"လွန်ခဲ့တဲ့ နှစ်ပေါင်း (၃ဝ)က အေးခဲထားတဲ့ သန္ဓေသားလောင်းတွေကို ကိုယ်ဝန်ဆောင်ပြီး အမြွှာကလေးရသွားတဲ့ ဇနီးမောင်နှံ" (ထူးခြားသုတဆောင်းပါး)

 918

ဝတီ (NP News) - နိုဝင်ဘာ ၂၈

အမေရိကန်ပြည်ထောင်စုမှာနေတဲ့ ဖိလစ်ရစ်ဂျ်ဝေး (Philip Ridgeway) နဲ့ ရေချယ်လ်ရစ်ဂျ်ဝေး (Rachel Ridgeway) ဟာ ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်မှာ လီဒီယာ (Lydia) နဲ့ တင်မသီရစ်ဂျ်ဝေး (Timothy Ridgeway) လို့ခေါ်တဲ့
အမြွှာ ရင်သွေးလေး ရသွားပါတယ်။

အမြွှာကလေးရတာ မဆန်းပေမယ့် ဆန်းတာကတော့ အဲဒီအမြွှာလေးနှစ်ယောက်ဟာ သန္ဓေသားလောင်းဘဝနဲ့ နှစ်ပေါင်း ၃ဝ နီးပါးအေးခဲခံထားခဲ့ရတယ်ဆိုတဲ့ အချက်ပါပဲ။ သူတို့လို ခေတ်မီဖွံ့ဖြိုးလှတဲ့ သူဋ္ဌေးနိုင်ငံကြီးတွေမှာတော့ အေးခဲ သန္ဓေသားလောင်းဘဝကလာတဲ့ ကလေးတွေ စပြီးများလာနေပြီဆိုပေမယ့် အဲဒီလို ကလေးတွေထဲမှာ ဒီအမြွှာလေးနှစ်ယောက်လောက်အချိန်အကြာကြီး အေးခဲခံခဲ့ရဖူးသူရယ်လို့ မရှိသေးဘူးလို့ ယူဆရပါတယ်။သူတို့က နှစ်ပေါင်း ၃ဝ နီးပါးကို အေးခဲ ခံထားခဲ့ရတာမို့လို့ပါ။

သူတို့ဟာ ၁၉၉၂ ခုနှစ်၊ ဧပြီလထဲမှာ သန္ဓေသားလောင်းဘဝ စရောက်ခဲ့ပြီး ကျွမ်း ကျင်ပညာရှင်တွေက အဲဒီကတည်းကစလို့ သူတို့လေးတွေကို အေးခဲထားလိုက်ကြတာ ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်ကျမှပဲ သူတို့နှစ်ယောက် လူ့လောကထဲ ခြေချခွင့်ရသွားကြတာပါ။ သူတို့လေးနှစ်ယောက်ဟာ သန္ဓေသားလောင်းဘဝနဲ့
နိုက်ထရိုဂျင်အရည်ဖန်ပြွန်လေးထဲမှာ၊ အပူချိန် အနှုတ် ၂ဝဝ နီးပါးမှာ အေးခဲခံခဲ့ရတာဖြစ်ပါတယ်။

"ပြောရမယ်ဆိုရင်တော့ ဒီကိစ္စက အရမ်းအံ့သြဖို့ကောင်းတယ်ဗျ။ ဒီကလေးလေးနှစ်ယောက်စပြီး သန္ဓေတည်ချိန်တုန်းကဆို ကျွန်တော့် အသက်က ၅ နှစ်ပဲ ရှိသေးတာ။ ပြီးတော့ သူတို့က နှစ်ပေါင်း ၃ဝ နီးပါး အေးခဲခံထားလိုက်ရတော့တာကို"လို့ အဖေဖြစ်သူ ဖိလစ်ရစ်ဂျ်ဝေး (Philip Ridgeway)က ဆိုပါတယ်။

