ယူဂန်ဒါနိုင်ငံမှာ အီဘိုလာ ကူးစက်ပျံ့နှံ့နေတဲ့ ဗဟိုခရိုင်နှစ်ခုကို ၂၁ ရက်ကြာ လော့ဒေါင်းချမှတ်

 397

ရောင်နီ (NP News) - နိုဝင်ဘာ ၂၇

ယူဂန်ဒါသမ္မတ ရိုဝါရီမူဆယ်ဗန်နီက လွန်ခဲ့တဲ့ တစ်လနီးပါးခန့်ကတည်းက အီဘိုလာ ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွား နေပြီး လူ ၁၉ ဦး သေဆုံးစေခဲ့တဲ့ အလယ်ပိုင်းခရိုင် ၂ ခုကို ၂၁ ရက်ကြာ လော့ဒေါင်းချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အရှေ့အာဖရိကနိုင်ငံဖြစ်တဲ့ ယူဂန်ဒါရဲ့ မူဘင်ဒဲ နဲ့ ကတ်ဆန်ဒါ ခရိုင် ၂ ခု မှာ အီဘိုလာကူးစက်ပျံ့နှံ့မှုများ တိုးမြှင့် လာခြင်းကြောင့် အဆိုပါခရိုင်များအကြား ခရီးသွားလာမှုကို ကန့်သတ်ထားကြောင်း မူဆယ်ဗန်နီ က နိုဝင်ဘာလ ၂၆ ရက်၊ စနေနေ့နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ကုန်တင်ထရပ်ကားများနဲ့ အီဘိုလာ တုံ့ပြန်ရေးယာဉ်များမှလွဲလို့ အများသူငှာ သယ်ယူပို့ဆောင်ရေး၊ ကိုယ်ပိုင်ကား များနဲ့ ဆိုင်ကယ်တက္ကစီများကို လည်ပတ်ခွင့်မပြုကြောင်းနဲ့ ဒေသများမှာ နေဝင်ရီတရော အချိန်မှစ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားကြောင်း ၎င်းက ဆိုပါတယ်။

ယူဂန်ဒါမှာ အီဘိုလာ ဆူဒန် ရောဂါပိုးကို တွေ့ရှိခဲ့ပြီး ယခုအချိန်အထိ လူပေါင်း ၅၈ ဦး ကူးစက်ခံထားရပြီဖြစ်ကာ ပြန်လည်ကောင်းမွန်လာသူ ၂ဝ ဦးသာ ရှိကြောင်း၊ ရောဂါဖြစ်ပွားမှုကို ဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်ပေမယ့်လည်း အခြေအနေဟာ နုနယ်ဆဲဖြစ်ကြောင်း၊ နိုင်ငံရဲ့အားနည်းသော ကျန်းမာရေးစနစ်နဲ့ ရောဂါနဲ့ပတ်သက်တဲ့ သတင်း မှားများ ဖြန့်ဝေမှုဟာ စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း မူဆယ်ဗန်နီ က ပြောကြားပါတယ်။

အီဘိုလာအတွက် ကုသဆေးမရှိပေမယ့်လည်း ရောဂါဖြစ်ပွားမှုကို စောစီးစွာ ဖော်ထုတ်ခြင်းနဲ့ ရောဂါလက္ခဏာများကို ကုသခြင်းဟာ အသက်ဆုံးရှုံးနိုင်ခြင်းကို လျော့နည်းစေတယ်လို့ သိရပါတယ်။

Zawgyi Version;
ယူဂန္ဒါႏိုင္ငံမွာ အီဘိုလာ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ ဗဟိုခ႐ိုင္ႏွစ္ခုကို ၂၁ ရက္ၾကာ ေလာ့ေဒါင္းခ်မွတ္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၇

ယူဂန္ဒါသမၼတ ႐ိုဝါရီမူဆယ္ဗန္နီက လြန္ခဲ့တဲ့ တစ္လနီးပါးခန႔္ကတည္းက အီဘိုလာ ကူးစက္ပ်ံ႕ႏွံ႔မႈမ်ား ျဖစ္ပြား ေနၿပီး လူ ၁၉ ဦး ေသဆုံးေစခဲ့တဲ့ အလယ္ပိုင္းခ႐ိုင္ ၂ ခုကို ၂၁ ရက္ၾကာ ေလာ့ေဒါင္းခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။

အေရွ႕အာဖရိကႏိုင္ငံျဖစ္တဲ့ ယူဂန္ဒါရဲ႕ မူဘင္ဒဲ နဲ႔ ကတ္ဆန္ဒါ ခ႐ိုင္ ၂ ခု မွာ အီဘိုလာကူးစက္ပ်ံ႕ႏွံ႔မႈမ်ား တိုးျမႇင့္ လာျခင္းေၾကာင့္ အဆိုပါခ႐ိုင္မ်ားအၾကား ခရီးသြားလာမႈကို ကန႔္သတ္ထားေၾကာင္း မူဆယ္ဗန္နီ က ႏိုဝင္ဘာလ ၂၆ ရက္၊ စေနေန႔ေႏွာင္းပိုင္းမွာ ေျပာၾကားခဲ့ပါတယ္။

ကုန္တင္ထရပ္ကားမ်ားနဲ႔ အီဘိုလာ တုံ႔ျပန္ေရးယာဥ္မ်ားမွလြဲလို႔ အမ်ားသူငွာ သယ္ယူပို႔ေဆာင္ေရး၊ ကိုယ္ပိုင္ကား မ်ားနဲ႔ ဆိုင္ကယ္တကၠစီမ်ားကို လည္ပတ္ခြင့္မျပဳေၾကာင္းနဲ႔ ေဒသမ်ားမွာ ေနဝင္ရီတေရာ အခ်ိန္မွစ ညမထြက္ရ အမိန႔္ကို ထုတ္ျပန္ထားေၾကာင္း ၎က ဆိုပါတယ္။

ယူဂန္ဒါမွာ အီဘိုလာ ဆူဒန္ ေရာဂါပိုးကို ေတြ႕ရွိခဲ့ၿပီး ယခုအခ်ိန္အထိ လူေပါင္း ၅၈ ဦး ကူးစက္ခံထားရၿပီျဖစ္ကာ ျပန္လည္ေကာင္းမြန္လာသူ ၂ဝ ဦးသာ ရွိေၾကာင္း၊ ေရာဂါျဖစ္ပြားမႈကို ျဖည္းျဖည္းခ်င္း ထိန္းခ်ဳပ္ႏိုင္ေပမယ့္လည္း အေျခအေနဟာ ႏုနယ္ဆဲျဖစ္ေၾကာင္း၊ ႏိုင္ငံရဲ႕အားနည္းေသာ က်န္းမာေရးစနစ္နဲ႔ ေရာဂါနဲ႔ပတ္သက္တဲ့ သတင္း မွားမ်ား ျဖန႔္ေဝမႈဟာ စိန္ေခၚမႈတစ္ခုအျဖစ္ ရွိေနဆဲျဖစ္ေၾကာင္း မူဆယ္ဗန္နီ က ေျပာၾကားပါတယ္။

အီဘိုလာအတြက္ ကုသေဆးမရွိေပမယ့္လည္း ေရာဂါျဖစ္ပြားမႈကို ေစာစီးစြာ ေဖာ္ထုတ္ျခင္းနဲ႔ ေရာဂါလကၡဏာမ်ားကို ကုသျခင္းဟာ အသက္ဆုံးရႈံးႏိုင္ျခင္းကို ေလ်ာ့နည္းေစတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.