝိုင္းလိုက္ရင္းနဲ႔ ေခ်ာင္ပိတ္မိေနတဲ့အခ်ိန္မွာ ေခြးကို ပစ္ၿပီးေတာ့ ရွင္းလိုက္တာပါ” ဟု ၎က ဆက္လက္ေျပာ သည္။

လက္ရွိအခ်ိန္တြင္ ေခြး႐ူးကိုက္ခံရသူမ်ားအား ကာကြယ္ေဆးထိုးႏွံေပးၿပီးျဖစ္ကာေပါင္ၿမိဳ႕နယ္ေဆး႐ုံ၌ ေခြး႐ူးကာကြယ္ေဆးလိုအပ္ခ်က္မ်ား ရွိေနေၾကာင္းလည္း ေဒသခံမ်ားက ေျပာဆိုေနၾကသည္။

အဆိုပါရပ္ကြက္မ်ားအတြင္းေနထိုင္သည့္ အသက္(၂)ႏွစ္အ႐ြယ္မွစ၍ (၁၆)ႏွစ္အ တြင္းရွိ ကေလးငယ္စုစုေပါင္း (၁၂)ဦး ေခြး႐ူးကိုက္ခံခဲ့ရေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို အသိေပးေျပာဆိုထားသည္။

ထိုသိုေခြး႐ူးကိုက္ျခင္းခံရသည့္အတြက္ ကေလးငယ္အမ်ားစုတြင္ ဦးေခါင္းေပါက္ၿပဲဒဏ္ရာ၊ လက္ေပါက္ၿပဲဒဏ္ရာ၊ ေျခေထာက္ေပါက္ၿပဲဒဏ္ရာမ်ား အသီးသီးရရွိခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

အလားတူ ၿပီးခဲ့ေသာ စက္တင္ဘာလအတြင္းကလည္း ဇင္းက်ိဳက္ၿမိဳ႕၌ လူဦး(၂ဝ)ခန႔္ ေခြး႐ူးကိုက္ခံရသည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.