အမည်မသိ ဇနီးမောင်နှံတစ်တွဲက ဖန်ပြွန်သန္ဓေသားနည်းနဲ့ကလေး ယူချင်တယ်ဆိုလို့ ဆရာဝန်က အဲဒီဇနီးမောင်နှံထဲက ခင်ပွန်းဖြစ်သူရဲ့ သုတ်ပိုးကို အသက် ၃၄ နှစ်အရွယ် မမျိုးဥအလှူရှင်အမျိုးသမီးတစ်ယောက်ရဲ့ မမျိုးဥနဲ့ ပေါင်းစပ်ပေးခဲ့တာပါ။
ဒီလိုမျိုး ဖန်ပြွန်သန္ဓေသားနည်းနဲ့ ကလေး ယူတဲ့အခါ သန္ဓေသားလောင်းက ကိုယ် လိုချင်တာထက် ပိုနေလေ့ရှိပါသတဲ့။ ဒါကြောင့် ပိုနေတဲ့သန္ဓေသားလောင်းကို မိဘတွေက သုတေသန လုပ်ငန်းအတွက်ဖြစ်ဖြစ်၊ ကလေးလိုချင်တဲ့ တခြားဇနီးမောင်နှံအတွက် ဖြစ်ဖြစ်ဆိုပြီး လှူခဲ့လို့ရပါတယ်။ ဒါကြောင့် လီဒီယာ (Lydia) နဲ့ တင်မသီရစ်ဂျ်ဝေး (Timothy Ridgeway) ဟာ ၁၉၉၂ ခုနှစ်မှာအေးခဲခံထားခဲ့ရတာပါ။ သူတို့အေးခဲခံထားရတာ အရမ်းကြာနေပြီဆိုတော့ ဖိလစ်ရစ်ဂျ်ဝေး (Philip Ridgeway) နဲ့ ရေချယ်လ်ရစ်ဂျ်ဝေး (Rachel Ridgeway)က ဒီနည်းနဲ့ ကလေးယူမယ်လုပ်တဲ့အခါ အကြာဆုံးသန္ဓေသားလောင်းကို ဦးစားပေး ရွေးလိုက်တာဖြစ်ပါတယ်။ သူတပါးရဲ့ သုတ်ပိုးနဲ့ မမျိုးဥ ပေါင်းစပ်ပြီးလို့ ဖြစ်တည်လာတဲ့ အေးခဲသန္ဓေသားလောင်းကို ကျွမ်းကျင်ပညာရှင်ကအရည်ပျော်သွားအောင် လုပ်ပေးပြီး ကလေးလိုချင်တဲ့ အမျိုးသမီးထဲ ထည့်ပေးရတာပါ။ သူတပါးရဲ့ သုတ်ပိုးနဲ့ မမျိုးဥ ပေါင်းစပ်ရာက ဖြစ်တည်လာတဲ့သန္ဓေသားလောင်းတွေဆိုတော့ ဒီအမြွှာလေးတွေဟာ ဖိလစ်ရစ်ဂျ်ဝေး
(Philip Ridgeway) နဲ့ ရေချယ်လ်ရစ်ဂျ်ဝေး (Rachel Ridgeway) ဆိုတဲ့လက်ရှိမိဘတွေနဲ့ ဘာသွေးသားမှ မတော်စပ်ဘူးပေါ့။ ရေချယ်လ်ရစ်ဂျ်ဝေးက သူတို့ကို ဝမ်းနဲ့လွယ်ပြီး မွေးလိုက်တာပဲ ရှိတာပါ။ တကယ်တမ်းတော့ ဒါဟာ သူတပါးရဲ့ ကလေးကို ကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးစားလိုက်တဲ့သဘောပါပဲ။ သွေးသားအရသာ မတော်စပ်ပေမယ့် ဖိလစ်ရစ်ဂျ်ဝေး (Philip Ridgeway) နဲ့ ရေချယ်လ်ရစ်ဂျ်ဝေး (Rachel Ridgeway) ကဒီကလေးလေးနှစ်ယောက်ကို တုန်နေအောင် ချစ်ပါတယ်။ သူတို့မှာ ကလေးတွေ ရှိပြီးသားဆိုပေမယ့် ကလေး ထပ်လိုချင်လို့ဆိုပြီး ဒီနည်းနဲ့ ကလေး ထပ်ယူလိုက်တာပါတဲ့။ ဒီလိုအေးခဲထားတဲ့ သန္ဓေသားလောင်းတွေ အများကြီးရှိပြီး
ဘယ်သန္ဓေသားလောင်းရဲ့ မိဘရင်းချာကဖြင့် ဘာလူမျိုး၊ အရပ်ဘယ်လောက်၊ ကိုယ်အလေးချိန် ဘယ်လောက်၊ ကျန်းမာရေးက ဘယ်လို၊ ပညာရေးအဆင့်အတန်းက ဘယ်လောက်၊ အလုပ်အကိုင်ကဘာ၊ ဘာရုပ်ရှင်တွေ၊ ဘာသီချင်းတွေ ကြိုက်တယ် စတဲ့အချက်တွေကို database ထဲမှာ ကြည့်လို့ရပါတယ်။ ဒါမှမဟုတ် အဲဒီမိဘရင်းချာရဲ့ဓာတ်ပုံရှိရင်လည်း ကြည့်လို့ရပါသတဲ့။

ဖိလစ်ရစ်ဂျ်ဝေး (Philip Ridgeway) နဲ့ ရေချယ်လ်ရစ်ဂျ်ဝေး (Rachel Ridgeway) တုန်းကလည်း ဒီသန္ဓေသားလောင်းလေးတွေကို မရွေးလိုက်ခင်တုန်းက အဲဒီအချက် အလက်တွေကြည့်ခွင့်ရခဲ့ပါတယ်။ အဲဒီထဲကမှ ကိုယ် ကြိုက်တဲ့ သန္ဓေသားလောင်းကိုရွေးရတာပါ။

zawgyi version
"လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၃ဝ)က ေအးခဲထားတဲ့ သေႏၶသားေလာင္းေတြကို ကိုယ္ဝန္ေဆာင္ၿပီး အႁမႊာကေလးရသြားတဲ့ ဇနီးေမာင္ႏွံ" (ထူးျခားသုတေဆာင္းပါး)
ဝတီ (NP News) - ႏိုဝင္ဘာ ၂၈

အေမရိကန္ျပည္ေထာင္စုမွာေနတဲ့ ဖိလစ္ရစ္ဂ်္ေဝး (Philip Ridgeway) နဲ႔ ေရခ်ယ္လ္ရစ္ဂ်္ေဝး (Rachel Ridgeway) ဟာ ၂ဝ၂၂ ခုႏွစ္ ေအာက္တိုဘာလ ၃၁ ရက္မွာ လီဒီယာ (Lydia) နဲ႔ တင္မသီရစ္ဂ်္ေဝး (Timothy Ridgeway) လို႔ေခၚတဲ့
အႁမႊာ ရင္ေသြးေလး ရသြားပါတယ္။

အႁမႊာကေလးရတာ မဆန္းေပမယ့္ ဆန္းတာကေတာ့ အဲဒီအႁမႊာေလးႏွစ္ေယာက္ဟာ သေႏၶသားေလာင္းဘဝနဲ႔ ႏွစ္ေပါင္း ၃ဝ နီးပါးေအးခဲခံထားခဲ့ရတယ္ဆိုတဲ့ အခ်က္ပါပဲ။ သူတို႔လို ေခတ္မီဖြံ႕ၿဖိဳးလွတဲ့ သူေ႒းႏိုင္ငံႀကီးေတြမွာေတာ့ ေအးခဲ သေႏၶသားေလာင္းဘဝကလာတဲ့ ကေလးေတြ စၿပီးမ်ားလာေနၿပီဆိုေပမယ့္ အဲဒီလို ကေလးေတြထဲမွာ ဒီအႁမႊာေလးႏွစ္ေယာက္ေလာက္အခ်ိန္အၾကာႀကီး ေအးခဲခံခဲ့ရဖူးသူရယ္လို႔ မရွိေသးဘူးလို႔ ယူဆရပါတယ္။သူတို႔က ႏွစ္ေပါင္း ၃ဝ နီးပါးကို ေအးခဲ ခံထားခဲ့ရတာမို႔လို႔ပါ။

သူတို႔ဟာ ၁၉၉၂ ခုႏွစ္၊ ဧၿပီလထဲမွာ သေႏၶသားေလာင္းဘဝ စေရာက္ခဲ့ၿပီး ကြၽမ္း က်င္ပညာရွင္ေတြက အဲဒီကတည္းကစလို႔ သူတို႔ေလးေတြကို ေအးခဲထားလိုက္ၾကတာ ၂ဝ၂၂ ခုႏွစ္၊ ေအာက္တိုဘာလ ၃၁ ရက္က်မွပဲ သူတို႔ႏွစ္ေယာက္ လူ႔ေလာကထဲ ေျခခ်ခြင့္ရသြားၾကတာပါ။ သူတို႔ေလးႏွစ္ေယာက္ဟာ သေႏၶသားေလာင္းဘဝနဲ႔
ႏိုက္ထ႐ိုဂ်င္အရည္ဖန္ႁပြန္ေလးထဲမွာ၊ အပူခ်ိန္ အႏႈတ္ ၂ဝဝ နီးပါးမွာ ေအးခဲခံခဲ့ရတာျဖစ္ပါတယ္။

"ေျပာရမယ္ဆိုရင္ေတာ့ ဒီကိစၥက အရမ္းအံ့ၾသဖို႔ေကာင္းတယ္ဗ်။ ဒီကေလးေလးႏွစ္ေယာက္စၿပီး သေႏၶတည္ခ်ိန္တုန္းကဆို ကြၽန္ေတာ့္ အသက္က ၅ ႏွစ္ပဲ ရွိေသးတာ။ ၿပီးေတာ့ သူတို႔က ႏွစ္ေပါင္း ၃ဝ နီးပါး ေအးခဲခံထားလိုက္ရေတာ့တာကို"လို႔ အေဖျဖစ္သူ ဖိလစ္ရစ္ဂ်္ေဝး (Philip Ridgeway)က ဆိုပါတယ္။

အမည္မသိ ဇနီးေမာင္ႏွံတစ္တြဲက ဖန္ႁပြန္သေႏၶသားနည္းနဲ႔ကေလး ယူခ်င္တယ္ဆိုလို႔ ဆရာဝန္က အဲဒီဇနီးေမာင္ႏွံထဲက ခင္ပြန္းျဖစ္သူရဲ႕ သုတ္ပိုးကို အသက္ ၃၄ ႏွစ္အ႐ြယ္ မမ်ိဳးဥအလႉရွင္အမ်ိဳးသမီးတစ္ေယာက္ရဲ႕ မမ်ိဳးဥနဲ႔ ေပါင္းစပ္ေပးခဲ့တာပါ။
ဒီလိုမ်ိဳး ဖန္ႁပြန္သေႏၶသားနည္းနဲ႔ ကေလး ယူတဲ့အခါ သေႏၶသားေလာင္းက ကိုယ္ လိုခ်င္တာထက္ ပိုေနေလ့ရွိပါသတဲ့။ ဒါေၾကာင့္ ပိုေနတဲ့သေႏၶသားေလာင္းကို မိဘေတြက သုေတသန လုပ္ငန္းအတြက္ျဖစ္ျဖစ္၊ ကေလးလိုခ်င္တဲ့ တျခားဇနီးေမာင္ႏွံအတြက္ ျဖစ္ျဖစ္ဆိုၿပီး လႉခဲ့လို႔ရပါတယ္။ ဒါေၾကာင့္ လီဒီယာ (Lydia) နဲ႔ တင္မသီရစ္ဂ်္ေဝး (Timothy Ridgeway) ဟာ ၁၉၉၂ ခုႏွစ္မွာေအးခဲခံထားခဲ့ရတာပါ။ သူတို႔ေအးခဲခံထားရတာ အရမ္းၾကာေနၿပီဆိုေတာ့ ဖိလစ္ရစ္ဂ်္ေဝး (Philip Ridgeway) နဲ႔ ေရခ်ယ္လ္ရစ္ဂ်္ေဝး (Rachel Ridgeway)က ဒီနည္းနဲ႔ ကေလးယူမယ္လုပ္တဲ့အခါ အၾကာဆုံးသေႏၶသားေလာင္းကို ဦးစားေပး ေ႐ြးလိုက္တာျဖစ္ပါတယ္။ သူတပါးရဲ႕ သုတ္ပိုးနဲ႔ မမ်ိဳးဥ ေပါင္းစပ္ၿပီးလို႔ ျဖစ္တည္လာတဲ့ ေအးခဲသေႏၶသားေလာင္းကို ကြၽမ္းက်င္ပညာရွင္ကအရည္ေပ်ာ္သြားေအာင္ လုပ္ေပးၿပီး ကေလးလိုခ်င္တဲ့ အမ်ိဳးသမီးထဲ ထည့္ေပးရတာပါ။ သူတပါးရဲ႕ သုတ္ပိုးနဲ႔ မမ်ိဳးဥ ေပါင္းစပ္ရာက ျဖစ္တည္လာတဲ့သေႏၶသားေလာင္းေတြဆိုေတာ့ ဒီအႁမႊာေလးေတြဟာ ဖိလစ္ရစ္ဂ်္ေဝး
(Philip Ridgeway) နဲ႔ ေရခ်ယ္လ္ရစ္ဂ်္ေဝး (Rachel Ridgeway) ဆိုတဲ့လက္ရွိမိဘေတြနဲ႔ ဘာေသြးသားမွ မေတာ္စပ္ဘူးေပါ့။ ေရခ်ယ္လ္ရစ္ဂ်္ေဝးက သူတို႔ကို ဝမ္းနဲ႔လြယ္ၿပီး ေမြးလိုက္တာပဲ ရွိတာပါ။ တကယ္တမ္းေတာ့ ဒါဟာ သူတပါးရဲ႕ ကေလးကို ကိုယ့္ဝမ္းနဲ႔လြယ္ၿပီး ေမြးစားလိုက္တဲ့သေဘာပါပဲ။ ေသြးသားအရသာ မေတာ္စပ္ေပမယ့္ ဖိလစ္ရစ္ဂ်္ေဝး (Philip Ridgeway) နဲ႔ ေရခ်ယ္လ္ရစ္ဂ်္ေဝး (Rachel Ridgeway) ကဒီကေလးေလးႏွစ္ေယာက္ကို တုန္ေနေအာင္ ခ်စ္ပါတယ္။ သူတို႔မွာ ကေလးေတြ ရွိၿပီးသားဆိုေပမယ့္ ကေလး ထပ္လိုခ်င္လို႔ဆိုၿပီး ဒီနည္းနဲ႔ ကေလး ထပ္ယူလိုက္တာပါတဲ့။ ဒီလိုေအးခဲထားတဲ့ သေႏၶသားေလာင္းေတြ အမ်ားႀကီးရွိၿပီး
ဘယ္သေႏၶသားေလာင္းရဲ႕ မိဘရင္းခ်ာကျဖင့္ ဘာလူမ်ိဳး၊ အရပ္ဘယ္ေလာက္၊ ကိုယ္အေလးခ်ိန္ ဘယ္ေလာက္၊ က်န္းမာေရးက ဘယ္လို၊ ပညာေရးအဆင့္အတန္းက ဘယ္ေလာက္၊ အလုပ္အကိုင္ကဘာ၊ ဘာ႐ုပ္ရွင္ေတြ၊ ဘာသီခ်င္းေတြ ႀကိဳက္တယ္ စတဲ့အခ်က္ေတြကို database ထဲမွာ ၾကည့္လို႔ရပါတယ္။ ဒါမွမဟုတ္ အဲဒီမိဘရင္းခ်ာရဲ႕ဓာတ္ပုံရွိရင္လည္း ၾကည့္လို႔ရပါသတဲ့။

ဖိလစ္ရစ္ဂ်္ေဝး (Philip Ridgeway) နဲ႔ ေရခ်ယ္လ္ရစ္ဂ်္ေဝး (Rachel Ridgeway) တုန္းကလည္း ဒီသေႏၶသားေလာင္းေလးေတြကို မေ႐ြးလိုက္ခင္တုန္းက အဲဒီအခ်က္ အလက္ေတြၾကည့္ခြင့္ရခဲ့ပါတယ္။ အဲဒီထဲကမွ ကိုယ္ ႀကိဳက္တဲ့ သေႏၶသားေလာင္းကိုေ႐ြးရတာပါ။

Related news

© 2021. All rights reserved.